စပိုက်ဒါမင်း ပဲသီး ရောင်းစားနေရပြီ
- By : Phoe Linn
- Category : International-news
- Tags: international news

စပိုက်ဒါမင်း ပဲသီး ရောင်းစားနေရပြီ
ကိုဗစ်ကာလအတွင်း ဖြစ်လို့ အားလုံးသော သူတွေက စီပွားရေး လုပ်ငန်းတွေကို ပုံစံအမျိုးမျိုးနဲ့ ထွင်ပြီး လုပ်စား နေရပါတယ်။ စားဝတ်နေရေး က အရေးကြီးလို့ လူတွေ စိတ်ဝင်စားအောင် လုပ်နေရပါတယ်။ မလေးရှားက လူတစ်ယောက်ကတော့ သူ့ရဲ့ လုပ်ငန်းတွေကို အများပြည်သူစိတ်ဝင်စားအောင်လို့ စပိုက်ဒါမင်း ဝတ်စုံ ဝတ်ပြီး ပဲသီးတွေကို ရောင်းနေပါတယ်။
ပီရက်က ကန်းပေါင်စလင်းမှာ အသက်၂၂ အရွယ် သာမယ်လင်ဂန်က သူ့ရဲ့ ပဲသီးတွေကို ရောင်းဖို့ ဈေးကွက် မဟာဗျူဟာ ခင်းဖို့ရာ စပိုက်ဒါမင်း ဝတ်စုံကို ချုပ်ပြီး ပဲသီးအရောင်း ထွက်ပါတယ်။ သူက မကြောက်ကြပါနဲ့ စပိုက်ဒါမင်းဆိုတာ ပြည်သူတွေကို ကူညီတဲ့သူပါ။
ခင်ဗျားတို့ကို ကူညီဖို့အတွက် ကျနော် ပဲသီးတွေ ယူလာပြီ။ လာပြီး ဝယ်ကြပါလို့ အော်ဟစ်ပြီး ရောင်းချနေပါတယ်။ သူက တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ။ အခုဆိုရင် သူ့ရဲ့ပဲသီးတွေကို ဝယ်ဖို့ အတွက် ပြည်သူတွေက တန်းစီပြီး စောင့်ဆိုင်း နေရတဲ့အထိ အရောင်းအဝယ် ကောင်းခဲ့ပါတယ်။
မလေးရှားမှာက လက်ရှိမှာ RMCO လို့ ခေါ်တဲ့ နာလံထ အသွားအလာ ထိန်းချုပ်မှု ကာလဖြစ်လို့ စီးပွာရေး လုပ်ငန်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီရင် ခွင့်ပြုချက် ပေးထားပါတယ်။
၃လကျော် အရောင်းအဝယ် မလိုက်တော့တဲ့ အဖိုးဖြစ်သူရဲ့ ပဲသီး ရောင်းဝယ်ရေး လုပ်ငန်းကို မြေးဖြစ်သူက အရောင်မြင့်တင်ရေး ပုံစံနဲ့ စပိုက်ဒါမင်း ဝတ်စုံနဲ့ လိုက်လံ ရောင်းချနေတာပါ။ သူကတော့ “မာဘယ် ဟီးရိုးတွေထဲမှာ စပိုက်ဒါမင်းက လူချစ်လူခင် ပိုများတယ်ဗျ။
စူပါဟီးရိုးတွေ ထဲမှာ ဘယ်သူနဲ့ ဈေးရောင်းရင် ကောင်းမလဲလို့ တွေးတဲ့အခါမှာ ကျနော်ကိုယ်တိုင် သဘောကျတဲ့ စပိုက်ဒါမင်း ပုံစံကို လုပ်လိုက် တာပါပဲ။” လို့ သူက ဆိုတယ်။
အခုတော့ သူ ရွေးချယ်တဲ့ စူပါဟီးရိုးက သူ့အတွက် ဈေးရောင်း ဈေးဝယ် ကောင်းခဲ့ပါတယ်။ ဒါ့အပြင် သူက သူ့ရဲ့ပဲသီးတွေကို အွန်လိုင်းပေါ် တင်ပြီးတော့ စပိုက်ဒါမင်း ပဲသီးဆိုပြီး ရောင်းခဲ့ပါသေးတယ်။
ပဲသီး အမှာစာတွေလည်း ရလို့ လူငှားနဲ့ လိုက်ပို့ နေရပါတယ်။ သူ့အတွက် အင်စတာဂရမ်မှာ မှတ်ချက် ပေးတဲ့သူတွေက အားပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့လည်း သူက ဆိုတယ်။ ကိုဗစ်ကာလဖြစ်လို့ အွန်လိုင်းက စီးပွားရေး သင်ခန်းစာတွေကို သူက လေ့လာနေပါတယ်။
မောင်ယဿ, REF: WORLD OF BUZZ, PHOTO; INSTARGRAM
Zawgyi
စပိုက္ဒါမင္း ပဲသီး ေရာင္းစားေနရၿပီ
ကိုဗစ္ကာလအတြင္း ျဖစ္လို႔ အားလုံးေသာ သူေတြက စီပြားေရး လုပ္ငန္းေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ထြင္ၿပီး လုပ္စား ေနရပါတယ္။ စားဝတ္ေနေရး က အေရးႀကီးလို႔ လူေတြ စိတ္ဝင္စားေအာင္ လုပ္ေနရပါတယ္။ မေလးရွားက လူတစ္ေယာက္ကေတာ့ သူ႔ရဲ႕ လုပ္ငန္းေတြကို အမ်ားျပည္သူစိတ္ဝင္စားေအာင္လို႔ စပိုက္ဒါမင္း ဝတ္စုံ ဝတ္ၿပီး ပဲသီးေတြကို ေရာင္းေနပါတယ္။
ပီရက္က ကန္းေပါင္စလင္းမွာ အသက္၂၂ အ႐ြယ္ သာမယ္လင္ဂန္က သူ႔ရဲ႕ ပဲသီးေတြကို ေရာင္းဖို႔ ေဈးကြက္ မဟာဗ်ဴဟာ ခင္းဖို႔ရာ စပိုက္ဒါမင္း ဝတ္စုံကို ခ်ဳပ္ၿပီး ပဲသီးအေရာင္း ထြက္ပါတယ္။ သူက မေၾကာက္ၾကပါနဲ႔ စပိုက္ဒါမင္းဆိုတာ ျပည္သူေတြကို ကူညီတဲ့သူပါ။
ခင္ဗ်ားတို႔ကို ကူညီဖို႔အတြက္ က်ေနာ္ ပဲသီးေတြ ယူလာၿပီ။ လာၿပီး ဝယ္ၾကပါလို႔ ေအာ္ဟစ္ၿပီး ေရာင္းခ်ေနပါတယ္။ သူက တကၠသိုလ္ေက်ာင္းသား တစ္ေယာက္ပါ။ အခုဆိုရင္ သူ႔ရဲ႕ပဲသီးေတြကို ဝယ္ဖို႔ အတြက္ ျပည္သူေတြက တန္းစီၿပီး ေစာင့္ဆိုင္း ေနရတဲ့အထိ အေရာင္းအဝယ္ ေကာင္းခဲ့ပါတယ္။
မေလးရွားမွာက လက္ရွိမွာ RMCO လို႔ ေခၚတဲ့ နာလံထ အသြားအလာ ထိန္းခ်ဳပ္မႈ ကာလျဖစ္လို႔ စီးပြာေရး လုပ္ငန္းေတြကို က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြနဲ႔ ကိုက္ညီရင္ ခြင့္ျပဳခ်က္ ေပးထားပါတယ္။
၃လေက်ာ္ အေရာင္းအဝယ္ မလိုက္ေတာ့တဲ့ အဖိုးျဖစ္သူရဲ႕ ပဲသီး ေရာင္းဝယ္ေရး လုပ္ငန္းကို ေျမးျဖစ္သူက အေရာင္ျမင့္တင္ေရး ပုံစံနဲ႔ စပိုက္ဒါမင္း ဝတ္စုံနဲ႔ လိုက္လံ ေရာင္းခ်ေနတာပါ။ သူကေတာ့ “မာဘယ္ ဟီး႐ိုးေတြထဲမွာ စပိုက္ဒါမင္းက လူခ်စ္လူခင္ ပိုမ်ားတယ္ဗ်။
စူပါဟီး႐ိုးေတြ ထဲမွာ ဘယ္သူနဲ႔ ေဈးေရာင္းရင္ ေကာင္းမလဲလို႔ ေတြးတဲ့အခါမွာ က်ေနာ္ကိုယ္တိုင္ သေဘာက်တဲ့ စပိုက္ဒါမင္း ပုံစံကို လုပ္လိုက္ တာပါပဲ။” လို႔ သူက ဆိုတယ္။
အခုေတာ့ သူ ေ႐ြးခ်ယ္တဲ့ စူပါဟီး႐ိုးက သူ႔အတြက္ ေဈးေရာင္း ေဈးဝယ္ ေကာင္းခဲ့ပါတယ္။ ဒါ့အျပင္ သူက သူ႔ရဲ႕ပဲသီးေတြကို အြန္လိုင္းေပၚ တင္ၿပီးေတာ့ စပိုက္ဒါမင္း ပဲသီးဆိုၿပီး ေရာင္းခဲ့ပါေသးတယ္။
ပဲသီး အမွာစာေတြလည္း ရလို႔ လူငွားနဲ႔ လိုက္ပို႔ ေနရပါတယ္။ သူ႔အတြက္ အင္စတာဂရမ္မွာ မွတ္ခ်က္ ေပးတဲ့သူေတြက အားေပးတဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရပါတယ္လို႔လည္း သူက ဆိုတယ္။ ကိုဗစ္ကာလျဖစ္လို႔ အြန္လိုင္းက စီးပြားေရး သင္ခန္းစာေတြကို သူက ေလ့လာေနပါတယ္။
ေမာင္ယႆ, REF: WORLD OF BUZZ, PHOTO; INSTARGRAM
No Comments