Entertainment
Unicode
စပိန်မှာ ရီးရဲလ် ဘာကာ ကြီးစိုးနေတာကို ရပ်တန့်လိုက်တာပါ လို့ဆို
စပိန်လာလီဂါ ဘီဘာအို အသင်းက တိုက်စစ်မှူး အဒူရာဇစ်ကစပိန် ဘောလုံးလောကကို ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ပဲ ကြီးစိုးနေတာတွေက ညီးငွေ့ဖို့ကောင်းနေပြီ ရပ်တန့်ဖို့ အချိန်တန်ပြီလို့ ဆိုတယ်။ သူက အဲ့ဒိစကားကို ပြီးခဲ့တဲ့အပတ် စပိန် ဘုရင့်ဖလားမှာ ဘာစီလိုနာ အသင်းကို ၁-ဝ ဂိုး နဲ့ နိုင်ပြီးနောက်မှာ ပြော လိုက် တာ ပါ။ ။
အဲ့ဒိပွဲမှာ ဘာကာနောက်တန်းလူ ဆာဂျီယို ဘက်စ်ကတ်က ကိုယ်ဂိုးကိုယ်သွင်းမိလို့ ဘာကာအသင်းက ပြိုင်ပွဲက ထွက်ခွာပေးလိုက်ရပါတယ်။ သူက လာလီဂါ အမှတ်ပေးပြိုင်ပွဲတွေနဲ့ စပိန်ဘုရင့်ဖလားလို အဓိကပြိုင်ပွဲတွေမှာ ရီးရဲလ်နဲ့ ဘာကာတို့ကြီးစိုးနေတာကို ရပ်တန့်နေချင်တာပါ။ အဲ့ဒိနေ့ တစ်ရက်ထဲမှာပဲ ရီးရဲလ် အသင်းက ဆိုစီဒက်အသင်းကို ၄-၃ ဂိုးနဲ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်က နေထွက်သွားခဲ့ရပါတယ်။ စပိန်မဟာ အသင်းကြီး ၂သင်းလုံး ပြိုင်ပွဲတစ်ခုထဲကနေ ထွက်ခွာခဲ့ရတာက ၆၅နှစ်အတွင်း ပထမဆုံးအကြိမ်ပါပဲ။ ဆီမီးဖိုင်နယ်မှာ ဘီဘာအိုက ဂရန်နာဒါနဲ့ တွေ့ရမှာဖြစ်ပြီး ဆိုစီဒက်က မီ ရန် ဒက်စ် နဲ့ တွေ့ ရ မှာ ပါ။ ။
အဒူရာဇစ်(၃၉နှစ်)က ဘီဘာအိုအသင်းက သက်တော်ရှည်တိုက်စစ်မှူး တစ်ယောက်ပါ။ ခေါင်းတိုက်ကောင်းပြီး တစ်ချက်ထိ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဘီဘာအိုအသင်းအတွက် ဂိုးပေါင်း ၁၅၀ကျော် သွင်းယူပေးထားပါတယ်။ ၂၀၁၅ တုန်းက ဘာစီလိုနာအသင်းရဲ့ စပိန်ဘုရင့်ဖလား ၄နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ကို ဖြုတ်ချခဲ့တုန်းက သူပါပါတယ်။ “အခုတော့ စပိန်ပြိုင်ပွဲတွေက နည်းနည်းလှုတ်လာပါပြီ။ ကျနော်တို့က အင်္ဂလန်ပရီမီးယားလိဂ်ပွဲ တွေ ကို ကြည့် ရ မယ်။ ။
ဟိုမှာက ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ အသင်းတစ်သင်း နှစ်သင်းတည်း ကြီးစိုးထားတယ် ဆိုတာမရှိဘူး။ ပြိုင်ပွဲက ရာသီအစကနေ့ တဖြည်းဖြည်းချင်းခက်ခဲလာတာပါ။ ဒီလို အနေအထားမျိုးမှာ ဆိုရင်ဘောလုံးအသင်းတွေက အိပ်မက်တွေ မက်လို့ ရနေတာပေါ့။ နောက်ပြီးတော့ ဗီဒီယို နည်းပညာနဲ့ ပြိုင်ပွဲကို အဆုံးအဖြတ်ပေးတဲ့ စ နစ် ကို လည်း ကြိုက် တယ်။ ။
ကစားသမားတွေရဲ့ ပရိယာယ်ကို ဒိုင်းလူကြီးတွေ လိုက်မမီတဲ့အခါမှာ နည်းပညာကိုသုံးပြီး ဖြေရှင်းတာက အကောင်းဆုံပါပဲ။ ကစားပွဲတွေမှာတိုးတက်မှု ရှိလာသလို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုပိုလာမှာပါ”လို့ စကိုင်းစပေါ့ရုပ်သံ အင် တာ ဗျူး မှာ ဖြေ ခဲ့ ပါ တယ်။ ။
မောင်ယဿ REF: goal.com photo;daily express
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …