စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး
International-news

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပညာရေး ထိပ်တန်း အကြံပေးတွေရဲ့ အကြံပြုချက်ကို မလိုက်နာဘဲ လာမယ့် စက်တင်ဘာလ ၁ရက်နေ့မှာ အစ္စရေး တစ်နိုင်ငံလုံးက ကျောင်းတွေကို ပြန်ဖွင့် ရမယ်လို့ သူ့ရဲ့ နိုင်ငံရေးပါတီက အစိုးရအဖွဲ့ဝင် ပညာရေး ဝန်ကြီးကို အမိန့် ပေးလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး1

ပညာရေး အကြံပေးတွေက စာသင်ကျောင်းတွေကို ဒီထက် နောက်ကျမှ ဖွင့်စေချင် နေပါတယ်။ အစ္စရေး ကော်ရိုနာဗိုင်းရက် တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်အနေနဲ့ ကျန်းမာရေး ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ဆိုင်း စေချင်နေပါတယ်။

နေတန်ယာဟုကတော့ သူ့ရဲ့ လီကွတ်ပါတီ ထောက်ခံသူများနဲ့ တွေ့ဆုံပွဲ ပြီးနောက်မှာ တနင်္လာနေ့ ကတည်းက ကျန်းမာရေး ဝန်ကြီးရဲ့ သဘောထားကို မတောင်ခံတော့ဘဲ တစ်ဖက်သက် ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး2

“စာသင်နှစ်ကို ပြန်စပါ။ ပြီးတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ဘာတွေ ဘယ်လို လုပ်မယ်ဆိုတဲ့ အစီအစဉ် မူကြမ်းကို ရေးပြီး အစီရင်ခံပါ”လို့ နေတန်ယာဟုက ဆိုပါတယ်။

ပညာရေး ထိပ်တန်း အာဏါပိုင်တွေကတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုရင် ဒေသခံ အာဏါပိုင်တွေနဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို တွဲပြီး လုပ်ဆောင်နိုင်မှ ရမယ်လို့ သုံးသပ်ကြပါတယ်။

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး3

ဒေသခံ အုပ်ချုပ်ရေးအာဏါပိုင်တွေက ကျောင်းသားရေရာကိစ္စမှာ အားသွန်ခွန်စိုက် လုပ်နိုင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကို ရနိုင်မယ်လို့လည်း ဆိုတယ်။ သူတို့ဆိုတာက ပညာရေး ဝန်ထမ်းတွေ သက်သက်နဲ့ ကျောင်းတွေကို ပြန်ဖွင့်လို့ မရဘူးလို့ ဆိုချင်တာပါ။

ပညာရေးဝန်ကြီးကတော့ “ကျောင်းတွေ ပြန်ဖွင့်တယ် ဆိုတာက အစ္စရေးရဲ့ စီးပွားရေးကို တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ နားလည် ထားရမှာပါ။ အခုလုပ်မယ့် အစီအစဉ်ကို ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်ဘူး ဆိုရင်တော့ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှု ၁၀၀% က အဟောသိကံ ဖြစ်သွားမှာပါ။

စက်တင်ဘာ ၁ရက်မှာ ကျောင်းတွေ ပြန်ဖွင့်ပါလို့ ပညာရေး ဝန်ကြီးကို ဝန်ကြီးချုပ် အမိန့်ပေး4

အစ္စရေး နဲ့ အနောက်ဖက်ကမ်းဒေသ တစ်ခုလုံး ပေါင်းရင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်နေတဲ့ ၈၄၀၀၀ ကျော် ရှိနေတယ်။ ဒေသခံ အာဏါပိုင်တွေဆီက စာရင်း အတိအကျ ရမယ်ဆိုရင် အနည်ဆုံး တိုင်းပြည် ၃ပုံ ၂ပုံ လောက်ကို ကျောင်းတွေ ပြန်ဖွင့် နိုင်ပါတယ်။

ရောဂါကူးစက်မှု ဆိုးနေတဲ့ ဒေသတွေက လွဲပြီး ကျန်ဒေသက ကျောင်းတွေကို အရင် ပြန်ဖွင့်မယ်။ နောက်ပြီးမှ ရောဂါ ထိန်းချုပ်နိုင်တဲ့ အနေအထားကို လိုက်ပြီး အကာအကွယ် အစီအစဉ်တွေနဲ့ လိုက်ဖွင့်ရင် စာသင်နှစ်ကို စက်တင်ဘာလမှ စလို့ ရပါပြီ”လို့ ဆိုတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi

စက္တင္ဘာ ၁ရက္မွာ ေက်ာင္းေတြ ျပန္ဖြင့္ပါလို႔ ပညာေရး ဝန္ႀကီးကို ဝန္ႀကီးခ်ဳပ္ အမိန႔္ေပး

အစၥေရးႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ယာဟုက ပညာေရး ထိပ္တန္း အႀကံေပးေတြရဲ႕ အႀကံျပဳခ်က္ကို မလိုက္နာဘဲ လာမယ့္ စက္တင္ဘာလ ၁ရက္ေန႔မွာ အစၥေရး တစ္ႏိုင္ငံလုံးက ေက်ာင္းေတြကို ျပန္ဖြင့္ ရမယ္လို႔ သူ႔ရဲ႕ ႏိုင္ငံေရးပါတီက အစိုးရအဖြဲ႕ဝင္ ပညာေရး ဝန္ႀကီးကို အမိန႔္ ေပးလိုက္တယ္လို႔ သိရပါတယ္။

ပညာေရး အႀကံေပးေတြက စာသင္ေက်ာင္းေတြကို ဒီထက္ ေနာက္က်မွ ဖြင့္ေစခ်င္ ေနပါတယ္။ အစၥေရး ေကာ္႐ိုနာဗိုင္းရက္ တိုက္ဖ်က္ေရး ေကာ္မရွင္က ဝန္ႀကီးခ်ဳပ္အေနနဲ႔ က်န္းမာေရး ဝန္ႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ေစာင့္ဆိုင္း ေစခ်င္ေနပါတယ္။

ေနတန္ယာဟုကေတာ့ သူ႔ရဲ႕ လီကြတ္ပါတီ ေထာက္ခံသူမ်ားနဲ႔ ေတြ႕ဆုံပြဲ ၿပီးေနာက္မွာ တနလၤာေန႔ ကတည္းက က်န္းမာေရး ဝန္ႀကီးရဲ႕ သေဘာထားကို မေတာင္ခံေတာ့ဘဲ တစ္ဖက္သက္ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့ပါတယ္။

“စာသင္ႏွစ္ကို ျပန္စပါ။ ၿပီးေတာ့ ပညာေရးဝန္ႀကီးဌာန အေနနဲ႔ ဘာေတြ ဘယ္လို လုပ္မယ္ဆိုတဲ့ အစီအစဥ္ မူၾကမ္းကို ေရးၿပီး အစီရင္ခံပါ”လို႔ ေနတန္ယာဟုက ဆိုပါတယ္။

ပညာေရး ထိပ္တန္း အာဏါပိုင္ေတြကေတာ့ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ဆိုရင္ ေဒသခံ အာဏါပိုင္ေတြနဲ႔ ေက်ာင္းသားေတြရဲ႕ လိုအပ္ခ်က္ကို တြဲၿပီး လုပ္ေဆာင္ႏိုင္မွ ရမယ္လို႔ သုံးသပ္ၾကပါတယ္။

ေဒသခံ အုပ္ခ်ဳပ္ေရးအာဏါပိုင္ေတြက ေက်ာင္းသားေရရာကိစၥမွာ အားသြန္ခြန္စိုက္ လုပ္ႏိုင္မွ အဆင္ေျပတယ္ဆိုတဲ့ အဆင့္ကို ရႏိုင္မယ္လို႔လည္း ဆိုတယ္။ သူတို႔ဆိုတာက ပညာေရး ဝန္ထမ္းေတြ သက္သက္နဲ႔ ေက်ာင္းေတြကို ျပန္ဖြင့္လို႔ မရဘူးလို႔ ဆိုခ်င္တာပါ။

ပညာေရးဝန္ႀကီးကေတာ့ “ေက်ာင္းေတြ ျပန္ဖြင့္တယ္ ဆိုတာက အစၥေရးရဲ႕ စီးပြားေရးကို တည္ၿငိမ္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ နားလည္ ထားရမွာပါ။ အခုလုပ္မယ့္ အစီအစဥ္ကို ၿပီးျပည့္စုံေအာင္ မလုပ္ေပးႏိုင္ဘူး ဆိုရင္ေတာ့ က်ေနာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈ ၁၀၀% က အေဟာသိကံ ျဖစ္သြားမွာပါ။

အစၥေရး နဲ႔ အေနာက္ဖက္ကမ္းေဒသ တစ္ခုလုံး ေပါင္းရင္ ကိုဗစ္- ၁၉ ေရာဂါ ျဖစ္ေနတဲ့ ၈၄၀၀၀ ေက်ာ္ ရွိေနတယ္။ ေဒသခံ အာဏါပိုင္ေတြဆီက စာရင္း အတိအက် ရမယ္ဆိုရင္ အနည္ဆုံး တိုင္းျပည္ ၃ပုံ ၂ပုံ ေလာက္ကို ေက်ာင္းေတြ ျပန္ဖြင့္ ႏိုင္ပါတယ္။

ေရာဂါကူးစက္မႈ ဆိုးေနတဲ့ ေဒသေတြက လြဲၿပီး က်န္ေဒသက ေက်ာင္းေတြကို အရင္ ျပန္ဖြင့္မယ္။ ေနာက္ၿပီးမွ ေရာဂါ ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားကို လိုက္ၿပီး အကာအကြယ္ အစီအစဥ္ေတြနဲ႔ လိုက္ဖြင့္ရင္ စာသင္ႏွစ္ကို စက္တင္ဘာလမွ စလို႔ ရပါၿပီ”လို႔ ဆိုတယ္။

ေမာင္ယႆ, REF: UPI, Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …