စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
- By : Phoe Linn
- Category : International-news
- Tags: animal, international news

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။
သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် မျိုးရိုးဗီဇ ပိုင်းဆိုင်ရာမှာ သက်ရှိ အမတွေက မျိုးဆက်ပြန့်ပွားဖို့အတွက် တစ်ကောင်တည်း စွမ်းဆောင်နိုင်သလား ဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာခဲ့ပါတယ်။
ရုံစောင့်က “ ကျနော်တကယ် အံ့အားသင့်ရပါတယ်။ အရိုးသားဆုံး ပြောတာပါဗျာ။ ကျနော့်တစ်သက်မှာ ဒီလောက် အံ့အားသင့်စရာ ကောင်းတာကို မမြင်ဖူးပါဘူး။ သူမရဲ့ နောက်ဆုံးဥ ထွက်လာတဲ့ အချိန်မှာ မျိုးရိုးဗီဇပိုင်ဆိုင်ရာ လှို့ဝှက်ချက် တစ်ခုလေလားလို့ အောက်မေ့ မိပါတယ်။ အခုအဲ့ဒိ ဥတွေကို ဗီဇပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို လုပ်နေပါတယ်။ မျိုးအောင်တယ်ဆိုရင်တော့ ဗီဇသိပ္ပံ ပိုင်းဆိုင်ရာမှာ ထူးကဲမှု တစ်ခု ဖြစ်လာတော့မှာပါ” လို့ ဆိုတယ်။
အဲံဒိစပါးကြီးမြွေမကို နာမည် မပေးခဲ့ကြပေမဲ့ သူမရဲ့ နံပါတ်က ၃၆၁၀၀၃ ဖြစ်ပြီး သူမက အနည်းဆုံး ၆၂ နှစ် လောက် အသက်ရှည်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။ အာဖရိက အနောက်ပိုင်း မျိုးရင်းဖြစ်တဲ့ အဲ့ဒိစပါးကြီး မြွေမျိုးတွေက လိင်မဲ့ မျိုးပွားနိုင်စွမ်း ရှိတယ်လို့ အရင်သိပ္ပံပညာရှင်တွေက ဆိုခဲ့ပေမဲ့ လက်တွေ သရုပ်ပြနိုင်မှု မရှိခဲ့ပါဘူး။
အခုတော့ ဇီဝဗေဒသဘောအရ ဘုံမြင့်အကောင်တွေမှာ လိင်မဲ့ မျိုးပွားနိုင်စွမ်း ရှိတာကို သက်သေ ပြနိုင်ခဲ့ပါပြီ။
မောင်ယဿ, REF: CNN, Photo: CNN
Zawgyi
စပါးႀကီးေႁမြေတြလည္း ေလဥ ဥေလသလား
စိန႔္လူးဝစ္ တိရစာၦန္ ႐ုံက အသက္ ၅၀ အ႐ြယ္ စပါးႀကီး ေႁမြမတစ္ေကာင္က ေႁမြ အထီးနဲ႔ အထိအေတြ႕ မရွိဘဲ ဥ ၇ လုံး ဥ ခဲ့လို႔ တိရစာၦန္႐ုံ အႀကီးအကဲက အံ့အားေတြ သင့္ခဲ့ရပါတယ္။ သူမက အဲံဒိတိရစာၦန္႐ုံ မွာ ရွိေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။ တိရစာၦန္႐ုံရဲ႕ သက္တမ္းအရင့္ဆုံး အေကာင္တစ္ေကာင္ ဆိုရင္လည္း မမွားပါဘူး။
သူမေနာက္ဆုံး ဥဥခဲ့တာက လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က ပါ။ အဲ့ဒိေနာက္မွာေတာ့ သူမကို တစ္ေကာင္တည္း သီးျခား ထားခဲ့တာပါ။ အထီးေတြနဲ႔ အဆက္အဆံမရွိ ဘဲ ဥဥတဲ့အတြက္ မ်ိဳး႐ိုးဗီဇ ပိုင္းဆိုင္ရာမွာ သက္ရွိ အမေတြက မ်ိဳးဆက္ျပန႔္ပြားဖို႔အတြက္ တစ္ေကာင္တည္း စြမ္းေဆာင္ႏိုင္သလား ဆိုတဲ့ ေမးခြန္း ေမးစရာ ျဖစ္လာခဲ့ပါတယ္။
႐ုံေစာင့္က “ က်ေနာ္တကယ္ အံ့အားသင့္ရပါတယ္။ အ႐ိုးသားဆုံး ေျပာတာပါဗ်ာ။ က်ေနာ့္တစ္သက္မွာ ဒီေလာက္ အံ့အားသင့္စရာ ေကာင္းတာကို မျမင္ဖူးပါဘူး။ သူမရဲ႕ ေနာက္ဆုံးဥ ထြက္လာတဲ့ အခ်ိန္မွာ မ်ိဳး႐ိုးဗီဇပိုင္ဆိုင္ရာ လႈိ႕ဝွက္ခ်က္ တစ္ခုေလလားလို႔ ေအာက္ေမ့ မိပါတယ္။ အခုအဲ့ဒိ ဥေတြကို ဗီဇပိုင္းဆိုင္ရာ စစ္ေဆးမႈေတြကို လုပ္ေနပါတယ္။ မ်ိဳးေအာင္တယ္ဆိုရင္ေတာ့ ဗီဇသိပၸံ ပိုင္းဆိုင္ရာမွာ ထူးကဲမႈ တစ္ခု ျဖစ္လာေတာ့မွာပါ” လို႔ ဆိုတယ္။
အဲံဒိစပါးႀကီးေႁမြမကို နာမည္ မေပးခဲ့ၾကေပမဲ့ သူမရဲ႕ နံပါတ္က ၃၆၁၀၀၃ ျဖစ္ၿပီး သူမက အနည္းဆုံး ၆၂ ႏွစ္ ေလာက္ အသက္ရွည္ႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက သုံးသပ္ထားပါတယ္။ အာဖရိက အေနာက္ပိုင္း မ်ိဳးရင္းျဖစ္တဲ့ အဲ့ဒိစပါးႀကီး ေႁမြမ်ိဳးေတြက လိင္မဲ့ မ်ိဳးပြားႏိုင္စြမ္း ရွိတယ္လို႔ အရင္သိပၸံပညာရွင္ေတြက ဆိုခဲ့ေပမဲ့ လက္ေတြ သ႐ုပ္ျပႏိုင္မႈ မရွိခဲ့ပါဘူး။
အခုေတာ့ ဇီဝေဗဒသေဘာအရ ဘုံျမင့္အေကာင္ေတြမွာ လိင္မဲ့ မ်ိဳးပြားႏိုင္စြမ္း ရွိတာကို သက္ေသ ျပႏိုင္ခဲ့ပါၿပီ။
ေမာင္ယႆ, REF: CNN, Photo: CNN
No Comments