စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်

စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်
International-news

စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်

မောင်ယဿ ( အောက်တိုဘာ ၂ )

အမေရိကန်နိုင်ငံ က ဒစ္စလီရှား အဖွဲ့အစည်း ရဲ့ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသန အရ ဒစ္စလီရှား ပြဿနာရှိတဲ့ ကလေးတွေကို သူတို့ ဖတ်တဲ့ ပြဌန်းစာအုပ်မှာ စာလုံကြီး ကွက်လပ်ကျယ်ကျယ်လုပ်ပေးပါက သူတို့ရဲ့ စာဖတ်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။

ဒစ္စလီရှား ဆိုတာက မူလတန်းကလေးတွေမှာ အဖြစ်များပြီး အလယ်တန်းနဲ့ အထက်တန်း ကလေးအချို့ မှာလည်း ရံဖန်ရံခါတွေ့ရတဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

ဒစ္စလီရှားပြဿနာတက်နေတဲ့ ကလေးက စာအုပ်ထဲက စာတွေကို ပုံမှန်ကလေးတွေလို သွက်သွက်လက်လက် မရွတ်ဖတ်နိုင်တာပါပဲ။

သူတို့ ဦးနှောက်ထဲမှာ အက္ခရာတွေ တွေကို စာလုံးပေါင်းအဖြစ်ပေါင်း ပြီး ပါးစပ်က ရွတ်ဆိုတဲ့ နေရာမှာ ကြန့်ကြာ နေတာပါ။ အဲ့ဒါကြောင့် သူတို့က စာဖတ်နှေးနေတာပါ။

လေ့ကျင့်ယူလို့ရတဲ့ အခက်အခဲတစ်ခုဖြစ်ပေမဲ့ ကလေးတွေက ပုံနှိပ်စာအုပ်လို့စာတွေ အများကြီး ပြွတ်သိပ်နေတဲ့ စာမျက်နှာမျိုး ကိုတွေ့တာနဲ့ သူတို့ ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ အတွက်ကြောင့် စာလုံးတစ်လုံးနဲ့ တစ်လုံးကြား ကွက်လပ် (spacing ) ကျယ်ကျယ်ထားလိုက်ပါက သူတို့ရဲ့ ဦးနှောက် က အဲ့ကြားကွက်လပ်နဲ့ လိုက်ပြီး သွားတဲ့အတွက် ဟာမိုနီဖြစ်ကာ စာဖတ်စွမ်းရည် တိုးတက်လာ ပါတယ်။

နောက်ပိုင်းမှာ အဲ့ဒိ ကွက်လပ်ကို တဖြည်းဖြည်းကျဉ်းအောင်လုပ်ပေးကာ ပုံမှန်ကလေးတွေလို အနေအထားရအောင် လုပ်ယူလို့ ရပါတယ်။

အမေရိကန်က မူလတန်းကျောင်းတွေမှာ ဒစ္စလီရှား ဖြစ်နေတဲ့ ကလေး ၁၅% ကနေ ၂၀ % အထိရှိပါတယ်။ စာဖတ၊် စာလုံးပေါင်း၊ စာရေး ပုံမှန်မဟုတ်တဲ့ ကလေးတွေ က ဒစ္စလီရှား ပြဿနာတက်နေတာပါ။ စာလုံးကြား ကွက်လပ်နဲ့ ပုံပြ သင်ကြားမှုတွေ က သူတို့ ကို ခပ်မြန်မြန်လေး တိုးတက်စေပါတယ်။

ဒေါက်တာ ဒန်နယ်လာမွန်တယ်လို ကတော့ ဒစ္စလီရှား ကလေးတွေက အမြင်အာရုံပိုင်း ဆိုင်ရာမှာ ပြဿနာရှိနေလို့ အဲ့လိုတွေ နှေးနေရတာပါလို့ သူမရဲ့ သုတေသန အရ ဆိုပါတယ်။

“ ကျမလေ့လာမိသလောက် ကတော့ အဲ့ဒ်ကလေးတွေက အမြင်အာရုံ မောက်မှားမှုကြောင့် ဖြစ်နေရတာပါ ။ အမြင်အာရုံကြောတွေ ကစဉ့်ကလျားဖြစ်နေတတ်ပါတယ်” လို့ ဆိုပါတယ်။

REF: UPI,Photo;Credit  beeke

Zawgyi


မောင်ယဿ ( အောက်တိုဘာ ၂ )










REF: UPI
Photo; beeke

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …