စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ

စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ
International-news

စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ

မောင်ယဿ ( သြဂုတ် ၁၆ )

ဒီကနေ့ ( သြဂုတ်လ ၁၆ ) မနက်စောစောပိုင်း မှာ ကဘူးမြို့က အာဖဂန်သမ္မတ နန်းတော်ရာကို တာလီဘန် တွေ သိမ်းယူပြီးနောက် မှာတော့ စစ်ပွဲ ပြီးသွားပြီလို့ ကြေညာခဲ့ပါတယ်။

အဲ့ဒိအချိန်မှာ ပဲ အမေရိကန် အပါ အဝင် အနောက်အုပ်စု က စီးပွားရေးသမားတွေ သံတမန်တွေနဲ့ အာဖဂန်နိုင်ငံသားထောင်နဲ့ ချီတဲ့ ပြည်သူတွေ က အာဖဂန်ကနေထွက်ခွာဖို့ ကဘူးမြို့ က ဟာမစ်ကာဇိုင်း လေဆိပ်ကို တိုးဝှေ့ ရောက်ရှိနေပါတယ်။

အနောက်အုပ်စုတင်ထားတဲ့ အာဖဂန်သမ္မတ အာရှရက် ဂါနီကတော့ မနေ့က ကဘူးကို တာလီဘန်တွေ နဲ့ အစ္စလမ်မစ်စစ်သွေးကြွတွေ ဝင်လာပြီဆိုကတည်းက နိုင်ငံခြားကို ထွက်ပြေး တိမ်းရှောင်သွားပါပြီ။

ဂါနီကတော့ အာဖဂန်က မထွက်ခင်မှာ သွေးထွက်သံယို ဖြစ်မှုတွေ မလိုလားတဲ့ အတွက်ကြောင့် တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ အဲ့လိုပဲ အာဖဂန်အစိုးရ ကို ထောက်ခံပြီး စီးပွားဖက်ဖြစ်ခဲ့တဲ့ သူတွေ ကလည်း နိုင်ငံရပ်ခြား ကို ထွက်ခွာသွားဖို့ ကြိုး စားနေကြပါတယ်။

“ ဒီကနေ့ကတော့ အာဖဂန်ပြည်သူတွေနဲ့ မူဂျာဟစ်ဒင်တွေအတွက် ကြီးမြတ်တဲ့ နေ့တစ်နေ့ ပါပဲ။ အနှစ်၂၀ ကျော် စတေးခဲ့ရတဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေက နေရတာတဲ့ အသီးအပွင့်တွေ မြင်တွေ့ရ တဲ့နေ့ပါ။

ဘုရားကိုကျေးဇူးတင်တယ် ၊ စစ်ပွဲက ပြီးဆုံးသွားပါပြီ ” လို့ တာလီဘန်နိုင်ငံရေးရုံးက ပြောခွင့်ရ မိုဟာမက် နီအမ်က အယ်ဂျာဇီရာ သတင်ဌာနကနေ ဆိုလိုက်ပါတယ်။

သူက မကြာမီကာလအတွင်းမှာ အာဖဂန် အုပ်ချုပ်ရေး အဖွဲ့ ရဲ့ ပုံစံနဲ့ ဖွဲ့စည်းပုံ အသစ်ကို မြင်တွေ့ရမှာ ဖြစ်ကြောင်း ၊ တာလီဘန်တွေက သီးခြားခွဲထွက်ပြီး နေမှာ မဟုတ်ကြောင်း နဲ့ နိုင်ငံတကာဆက်ဆံရေးကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်သွား မှာဖြစ်ကြောင်း ကိုလည်းပြော ခဲ့ပါတယ်။

“ ကျနော်တို့ ရှာနေတာကို ကျနော်တို့ရ နေပါပြီ ၊ ကျနော်တို့နိုင်ငံရဲ့ လွတ်မြောက်မှု နဲ့ ကျနော်တို့ ပြည်သူ တွေရဲ့ လွတ်လပ်မှုကို ကျနော်တို့ ဒီကနေ့ ရပါပြီ။

ကျနော်တို့ နိုင်ငံကို ဘယ်နိုင်ငံရဲ့ ပစ်မှတ် တစ်ခုအဖြစ် လုပ်ခွင့် ပြုမှာ မဟုတ်မှာ မဟုတ်ပါဘူး ။ ကျနော်တို့ ဘယ်သူကို မှ လည်း အန္တရာယ်ဖြစ်စေမှာ မဟုတ်သလို ကျနော်တို့ ကို လည်း ဘယ်သူ့မှ အန္တရာယ်မဖြစ်အောင် ကာကွယ်မှာပါ” လို့ ဆိုပါတယ်။

အမေရိကားမှာကတော့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်တွေရဲ့ ၉/၁၁ အရေးအခင်းပြီးကတည်း တိုက်လာခဲ့တဲ့ အရှည်ကြာဆုံး စစ်ပွဲ ကို အဆုံးသက်လိုက်ဖို့ အဆုံးအဖြတ်က ပရမ်းပတာတွေရဲ့ ကြီးစိုးမှု ကို ဖြစ်သွားစေတာပါပဲလို့ အတိုက်အခံတွေက အစိုးရကို ပြစ်တင် ပြောဆိုမှုတွေ လုပ်နေပါတယ်။

အမေရိကန် သံတမန်တွေ နဲ့ အာဖဂန်စစ်တပ်ကတော့ အရင်က အမေရိကန်တွေ စစ်သင်တန်းပေးနေတဲ့ အာဖဂန် ရဲ့ ဝါဇီရာ အက္ကဘာခန် ခရိုင်ကိုရွှေ့ပြောင်းပြီး တပ်စွဲ ထားပါတယ်။

ကဘူးလေဆိပ်ရဲ့ လုံခြုံရေးလိုင်းထဲမှာ အမျိုးသမီးတွေ ကလေးတွေနဲ့ အာဖဂန်ပြည်သူအချို့ က နေထိုင်နေပြီး သူတို့ ရွှေ့ပြောင်မယ့် နေရာဆီကို သွားမယ့် ရဟတ်ယာဉ်တွေကို စောင့်ဆိုင်း နေပါတယ်။

REF: channelnews asia,Photo:Credit  reuter

Zawgyi


စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ
စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ

မောင်ယဿ ( သြဂုတ် ၁၆ )








စစ်ပွဲ ပြီးသွားပြီလို့ တာလီဘန်တွေ ကြေညာ1






REF: channelnews asia
Photo: reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …