
ငယ္႐ြယ္သူမ်ားသတိမူမွ”””
မိန္းမသားမ်ားဆိုတာ ပန္းပြင့္ေလးေတြနဲ႔ သ႑ာန္တူပါတယ္။
ႏုညံတယ္ လွပတယ္ ေမႊးရနံတို႔နဲ႔ စြဲမက္ဖြယ္ရာျဖစ္တဲ့ ပန္းပြင့္ကေလးေတြမွာ အျပစ္အနာဆာမရွိေလ လွေလမို႔ မိန္းကေလးမ်ားသည္လည္း မိမိကိုယ္ကိုယ္မိမိ အျပစ္အနာ ကင္းေအာင္ေနထိုင္ က်င့္ႀကံႏိုင္မယ္ဆိုရင္ လွေသာ ေမႊးေသာ ပန္းေလးတစ္ပြင့္ ျဖစ္လာႏိုင္မွာ မလြဲပါ။
ဆယ္ေက်ာ္သက္တို႔သိဘို႔….
ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာ ခႏၶာကိုယ္ ဖြံၿဖိဳးမူွ အလြန္ပင္ ျမန္လွပါတယ္။
အဲ့သည္လိုဖြံၿဖိဳးမူွအား မ်ားတာေၾကာင့္ ဖြံၿဖိဳးမူွကို ေက်ာ္လြန္ၿပီး အလြန္အမင္း အေရျပား က်ဳံးျခင္း ဆန႔္ျခင္း မ်ားျဖစ္လာၿပီး striae လို႔ေခၚတဲ့ အေၾကာျပတ္ရာေတြ ျဖစ္ေပၚလာ တတ္ပါတယ္။
ကိုယ္လက္လူွပ္ရွား အားကစား အျပင္းအထန္ လုပ္သူေတြ အေလးတုံးမ်ားနဲ႔ ကစားသူေတြ ဟာဆိုရင္ အေၾကာျပတ္ရန္ ရာခိုင္ႏူွန္း ပိုမ်ားပါတယ္ ။ မ်ားေသာအားျဖင့္ အေၾကာျပတ္မူွကို ေတြ႕ရတဲ့ ေနရာေတြကေတာ့ လက္ေမာင္း ၊ ရင္ဘတ္ ၊ ေပါင္ ၊ ဒူးေခါင္း ၊ တင္ပါး စတာေတြမွာပဲ ျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္ အ႐ြယ္ေတြ အတြက္ အေၾကာမျပတ္ေအာင္ ကာကြယ္ဖို႔ကေတာ့…..
၁.. အေရျပားတို႔ကို ေျခာက္ေသြ႕မေနေစပါနဲ႔။ အဆီဓာတ္ ပါဝင္တဲ့ခရင္မ္မ်ိဳးကို လိမ္းေပးျခင္းဟာ အေရျပားမ်ားကို က်ဳံ႕ႏိုင္ ဆန႔္ႏိုင္အား ေကာင္းေစပါတယ္။ အေရျပာကေန ထိုအဆီဓာတ္ကို စုပ္ယူျခင္းေၾကာင့္ အေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ေန႔စဥ္ ညအိပ္ယာ မဝင္မွီလိမ္းပါ။ ေဆာင္းတြင္းကဲ့သို႔ ေျခာက္ေသြ႕တဲ့ ရာသီမ်ိဳးမွာ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ လိမ္းေပးပါ။
၂.. ကိုယ္လက္ လူွပ္ရွားမူွနဲ႔ အားကစား ေလ့က်င့္ခန္းတို႔ လုပ္တဲ့အခါမ်ိဳးမွာ အျပင္းအထန္ မျဖစ္ေစရန္ ဂ႐ုစိုက္ပါ။ သို႔ဆိုလွ်င္ ႂကြက္သားနဲ႔ အ႐ိုးမ်ားကို သန္မာေစၿပီး အေရျပား ကိုက်ဳံ႕ႏိုင္ ဆန႔္ႏိုင္အား ေကာင္းမြန္လာေစပါတယ္။
၃.. ေရမ်ားမ်ား ေသာက္ပါ ခႏၶာကိုယ္တြင္းမွာ ေရဓာတ္ ျပည့္ဝေနရင္ အေၾကာျပတ္ျခင္း ကင္းေဝးႏိုင္မွာျဖစ္ပါတယ္။ ေရကိုတစ္ေန႔လွ်င္ ေျခာက္ဖန္ခြက္မွ ရွစ္ဖန္ခြက္အထိ ေသာက္ေပးပါ။
၄.. က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာမ်ားကို ေရွာင္ပါ။ဗီတာမင္ ေအနဲ႔ စီ မ်ားစြာ ပါဝင္တဲ့လိေမၼာ္သီး ၊ ဂရိတ္ထုသီး ၊ မက္မြန္သီး ၊ မုန္လာဥ ၊ ဟင္းႏုႏြယ္ စတာေတြကို စားသုံးပါ။ ႏြားႏို႔ေသာက္သုံးပါ။ ခႏၶာကိုယ္တြင္းမွာ ကိုလာဂ်င္နဲ႔ အီလက္စတင္ ထုတ္လုပ္မူွကို အားေကာင္းေစရန္ ဤအစားအစာမ်ားက ေကာင္းမြန္ေစတာမို႔ အေၾကာျပတ္ျခင္း ဒုကၡကေန ကင္းေဝးေစႏိုင္မွာပါ။
ဆယ္ေက်ာ္သက္တို႔ လွပက်န္းမာတဲ့ ပန္းလွလွေလးေတြ ျဖစ္ၾကပါေစ….
စႏၵီျမင့္မိုရ္#
Unicode
ငယ်ရွယ်သူများသတိမူမှ”””
မိန်းမသားများဆိုတာ ပန်းပွင့်လေးတွေနဲ့ သဏ္ဍာန်တူပါတယ်။
နုညံတယ် လှပတယ် မွှေးရနံတို့နဲ့ စွဲမက်ဖွယ်ရာဖြစ်တဲ့ ပန်းပွင့်ကလေးတွေမှာ အပြစ်အနာဆာမရှိလေ လှလေမို့ မိန်းကလေးများသည်လည်း မိမိကိုယ်ကိုယ်မိမိ အပြစ်အနာ ကင်းအောင်နေထိုင် ကျင့်ကြံနိုင်မယ်ဆိုရင် လှသော မွှေးသော ပန်းလေးတစ်ပွင့် ဖြစ်လာနိုင်မှာ မလွဲပါ။
ဆယ်ကျော်သက်တို့သိဘို့….
ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ် ဖွံဖြိုးမူှ အလွန်ပင် မြန်လှပါတယ်။
အဲ့သည်လိုဖွံဖြိုးမူှအား များတာကြောင့် ဖွံဖြိုးမူှကို ကျော်လွန်ပြီး အလွန်အမင်း အရေပြား ကျုံးခြင်း ဆန့်ခြင်း များဖြစ်လာပြီး striae လို့ခေါ်တဲ့ အကြောပြတ်ရာတွေ ဖြစ်ပေါ်လာ တတ်ပါတယ်။
ကိုယ်လက်လူှပ်ရှား အားကစား အပြင်းအထန် လုပ်သူတွေ အလေးတုံးများနဲ့ ကစားသူတွေ ဟာဆိုရင် အကြောပြတ်ရန် ရာခိုင်နူှန်း ပိုများပါတယ် ။ များသောအားဖြင့် အကြောပြတ်မူှကို တွေ့ရတဲ့ နေရာတွေကတော့ လက်မောင်း ၊ ရင်ဘတ် ၊ ပေါင် ၊ ဒူးခေါင်း ၊ တင်ပါး စတာတွေမှာပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက် အရွယ်တွေ အတွက် အကြောမပြတ်အောင် ကာကွယ်ဖို့ကတော့…..
၁.. အရေပြားတို့ကို ခြောက်သွေ့မနေစေပါနဲ့။ အဆီဓာတ် ပါဝင်တဲ့ခရင်မ်မျိုးကို လိမ်းပေးခြင်းဟာ အရေပြားများကို ကျုံ့နိုင် ဆန့်နိုင်အား ကောင်းစေပါတယ်။ အရေပြာကနေ ထိုအဆီဓာတ်ကို စုပ်ယူခြင်းကြောင့် အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ နေ့စဉ် ညအိပ်ယာ မဝင်မှီလိမ်းပါ။ ဆောင်းတွင်းကဲ့သို့ ခြောက်သွေ့တဲ့ ရာသီမျိုးမှာ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးပါ။
၂.. ကိုယ်လက် လူှပ်ရှားမူှနဲ့ အားကစား လေ့ကျင့်ခန်းတို့ လုပ်တဲ့အခါမျိုးမှာ အပြင်းအထန် မဖြစ်စေရန် ဂရုစိုက်ပါ။ သို့ဆိုလျှင် ကြွက်သားနဲ့ အရိုးများကို သန်မာစေပြီး အရေပြား ကိုကျုံ့နိုင် ဆန့်နိုင်အား ကောင်းမွန်လာစေပါတယ်။
၃.. ရေများများ သောက်ပါ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် ပြည့်ဝနေရင် အကြောပြတ်ခြင်း ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ရေကိုတစ်နေ့လျှင် ခြောက်ဖန်ခွက်မှ ရှစ်ဖန်ခွက်အထိ သောက်ပေးပါ။
၄.. ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများကို ရှောင်ပါ။ဗီတာမင် အေနဲ့ စီ များစွာ ပါဝင်တဲ့လိမ္မော်သီး ၊ ဂရိတ်ထုသီး ၊ မက်မွန်သီး ၊ မုန်လာဥ ၊ ဟင်းနုနွယ် စတာတွေကို စားသုံးပါ။ နွားနို့သောက်သုံးပါ။ ခန္ဓာကိုယ်တွင်းမှာ ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မူှကို အားကောင်းစေရန် ဤအစားအစာများက ကောင်းမွန်စေတာမို့ အကြောပြတ်ခြင်း ဒုက္ခကနေ ကင်းဝေးစေနိုင်မှာပါ။
ဆယ်ကျော်သက်တို့ လှပကျန်းမာတဲ့ ပန်းလှလှလေးတွေ ဖြစ်ကြပါစေ….
စန္ဒီမြင့်မိုရ်#
No Comments