
ငွက္ေပ်ာသီး စားပါ
ငွက္ေပ်ာသီးဟာ အ႐ြယ္မေ႐ြး စားသုံးရန္ သင့္ေတာ္ေသာ သီးႏွံတစ္မ်ိဳး ျဖစ္ပါတယ္။ ငွက္ေပ်ာသီး တစ္လုံးမွာ ပါဝင္တဲ့ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူး မ်ားေစမဲ့ ဓာတ္မ်ားစြာ ပါဝင္ေနပါတယ္။
ကယ္လိုရီ ၁၀၀၊ ပိုတက္စီယမ္ ၄၀၀ မီလီဂရမ္၊ ဖိုင္ဘာ (အမွ်င္ဓာတ္) ၃ ဂရမ္ ေလာက္ပါဝင္ပါတယ္။ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ စြမ္းအားမ်ားကို ၾထည့္စြမ္းေပး႐ုံမက ေသြးတြင္း လိုအပ္သည့္ ထိန္းညႇိမူွမ်ားကို ေပးစြမ္းႏိုင္ပါသည္။
ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ျမင့္မားလွစြာေသာ ပိုတက္စီယမ္ေၾကာင့္ ေသြးတိုးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ငွက္ေပ်ာသီးမွာ ဗီတာမင္ဘီ 6 ပါဝင္တာေၾကာင့္ ေသြးထဲရွိ သၾကား (ဂလူးကို႔စ္) ပမာဏကို ထိန္းညႇိ ေပးႏိုင္ပါတယ္။ သၾကားဓာတ္ အတက္အက် နည္းေစပါတယ္။
ငွက္ေပ်ာသီးမွာ သဘာဝအေလ်ာက္ ပါဝင္တဲ့ သၾကားဓာတ္ဟာ ကိုယ္တြင္း သၾကားဓာတ္ကို တာရွည္ ထိန္းသိမ္း ေပးႏိုင္စြမ္း ရွိပါသည္။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ ပိုတက္စီယမ္ဓာတ္ေၾကာင့္ လူ႔ခႏၶာကိုယ္ကို လူွပ္ရွားႏိုင္မူွ စြမ္းရည္ ျမင့္မားေစၿပီး သြက္လက္ ဖ်တ္လတ္မူွကို ရရွိေစပါတယ္။
ကေလးငယ္မ်ား အတြက္ကေတာ့ သြားေပါက္ခါစ ကေလးငယ္မ်ားအတြက္ နာက်င္ေစမူွကို သက္သာေစပါတယ္။ အခြံခြာၿပီး ေအးခဲထားတဲ့ ငွက္ေပ်ာသီးကို သြားေပါက္ခါစမွာ သြားဖုံးမ်ားနာက်င္ေနသည့္ ကေလးငယ္အား ေကြၽးေပးပါ။
ကေလးငယ္ဟာ ငွက္ေပ်ာသီးကို ဝါးရင္းမွ ေအးခဲမူွ အရည္ေပ်ာ္က်သြားကာ သြားဖုံး
နာက်င္ျခင္းကို သက္သာ ေပ်ာက္ကင္း ေစႏိုင္ပါတယ္။ စိတ္ဖိစီးျခင္း စိတ္ေသာကမ်ားျခင္း၊
စိတ္ပူပန္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ား ျဖစ္ျခင္းတို႔ကိုလည္း ငွက္ေပ်ာသီး စားသုံးျခင္းေၾကာင့္ သက္သာေစႏိုင္ပါတယ္လို႔ သုေတသနျပဳသူမ်ားက ဆိုထားပါတယ္။
ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ tryptonim နဲ႔ ဗီတာမင္ B6 တို႔က ဦးေႏွာက္တြင္းမွ ဆီ႐ိုတိုနင္ ေဟာ္မုန္းထုတ္လုပ္မူွကို အားျဖည့္ေပးပါတယ္။ ထရစ္တိုဖင္ဟာ စိတ္က်ေရာဂါနဲ႔ စိတ္ပူပင္မူွေတြကို သက္သာေစပါတယ္။
အိပ္ေပ်ာ္ရန္ ခက္ခဲေနတဲ့ အခါေတြမွာလည္း ငွက္ေပ်ာသီးကို စားသုံးေပးပါ။ စိတ္ဖိစီးမူွကို က်ဆင္းေစတဲ့ ထရစ္တိုဖင္ အမိုင္ႏိုအက္စစ္ကပဲ အိပ္ေပ်ာ္ျခင္းကို ကူညီေပးႏိုင္တာ ျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ အိပ္ယာမဝင္မွီ ငွက္ေပ်ာသီးတစ္လုံး စားသုံးျခင္းဟာ သင့္ကို အက်ိဳးထူးမ်ားစြ ာေပးမွာျဖစ္တယ္လို႔ အစားအစာ သုေတသန ပညာရွင္မ်ားက ဆိုထားပါတယ္။ က်န္းမာေရး အက်ိဳးထူးတဲ့ ငွက္ေပ်ာသီးကို သက္သာ လြယ္ကူစြ ာဝယ္ယူစားသုံးျခင္းျဖင့္ မိမိ က်န္းမာေရးကို ျမႇင့္တင္ပါ။
စႏၵီျမင့္မိုရ္#
Unicode
ငှက်ပျောသီး စားပါ
ငှက်ပျောသီးဟာ အရွယ်မရွေး စားသုံးရန် သင့်တော်သော သီးနှံတစ်မျိုး ဖြစ်ပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပါဝင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစေမဲ့ ဓာတ်များစွာ ပါဝင်နေပါတယ်။
ကယ်လိုရီ ၁၀၀၊ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်၊ ဖိုင်ဘာ (အမျှင်ဓာတ်) ၃ ဂရမ် လောက်ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအားများကို ထြည့်စွမ်းပေးရုံမက သွေးတွင်း လိုအပ်သည့် ထိန်းညှိမူှများကို ပေးစွမ်းနိုင်ပါသည်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ မြင့်မားလှစွာသော ပိုတက်စီယမ်ကြောင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်ဘီ 6 ပါဝင်တာကြောင့် သွေးထဲရှိ သကြား (ဂလူးကို့စ်) ပမာဏကို ထိန်းညှိ ပေးနိုင်ပါတယ်။ သကြားဓာတ် အတက်အကျ နည်းစေပါတယ်။
ငှက်ပျောသီးမှာ သဘာဝအလျောက် ပါဝင်တဲ့ သကြားဓာတ်ဟာ ကိုယ်တွင်း သကြားဓာတ်ကို တာရှည် ထိန်းသိမ်း ပေးနိုင်စွမ်း ရှိပါသည်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ကြောင့် လူ့ခန္ဓာကိုယ်ကို လူှပ်ရှားနိုင်မူှ စွမ်းရည် မြင့်မားစေပြီး သွက်လက် ဖျတ်လတ်မူှကို ရရှိစေပါတယ်။
ကလေးငယ်များ အတွက်ကတော့ သွားပေါက်ခါစ ကလေးငယ်များအတွက် နာကျင်စေမူှကို သက်သာစေပါတယ်။ အခွံခွာပြီး အေးခဲထားတဲ့ ငှက်ပျောသီးကို သွားပေါက်ခါစမှာ သွားဖုံးများနာကျင်နေသည့် ကလေးငယ်အား ကျွေးပေးပါ။
ကလေးငယ်ဟာ ငှက်ပျောသီးကို ဝါးရင်းမှ အေးခဲမူှ အရည်ပျော်ကျသွားကာ သွားဖုံး
နာကျင်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ စိတ်ဖိစီးခြင်း စိတ်သောကများခြင်း၊
စိတ်ပူပန်ခြင်းနှင့် စိတ်ကျရောဂါများ ဖြစ်ခြင်းတို့ကိုလည်း ငှက်ပျောသီး စားသုံးခြင်းကြောင့် သက်သာစေနိုင်ပါတယ်လို့ သုတေသနပြုသူများက ဆိုထားပါတယ်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptonim နဲ့ ဗီတာမင် B6 တို့က ဦးနှောက်တွင်းမှ ဆီရိုတိုနင် ဟော်မုန်းထုတ်လုပ်မူှကို အားဖြည့်ပေးပါတယ်။ ထရစ်တိုဖင်ဟာ စိတ်ကျရောဂါနဲ့ စိတ်ပူပင်မူှတွေကို သက်သာစေပါတယ်။
အိပ်ပျော်ရန် ခက်ခဲနေတဲ့ အခါတွေမှာလည်း ငှက်ပျောသီးကို စားသုံးပေးပါ။ စိတ်ဖိစီးမူှကို ကျဆင်းစေတဲ့ ထရစ်တိုဖင် အမိုင်နိုအက်စစ်ကပဲ အိပ်ပျော်ခြင်းကို ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အိပ်ယာမဝင်မှီ ငှက်ပျောသီးတစ်လုံး စားသုံးခြင်းဟာ သင့်ကို အကျိုးထူးများစွ ာပေးမှာဖြစ်တယ်လို့ အစားအစာ သုတေသန ပညာရှင်များက ဆိုထားပါတယ်။ ကျန်းမာရေး အကျိုးထူးတဲ့ ငှက်ပျောသီးကို သက်သာ လွယ်ကူစွ ာဝယ်ယူစားသုံးခြင်းဖြင့် မိမိ ကျန်းမာရေးကို မြှင့်တင်ပါ။
စန္ဒီမြင့်မိုရ်#
No Comments