ဂႏၴဝင္ေဘာလုံးသမားႀကီး စိတ္က်ေရာဂါျဖစ္ေန

ဂႏၴဝင္ေဘာလုံးသမားႀကီး စိတ္က်ေရာဂါျဖစ္ေန
Entertainment

ဂႏၴဝင္ေဘာလုံးသမားႀကီး စိတ္က်ေရာဂါျဖစ္ေန

ဂႏၴဝင္ေဘာလုံးသမားႀကီးပီလီ (၇၉ ႏွစ္) က တင္ပါးဆုံး ခြဲစိတ္ၿပီးေနာက္မွာ နာလန္ ျပန္ထဖို႔ ႐ုန္းကန္ေနရာမွ အမ်ားျပည္သူနဲ႔ အထိအေတြ႕ မ ရွိ ျဖစ္ ေန ပါ တယ္။သူ႔သား အီဒင္ဟိုက ဘရာဇီးသားႀကီး ပီလီက က်န္းမာေရး မေကာင္းလို႔ စိတ္ဓာတ္က်ၿပီး အိမ္ျပင္ထြက္ရမွာကို ရွက္ ေန တယ္ လို႔ ဆို တယ္။ အခုလာမယ့္ ေအာက္တိုဘာလဆိုရင္ ဘရာဇီးတိုက္စစ္မႉးေဟာင္းႀကီးက အသက္ ၈၀ ျပည့္ ပါ ၿပီ။ ။

တင္ပါးဆုံ႐ိုး က်ိဳးၿပီးေနာက္ လမ္းမေလွ်ာက္ႏိုင္လို႔ အေထာက္အကူ ယူေနရတာ ႏွစ္
အ ေတာ္ ၾကာ ပါ ၿပီ။ အမ်ားျပည္သူနဲ႔ ေတြ႕ခ်င္ ရင္ ဝီးခ်ဲကိုပဲ သုံး ေန ရ ပါ တယ္။ သူ႔သားက “အေဖက ေတာ္ေတာ္စိတ္ဓာတ္ က် ေန တယ္။ သူက တင္ပါးဆုံ႐ိုး အစားထိုးထား ပါတယ္။ ဒါေပမဲ့ တိက်တဲ့ ကုသမႈနဲ႔ မွန္ကန္တဲ့ နာလန္ျပန္ထတဲ့ နည္းစနစ္ေတြ မရပါဘူး”လို႔ ဂလုပ္ စပို႔တင္း သတင္းဌာနကို ေျပာပါ တယ္။ ။

“သူ႔ရဲ႕ ျပႆနာက သြားဖို႔ လာဖို႔ပဲ။ မသြားႏိုင္တာနဲ႔ စိတ္ဓာတ္က်ေတာ့တာပဲ။ သူကတစ္ခ်ိန္က က်န္းမာ ႀကံ့ခိုင္တယ္ေလ။ သူက လူေတြကို က်န္းမာႀကံ့ခိုင္ေအာင္ နည္းလမ္းေတြေပး လမ္းေတြ ျပေနခဲ့သူေလ။ အခုေတာ့ သူကိုယ္တိုင္ ဒုကၡိတ ျဖစ္ေနတာ့ သူရွက္ေနတာေပါ့။အခုေတာ့ တိုးတက္မႈ နည္းနည္းရွိပါတယ္။ ဝီးခ်ဲေပၚက ဆင္းၿပီး ခ်ိဳင္းေထာက္နဲ႔ လမ္းေလွ်ာက္ဖို႔ လုပ္ေနပါတယ္။ ။

ခက္တာက သူက ခ်ိဳင္းေထာက္နဲ႔ လမ္းေလွ်ာက္ရမွာကို ရွက္ေနတာပါ” လို႔ဆိုတယ္။ ပီလီ ေနမေကာင္းျဖစ္ေနတာကို ဘရာဇီး႐ုပ္သံ ေတြက ယခင္က ထုတ္လႊင့္မႈ ရွိခဲ့ပါတယ္။ ၁၉၇၇ ခုႏွစ္က သူက ညာဖက္ေက်ာက္ကပ္ တစ္လုံးကို ခြဲစိတ္ၿပီး ေက်ာက္ထုတ္ခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ေမာ္စကို ကမာၻ႔ဖလားကိုလည္း ဝီးခ်ဲနဲ႔ လာေရာက္အားေပးခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့လက သူအေမာေဖာက္ၿပီး လဲက်ခဲ့ဖူးပါတယ္။

ကမာၻဖလား ကို ၃ ႀကိမ္ယူခဲ့တဲ့ အားကစားသမားႀကီး ဇရာရဲ႕ ဖိစီးမႈေၾကာင့္ စိတ္သြားတိုင္း ကိုယ္မပါေတာ့တာကို အားမလို အားမရျဖစ္ကာ စိတ္ ဆင္းရဲေနပါတယ္။

ေမာင္ယႆ Ref:goal.com photo;mirror

Unicode

ဂန္ထဝင်ဘောလုံးသမားကြီး စိတ်ကျရောဂါဖြစ်နေ

ဂန္ထဝင်ဘောလုံးသမားကြီးပီလီ (၇၉ နှစ်) က တင်ပါးဆုံး ခွဲစိတ်ပြီးနောက်မှာ နာလန် ပြန်ထဖို့ ရုန်းကန်နေရာမှ အများပြည်သူနဲ့ အထိအတွေ့ မ ရှိ ဖြစ် နေ ပါ တယ်။သူ့သား အီဒင်ဟိုက ဘရာဇီးသားကြီး ပီလီက ကျန်းမာရေး မကောင်းလို့ စိတ်ဓာတ်ကျပြီး အိမ်ပြင်ထွက်ရမှာကို ရှက် နေ တယ် လို့ ဆို တယ်။ အခုလာမယ့် အောက်တိုဘာလဆိုရင် ဘရာဇီးတိုက်စစ်မှူးဟောင်းကြီးက အသက် ၈၀ ပြည့် ပါ ပြီ။ ။

တင်ပါးဆုံရိုး ကျိုးပြီးနောက် လမ်းမလျှောက်နိုင်လို့ အထောက်အကူ ယူနေရတာ နှစ်
အ တော် ကြာ ပါ ပြီ။ အများပြည်သူနဲ့ တွေ့ချင် ရင် ဝီးချဲကိုပဲ သုံး နေ ရ ပါ တယ်။ သူ့သားက “အဖေက တော်တော်စိတ်ဓာတ် ကျ နေ တယ်။ သူက တင်ပါးဆုံရိုး အစားထိုးထား ပါတယ်။ ဒါပေမဲ့ တိကျတဲ့ ကုသမှုနဲ့ မှန်ကန်တဲ့ နာလန်ပြန်ထတဲ့ နည်းစနစ်တွေ မရပါဘူး”လို့ ဂလုပ် စပို့တင်း သတင်းဌာနကို ပြောပါ တယ်။ ။

“သူ့ရဲ့ ပြဿနာက သွားဖို့ လာဖို့ပဲ။ မသွားနိုင်တာနဲ့ စိတ်ဓာတ်ကျတော့တာပဲ။ သူကတစ်ချိန်က ကျန်းမာ ကြံ့ခိုင်တယ်လေ။ သူက လူတွေကို ကျန်းမာကြံ့ခိုင်အောင် နည်းလမ်းတွေပေး လမ်းတွေ ပြနေခဲ့သူလေ။ အခုတော့ သူကိုယ်တိုင် ဒုက္ခိတ ဖြစ်နေတာ့ သူရှက်နေတာပေါ့။အခုတော့ တိုးတက်မှု နည်းနည်းရှိပါတယ်။ ဝီးချဲပေါ်က ဆင်းပြီး ချိုင်းထောက်နဲ့ လမ်းလျှောက်ဖို့ လုပ်နေပါတယ်။ ။

ခက်တာက သူက ချိုင်းထောက်နဲ့ လမ်းလျှောက်ရမှာကို ရှက်နေတာပါ” လို့ဆိုတယ်။ ပီလီ နေမကောင်းဖြစ်နေတာကို ဘရာဇီးရုပ်သံ တွေက ယခင်က ထုတ်လွှင့်မှု ရှိခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်က သူက ညာဖက်ကျောက်ကပ် တစ်လုံးကို ခွဲစိတ်ပြီး ကျောက်ထုတ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မော်စကို ကမ္ဘာ့ဖလားကိုလည်း ဝီးချဲနဲ့ လာရောက်အားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက သူအမောဖောက်ပြီး လဲကျခဲ့ဖူးပါတယ်။

ကမ္ဘာဖလား ကို ၃ ကြိမ်ယူခဲ့တဲ့ အားကစားသမားကြီး ဇရာရဲ့ ဖိစီးမှုကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့တာကို အားမလို အားမရဖြစ်ကာ စိတ် ဆင်းရဲနေပါတယ်။

မောင်ယဿ Ref:goal.com photo;mirror

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …