ငွက္ဖ်ား ျဖတ္ေဆးတစ္မ်ိဳးက ကိုဗစ္-၁၉ကို ကုသႏိုင္

ငွက္ဖ်ား ျဖတ္ေဆးတစ္မ်ိဳးက ကိုဗစ္-၁၉ကို ကုသႏိုင္
Health

ငွက္ဖ်ား ျဖတ္ေဆးတစ္မ်ိဳးက ကိုဗစ္-၁၉ကို ကုသႏိုင္

တ႐ုတ္ေဆးဝါးပညာရွင္မ်ားက အခ်ိဳ႕ေသာ ငွက္ဖ်ားျဖတ္ေဆးေတြက ေကာ္႐ိုနာဗိုင္းရက္ကို ကုသဖို႔ရာအတြက္ အက်ိဳးသက္ေရာက္မႈ ရွိတယ္လို႔ အခိုင္အမာေျပာလိုက္ပါတယ္။ တ႐ုတ္ က်န္းမာေရးအာဏါပိုင္ေတြက သူတို႔ရဲ႕ ပညာရွင္ေတြက အႀကိမ္ေရ မ်ားစြာ စမ္းသက္ၿပီးမွ ကလို႐ိုကြင္း ေဖာ့စဖိတ္က ေကာ္႐ိုနာဗိုင္းရက္ ကုသဖို႔အတြက္ထိေရာက္မႈရွိ တယ္လို႔ ဆိုတယ္။

တ႐ုတ္အမ်ိဳးသား ဇီဝနည္းပညာဖြံ႕ၿဖိဳးမႈ ဌာန ေခါင္းေဆာင္ ဆြန္ယန္ေရာင္က “က်ေနာ္တို႔ စမ္းသက္ခ်က္ေတြလုပ္ၿပီးပါၿပီ။ ေဆးက ေကာ္႐ိုနာဗိုင္းရက္ကို ကုသတဲ့ေနရာမွာ ထိေရာက္မႈရွိပါတယ္။ က်ေနာ္တို႔က ပိုၿပီးအဆင့္ျမင့္တဲ့ ေဆးဝါးပုံစံကိုထုတ္လုပ္ဖို႔လုပ္ေနပါတယ္။ ေဆး႐ုံ ေဆးခန္းေတြမွာ သုံးလို႔လြယ္တဲ့ ပုံစံျဖစ္ေအာင္ လုပ္ေနပါတယ္”လို႔ ဆိုတယ္။

ကလို႐ိုကြင္းေဖာ့စဖိတ္ကို သုံးေနတာ ဆယ္စုႏွစ္ ၇ စုေလာက္ေတာင္ၾကာေနပါၿပီ။ ေဆးဝါးက အသစ္မဟုတ္ပါဘူး။ငွက္ဖ်ားျဖတ္ေဆးေတြက ေသာင္းနဲ႔ခ်ီၿပီးရွိပါတယ္။ က်ေနာ္တို႔ထင္ထား တာမဟုတ္တဲ့ ေဆးဝါကို ရႏိုင္ေနၿပီဆိုေတာ့ ကုသမႈကို ေရွ႕တိုးလုပ္ဖို႔ပဲ လိုပါေတာ့တယ္။ ဆြန္ယန္ေရာင္က လက္ရွိမွာေတာ့ ေဘက်င္း ဟူနန္း နဲ႔ ဂြမ္ေဒါင္းက ေဆး႐ုံ၁၀ ႐ုံမွာ စတင္ကုသေနပါၿပီ။

အေျခအေနလည္းေကာင္းတယ္လို႔ဆိုတယ္။ ေဆးေသာက္ၿပီးတဲ့ လူနာေတြက အေျခအေန ေကာင္းလာပါတယ္။ အဲ့ဒီေနာက္မွာ အျခားေရာဂါလကၡဏါေတြကို ဆက္ကုေနပါတယ္။ သူတို႔ရဲ႕ အဆုတ္ေတြကို CT ဓာတ္မွန္နဲ႔ ႐ိုက္ၾကည့္ေတာ့ ကိုေကာင္းလာတာကို ေတြ႕ရပါတယ္။ ကလို႐ိုကြင္းေဖာ့စဖိတ္ တိုက္ေကြၽးထားတဲ့ လူနာအုပ္စုမွာ ဗိုင္းရက္ရဲ႕ ဗီဇမွ်င္ေတြ ေပ်ာက္ကြယ္သြားတာကို ေတြ႕လိုက္ရပါတယ္။

ဒါေပမဲ့ ေဆးက လူနာကို ကုသတဲ့ေနရာမွာ တိုးတက္မႈျမန္ျမန္ဆန္ဆန္ မရွိဘဲ တျဖည္းျဖည္းခ်င္းဘဲ သြားေနတာကို စမ္းသက္မႈအရေတြ႕ရပါတယ္။ လူနာကို ျမန္ျမန္ဆန္ဆန္ တိုးတက္မႈရွိေအာင္ လုပ္ဖို႔အတြက္ စမ္းသက္ခ်က္ေတြ ထပ္လုပ္ရဦးမွာပါ။ ၿပီးေတာ့ ေဆးကို က်ယ္က်ယ္ျပန႔္ျပန႔္ သုံးလို႔ရေအာင္ တီထြင္ရဦးမွာပါ။

ေဘက်င္းက ၅၄ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ေဆးတိုက္ေကြၽးၿပီး ကုသျပတာ ၄ရက္အတြင္းမွာ အဆုတ္ထဲက ဗိုင္းရက္ရဲ႕ ဗီဇကလပ္စည္းေတြ ကုန္ဆုံးသြားခဲ့ပါတယ္။ ေဆးေသာက္ၿပီး တစ္ပတ္အတြင္းမွာ ေတာ္ေတာ္ေကာင္းသြားတာကို ေတြ႕ရတယ္လို႔ သူမကဆိုတယ္။

အဲ့ဒိ အမ်ိဳးသားအေျခအေနေကာင္းသြားလို႔ ေနာက္ထပ္ လူနာ၁၀၀ နဲ႔ ထပ္စမ္းထားပါတယ္။ တိုးတက္မႈေတြ ေတြ႕ရလို႔ က်ေနာ္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြရွိေနပါၿပီ။ ကိုဗစ္-၁၉က ကမာၻကိုၿခိမ္းေျခာက္ႏိုင္တဲ့ ဗိုင္းရက္ တစ္ခုမဟုတ္ေတာ့ပါဘူးလို႔ ေျပာရေတာ့မယ္ထင္ပါတယ္။

ေမာင္ယႆ REF: world of buzz photo; chinanews and phillipine media

Unicode

ငှက်ဖျား ဖြတ်ဆေးတစ်မျိုးက ကိုဗစ်-၁၉ကို ကုသနိုင်

တရုတ်ဆေးဝါးပညာရှင်များက အချို့သော ငှက်ဖျားဖြတ်ဆေးတွေက ကော်ရိုနာဗိုင်းရက်ကို ကုသဖို့ရာအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ အခိုင်အမာပြောလိုက်ပါတယ်။ တရုတ် ကျန်းမာရေးအာဏါပိုင်တွေက သူတို့ရဲ့ ပညာရှင်တွေက အကြိမ်ရေ များစွာ စမ်းသက်ပြီးမှ ကလိုရိုကွင်း ဖော့စဖိတ်က ကော်ရိုနာဗိုင်းရက် ကုသဖို့အတွက်ထိရောက်မှုရှိ တယ်လို့ ဆိုတယ်။

တရုတ်အမျိုးသား ဇီဝနည်းပညာဖွံ့ဖြိုးမှု ဌာန ခေါင်းဆောင် ဆွန်ယန်ရောင်က “ကျနော်တို့ စမ်းသက်ချက်တွေလုပ်ပြီးပါပြီ။ ဆေးက ကော်ရိုနာဗိုင်းရက်ကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ ကျနော်တို့က ပိုပြီးအဆင့်မြင့်တဲ့ ဆေးဝါးပုံစံကိုထုတ်လုပ်ဖို့လုပ်နေပါတယ်။ ဆေးရုံ ဆေးခန်းတွေမှာ သုံးလို့လွယ်တဲ့ ပုံစံဖြစ်အောင် လုပ်နေပါတယ်”လို့ ဆိုတယ်။

ကလိုရိုကွင်းဖော့စဖိတ်ကို သုံးနေတာ ဆယ်စုနှစ် ၇ စုလောက်တောင်ကြာနေပါပြီ။ ဆေးဝါးက အသစ်မဟုတ်ပါဘူး။ငှက်ဖျားဖြတ်ဆေးတွေက သောင်းနဲ့ချီပြီးရှိပါတယ်။ ကျနော်တို့ထင်ထား တာမဟုတ်တဲ့ ဆေးဝါကို ရနိုင်နေပြီဆိုတော့ ကုသမှုကို ရှေ့တိုးလုပ်ဖို့ပဲ လိုပါတော့တယ်။ ဆွန်ယန်ရောင်က လက်ရှိမှာတော့ ဘေကျင်း ဟူနန်း နဲ့ ဂွမ်ဒေါင်းက ဆေးရုံ၁၀ ရုံမှာ စတင်ကုသနေပါပြီ။

အခြေအနေလည်းကောင်းတယ်လို့ဆိုတယ်။ ဆေးသောက်ပြီးတဲ့ လူနာတွေက အခြေအနေ ကောင်းလာပါတယ်။ အဲ့ဒီနောက်မှာ အခြားရောဂါလက္ခဏါတွေကို ဆက်ကုနေပါတယ်။ သူတို့ရဲ့ အဆုတ်တွေကို CT ဓာတ်မှန်နဲ့ ရိုက်ကြည့်တော့ ကိုကောင်းလာတာကို တွေ့ရပါတယ်။ ကလိုရိုကွင်းဖော့စဖိတ် တိုက်ကျွေးထားတဲ့ လူနာအုပ်စုမှာ ဗိုင်းရက်ရဲ့ ဗီဇမျှင်တွေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။

ဒါပေမဲ့ ဆေးက လူနာကို ကုသတဲ့နေရာမှာ တိုးတက်မှုမြန်မြန်ဆန်ဆန် မရှိဘဲ တဖြည်းဖြည်းချင်းဘဲ သွားနေတာကို စမ်းသက်မှုအရတွေ့ရပါတယ်။ လူနာကို မြန်မြန်ဆန်ဆန် တိုးတက်မှုရှိအောင် လုပ်ဖို့အတွက် စမ်းသက်ချက်တွေ ထပ်လုပ်ရဦးမှာပါ။ ပြီးတော့ ဆေးကို ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရအောင် တီထွင်ရဦးမှာပါ။

ဘေကျင်းက ၅၄နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆေးတိုက်ကျွေးပြီး ကုသပြတာ ၄ရက်အတွင်းမှာ အဆုတ်ထဲက ဗိုင်းရက်ရဲ့ ဗီဇကလပ်စည်းတွေ ကုန်ဆုံးသွားခဲ့ပါတယ်။ ဆေးသောက်ပြီး တစ်ပတ်အတွင်းမှာ တော်တော်ကောင်းသွားတာကို တွေ့ရတယ်လို့ သူမကဆိုတယ်။

အဲ့ဒိ အမျိုးသားအခြေအနေကောင်းသွားလို့ နောက်ထပ် လူနာ၁၀၀ နဲ့ ထပ်စမ်းထားပါတယ်။ တိုးတက်မှုတွေ တွေ့ရလို့ ကျနော်တို့အတွက် မျှော်လင့်ချက်တွေရှိနေပါပြီ။ ကိုဗစ်-၁၉က ကမ္ဘာကိုခြိမ်းခြောက်နိုင်တဲ့ ဗိုင်းရက် တစ်ခုမဟုတ်တော့ပါဘူးလို့ ပြောရတော့မယ်ထင်ပါတယ်။

မောင်ယဿ REF: world of buzz photo; chinanews and phillipine media

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်
Health
ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်

ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန် ကိုနာဒ် စတက်ဖင် ဆိုသူက ဂရင်းလန်း ရေခဲပြင်ပေါ်မှာ အနှစ် ၃၀ ကျော်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လေ့လာကာ သုတေသန ပြုနေသူ ဟာ မနေ့က ရေခဲပြင် အက်ကွဲကြောင်းထဲကို ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုနာဒ်က ဂရင်းလန်းကျွန်းက ရေခဲတွေ အရည်ပျော်မှုကို မှတ်တမ်းပြုနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းအရ နှစ်စဉ် ရေခဲတွေ အရည်ပျော်နှုန်းကို မှတ်တမ်း ပြုကာ ပင်လယ်ရေ မြင့်တက်လာမှုနဲ့ ပင်လယ်ကမ်းစပ်နေ လူအဖွဲ့အစည်းတွေ ဘယ်လောက် ထိခိုက် …