International-news
မောင်ယဿ
Unicode
စတိုးဆိုင်မှာ မဟားဒယား ဝယ်နေတာနဲ့ ပတ်သက်ပြီး လူသား ဆန်ကြပါလို့ ပြောလာတဲ့ မိုင်လီဆိုင်ရပ်
အိမ်မှာ ချစ်သူ ကိုဒီဆင်ပ်ဆန်နဲ့ အိမ် သန့်ရှင်းရေး လုပ်နေတဲ့ မိုင်လီဆိုင်ရပ် က လိုင်းပေါ် ကနေ သူမရဲ့ဖန်တွေကို စတိုးဆိုင် တွေမှာ ကုန်ပစ္စည်း တွေကို မဟားဒယား ဝယ်ယူနေ တာနဲ့ ပတ်သက်ပြီး လူသားဆန် ကြဖို့အတွက် တိုက်တွန်း လိုက်ပါတယ် ။
မိုင်လီဆိုင်ရပ် ( ၂၇နှစ် ) က စတိုးဆိုင် တွေမှာ လက်သန့်ဆေးတွေ စားသောက် ကုန်တွေကို ပြောင်သလင်းခါ နေအောင် ဝယ်ယူ နေတာနဲ့ ပတ်သက်ပြီး သဘော မတွေ့ ဘူးလို့ ဆိုပါတယ် ။ ပြီးတော့ သူမရဲ့ အင်စတာဂရမ်မှာ “ အမျှော်အမြင် ရှိကြပါ ။ အပြန်အလှန် လေးစားမှု ရှိကြ ပါ၊ ကိုယ်ချင်း စာတရားထားကြပါ ။ လူသားတွေ ချည်းပါပဲ ။ လူမှု အကွာအဝေး အတွက်ချိန်ပြီး စဉ်းစားပေး ကြပါ ”လို့ ပုံစာ တွဲပြီး တနင်္ဂနွေနေ့ တင်ထား ပါတယ် ။
စတိုးဆိုင်ထဲမှာ လူတိုင်းစားတဲ့ စွတ်ပြုတ် မရှိပါဘူးလို့ ဆိုပါတယ် ။ ကိုယ်ကြိုက်တာ ကို ပုံမှန်ဝယ်စား နေရင်းက ကြိုက်ကြိုက် မကြိုက်ကြိုက် အကုန် ဝယ်သာဝယ်ထား ဆိုတဲ့ သဘောက လူသားချင်း ငဲ့ညှာခြင်း မရှိသလို ဖြစ်နေ ပါတယ် ။ ကိုယ်က အသည်းအသန် ဝယ်လေ ပစ္စည်းတွေက ဈေးကြီး လာလေပဲ ။ အရေးမကြီးရင် မလိုအပ်ရင် ထားခဲ့ လိုက်ပါ ။ ကိုယ် ထားခဲ့တာအတွက် လိုအပ်တဲ့ သူက လိုအပ် မှာပါ ဆိုပြီး သူမရဲ့ ၁၀၅ သန်းရှိတဲ့ ဖော်လိုဝါ တွေ သိဖို့ ရေးတင်ခဲ့ ပါတယ် ။
သူမက တစ်နေရာက တစ်နေရာကို သွားပြီး အခက်အခဲ ဖြစ်နေတဲ့ မိသားစု တွေကို ရှာဖွေရင်းအားပေး နေပါတယ် ။ ကျမတို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ် တဲ့ကာလပါ ။ ခက်ခဲ ကြမ်းတမ်းတဲ့ကာလအတွင်းမှာ တော်သင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ချဖို့ ခက်ခဲတယ် ဆိုတာ ကိုလည်း နားလည်ပေး လို့ ရပါတယ် ။ ကြောက်ရွံ့မှုတွေ လာနေ တာကို ကြောက်ပြီး စောင့်နေမယ့် အစား တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေပေးကြဖို့ လိုပါတယ် ။ အရေးပေါ် တကယ့် အရေးပေါ် အချိန်ပါပဲ လို့လည်းဆိုတယ် ။
သူမက စတိုးဆိုင် ကနေ ပစ္စည်းတွေ အများကြီး ဝယ်တဲ့ ဗီဒီယိုဖိုင် ကလေးကိုတောင် တင်ထားလိုက်ပါတယ် ။ ပရိသတ်က အဲ့ဒိ ဖိုင်ကလေး ကို ကြည့်ပြီး သဘောကျ နေကြပါတယ် ။
မောင်ယဿ
REF: hollywoodlife / Photo;instragm
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …