စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။

အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း1

၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ အမေရိကန် – တောင်ကိုရီးယားတပ်တွေ ရင်ဆိုင်ခဲ့ပြီး သူတစ်ပြန် ကိုယ်တစ်ပြန် သိမ်းယူခဲ့တဲ့ တောင်ကြားလွင်ပြင်ကို စစ်မဲ့ ကာလအတွင်း လယ်သမားတွေက မြေကျူးပြီး ထွန်ယက် စိုက်ပျိုးနေတာပါ။

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာသူတွေက အဲ့ဒိမြေတွေမှာ အခြေချလာကြပါတယ်။ အုပ်ချုပ်မှုမဲ့ နေလို့ တောင်ကိုရီးယားက ဥပဒေစိုးမိုးရေးအတွက် တရားဝင်ဖြစ်အောင်လုပ်လိုက်တာပါ။ အဲ့ဒိမြေတွေမှာ ထွန်ယက်စိုက်ပျိုးတော့မယ် ဆိုရင် တောင်ကိုရီးယားရဲ့ တရားဝင်ခွင့်ပြုချက်အမိန့်ကို တောင်းခံခိုင်းတာပါ။

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း2

အမှန်တော့ အဲ့ဒိလွင်ပြင်ကို စစ်ပွဲအတွင်းက မြောက်ကိုရီးယားက အရင်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေ ပေါင်းပြီး ပြန်တိုက်ယူ ထားတာပါ။ မြောက်ကိုရီးယားက ထွက်ပြေး လာတဲ့သူတွေက အဲ့ဒီစစ်တလင်း ဖြစ်ခဲ့တဲ့မြေက မြောက်ကိုရီးယားအပိုင်လို့ ယူဆပြီး လာရောက်ထွန်ယက် စိုက်ပျိုးနေကြတာပါ။

မြောက်ကိုရီးယားနဲ့က နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် တောင်ကိုရီးယား အစိုးရရဲ့ အုပ်ချုပ်မှု ကင်းလွတ်တာကို အခွင့်ကောင်းယူပြီး တရားမဝင်ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကား နေတာတွေ ရှိပါတယ်။ ဒါကြောင့် တောင်ကိုရီးယား အစိုးရက အဲ့ဒိမြေတွေကို လယ်သမားတွေ စိုက်ပျိုးဖို့ အကွက်ရိုက် ရောင်းချဖို့အတွက် စီစဉ်လိုက်တာပဲ ဖြစ်ပါတယ်။

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း3

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယား ၂ႏိုင္ငံ နယ္ျခားက စစ္ျဖစ္ခဲ့တဲ့ ေတာင္ကိုရီးယားပိုင္ ေျမေတြကို ဆယ္စုႏွစ္ ေတာ္ေတာ္ၾကာ ဝင္ေရာက္ က်ဴးေက်ာ္ စိုက္ပ်ိဳးေနတဲ့ ေဒသခံလယ္သမားေတြကို ေတာင္ကိုရီးယား အစိုးရက အကြက္႐ိုက္ၿပီး ေရာင္းခ်ေနပါတယ္။

အစိုးရ ေအဂ်င္စီတစ္ခုျဖစ္တဲ့ အက်င့္ပ်က္ ျခစားမႈ တိုက္ဖ်က္ေရးနဲ႔ ျပည္သူ႔အခြင့္အေရး ေကာ္မရွင္က ဂမ္ဝမ္းျပည္နယ္ ယန္ဂူခ႐ိုင္မွာ ရွိတဲ့ ေျမဧက ၂၃၇၀ကို က်ဴးေက်ာ္ ဝင္ေရာက္စိုက္ပ်ိဳးေနတဲ့ ေဒသခံ လယ္သမားေတြကို တရားဝင္ ျဖစ္ေစဖို႔အတြက္ ခုံသမာဓိစီရင္ ဆုံးျဖတ္ခ်က္ဆိုင္ရာ အဆိုျပဳခ်က္ အသစ္တစ္ရပ္ ေရးဆြဲကာ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။

၁၉၅၃ခုႏွစ္ ကိုရီးယားစစ္ကာလအတြင္းက ေျမာက္ကိုရီးယားတပ္ေတြနဲ႔ အေမရိကန္ – ေတာင္ကိုရီးယားတပ္ေတြ ရင္ဆိုင္ခဲ့ၿပီး သူတစ္ျပန္ ကိုယ္တစ္ျပန္ သိမ္းယူခဲ့တဲ့ ေတာင္ၾကားလြင္ျပင္ကို စစ္မဲ့ ကာလအတြင္း လယ္သမားေတြက ေျမက်ဴးၿပီး ထြန္ယက္ စိုက္ပ်ိဳးေနတာပါ။

ေျမာက္ကိုရီးယားကေန ေတာင္ကိုရီးယားကို ထြက္ေျပးလာသူေတြက အဲ့ဒိေျမေတြမွာ အေျခခ်လာၾကပါတယ္။ အုပ္ခ်ဳပ္မႈမဲ့ ေနလို႔ ေတာင္ကိုရီးယားက ဥပေဒစိုးမိုးေရးအတြက္ တရားဝင္ျဖစ္ေအာင္လုပ္လိုက္တာပါ။ အဲ့ဒိေျမေတြမွာ ထြန္ယက္စိုက္ပ်ိဳးေတာ့မယ္ ဆိုရင္ ေတာင္ကိုရီးယားရဲ႕ တရားဝင္ခြင့္ျပဳခ်က္အမိန႔္ကို ေတာင္းခံခိုင္းတာပါ။

အမွန္ေတာ့ အဲ့ဒိလြင္ျပင္ကို စစ္ပြဲအတြင္းက ေျမာက္ကိုရီးယားက အရင္သိမ္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ကုလသမဂၢ တပ္ဖြဲ႕ေတြနဲ႔ ေတာင္ကိုရီးယား တပ္ဖြဲ႕ေတြ ေပါင္းၿပီး ျပန္တိုက္ယူ ထားတာပါ။ ေျမာက္ကိုရီးယားက ထြက္ေျပး လာတဲ့သူေတြက အဲ့ဒီစစ္တလင္း ျဖစ္ခဲ့တဲ့ေျမက ေျမာက္ကိုရီးယားအပိုင္လို႔ ယူဆၿပီး လာေရာက္ထြန္ယက္ စိုက္ပ်ိဳးေနၾကတာပါ။

ေျမာက္ကိုရီးယားနဲ႔က နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့အတြက္ ေတာင္ကိုရီးယား အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ကင္းလြတ္တာကို အခြင့္ေကာင္းယူၿပီး တရားမဝင္ပစၥည္းေတြ ေရာင္းဝယ္ ေဖာက္ကား ေနတာေတြ ရွိပါတယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယား အစိုးရက အဲ့ဒိေျမေတြကို လယ္သမားေတြ စိုက္ပ်ိဳးဖို႔ အကြက္႐ိုက္ ေရာင္းခ်ဖို႔အတြက္ စီစဥ္လိုက္တာပဲ ျဖစ္ပါတယ္။

ေမာင္ယႆ, REF: UPI, Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …