
ဂြာဒီယိုလာနဲ႔ မန္စီတီး ဘာဆက္လုပ္မွာလဲ
မန္စီတီးနည္းျပ ဂြာဒီယိုလာ က မန္စီတီးကြင္း အက္သီဟတ္မွာ လာမယ့္တစ္ႏွစ္အတြင္း ဆက္လက္ၿမဲမယ္ မၿမဲမယ္ ဆိုတာက မေသခ်ာေတာ့ဘူးျဖစ္ ေနပါၿပီ။ UEFA က ပရီမီးယားလိဂ္ခ်န္ပီယံ မန္စီတီး ကို ဘ႑ါေရးဆိုင္ရာ တရားမွ်တမႈ ဥပေဒကို ခ်ိဳးေဖာက္ တာရယ္ စုံစမ္းစစ္ေဆးမႈမွာ ပူးေပါင္းပါဝင္မႈ မရွိတဲ့ အတြက္ေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဝင္ခြင့္၂ႏွစ္ပိတ္လိုက္ၿပီး ဒဏ္ေငြ ေပါင္ ၂၅သန္း ႐ိုက္လိုက္ပါတယ္။
အဲ့ဒိဆုံးျဖတ္ခ်က္ေၾကာင့္ ဂြာဒီယိုလာ နဲ႔ မန္စီတီး စတားေတြအတြက္ အနာဂတ္က မေသမခ်ာေတြ ျဖစ္ကုန္ပါၿပီ။ မန္စီတီး UEFA ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ အယူခံဝင္ၿပီး လြတ္လပ္ၿပီး တရားမွ်တတဲ့ ၾကားနာမႈတစ္ခုကို ရွာေဖြလို႔ရမယ္ဆိုၿပီး ယုံၾကည္ခ်က္ရွိေနတုန္းပါပဲ။ မန္စီတီးကေတာ့ UEFA ရဲ႕ အမိန႔္ခ်မွတ္မႈအေပၚ ကို ခ်က္ျခင္းပဲ ကလပ္အသင္းမ်ား ဘ႑ါေရးဆိုင္ရာ ထိန္းခ်ဳပ္မႈ ကိုယ္ထည္ အသင္းရဲ႕ တရားစီရင္မႈက ကလပ္အသင္းမ်ားဆိုင္ရာ ကနဦး အခြင့္အာဏါကို ထိခိုက္ေနတယ္လို႔ တုံ႔ျပန္လိုက္ပါတယ္။ ဥပေဒပိုင္းဆိုင္ရာကိစၥေတြမွာ ကလပ္အေနနဲ႔ လုပ္စရာေတြအမ်ားႀကီး ရွိပါေသးတယ္။ လက္ရွိကေတာ့ လာမယ့္ေႏြရာသီၿပိဳင္ပြဲေတြကို အားစိုက္ဖို႔အတြက္ အသင္းဥကၠဌ နဲ႔ ဂြာဒီယိုလာတို႔ ေတြ႕ဆုံ ေဆြး ေႏြး မႈ ေတြ လုပ္ ေန ပါ ၿပီ ။
လက္ရွိ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈအသစ္ေပၚမွာပဲ ေရွ႕က ေျပးေနတဲ့လီဗာပူးအသင္းကို ဘယ္လိုဖိအားေပး လုပ္ေဆာင္ရမယ္ဆိုတာကိုပဲ အကြက္ခ်ေနၾကပါတယ္။ ဂြာဒီယိုလာ အေနနဲ႔ ဒီႏွစ္ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕သြားႏိုင္ဖြယ္ရာ ရွိတယ္ဆိုတဲ့ ေကာလာဟလ အေပၚ သူ႔အေနနဲ႔ မန္စီတီးနဲ႔အတူ ၁၀၀% ရွိေနမွာပါလို႔ ဆိုတယ္။ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလားမရ ေတာ့ လို႔ မန္စီတီးကိုေျပာင္းလာတဲ့ ဂြာဒီယိုလာက အခုလည္း မန္စီတီးနဲ႔ ခ်န္ပီယံလိဂ္ဖလား အပိတ္ခံလိုက္ရၿပီ ဆိုေတာ့ ကန္ထ႐ိုက္သက္တမ္း ၁၂ လက်န္ေသးတဲ့ သူ႔အတြက္ အေျဖတစ္စုံတရာ ရွာရေတာ့ မွာပါ။
ေနာက္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ရႈံးထြက္မွာလည္း ရန္သူေဟာင္း ရီရဲလ္မက္ဒရစ္နဲ႔ေတြ႕မွာဆိုေတာ့ နည္းျပဂြာဒီယိုလာရဲ႕ ႀကံ့ခိုင္မႈကို ေစာင့္ ၾကည့္ ရ ေတာ့ မွာ ပါ ။
ေမာင္ယႆ REF: goal .com photo : getty image
Unicode
ဂွာဒီယိုလာနဲ့ မန်စီတီး ဘာဆက်လုပ်မှာလဲ
မန်စီတီးနည်းပြ ဂွာဒီယိုလာ က မန်စီတီးကွင်း အက်သီဟတ်မှာ လာမယ့်တစ်နှစ်အတွင်း ဆက်လက်မြဲမယ် မမြဲမယ် ဆိုတာက မသေချာတော့ဘူးဖြစ် နေပါပြီ။ UEFA က ပရီမီးယားလိဂ်ချန်ပီယံ မန်စီတီး ကို ဘဏ္ဍါရေးဆိုင်ရာ တရားမျှတမှု ဥပဒေကို ချိုးဖောက် တာရယ် စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်မှု မရှိတဲ့ အတွက်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်၂နှစ်ပိတ်လိုက်ပြီး ဒဏ်ငွေ ပေါင် ၂၅သန်း ရိုက်လိုက်ပါတယ်။
အဲ့ဒိဆုံးဖြတ်ချက်ကြောင့် ဂွာဒီယိုလာ နဲ့ မန်စီတီး စတားတွေအတွက် အနာဂတ်က မသေမချာတွေ ဖြစ်ကုန်ပါပြီ။ မန်စီတီး UEFA ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ကြားနာမှုတစ်ခုကို ရှာဖွေလို့ရမယ်ဆိုပြီး ယုံကြည်ချက်ရှိနေတုန်းပါပဲ။ မန်စီတီးကတော့ UEFA ရဲ့ အမိန့်ချမှတ်မှုအပေါ် ကို ချက်ခြင်းပဲ ကလပ်အသင်းများ ဘဏ္ဍါရေးဆိုင်ရာ ထိန်းချုပ်မှု ကိုယ်ထည် အသင်းရဲ့ တရားစီရင်မှုက ကလပ်အသင်းများဆိုင်ရာ ကနဦး အခွင့်အာဏါကို ထိခိုက်နေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဥပဒေပိုင်းဆိုင်ရာကိစ္စတွေမှာ ကလပ်အနေနဲ့ လုပ်စရာတွေအများကြီး ရှိပါသေးတယ်။ လက်ရှိကတော့ လာမယ့်နွေရာသီပြိုင်ပွဲတွေကို အားစိုက်ဖို့အတွက် အသင်းဥက္ကဌ နဲ့ ဂွာဒီယိုလာတို့ တွေ့ဆုံ ဆွေး နွေး မှု တွေ လုပ် နေ ပါ ပြီ ။
လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအသစ်ပေါ်မှာပဲ ရှေ့က ပြေးနေတဲ့လီဗာပူးအသင်းကို ဘယ်လိုဖိအားပေး လုပ်ဆောင်ရမယ်ဆိုတာကိုပဲ အကွက်ချနေကြပါတယ်။ ဂွာဒီယိုလာ အနေနဲ့ ဒီနှစ်နွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားနိုင်ဖွယ်ရာ ရှိတယ်ဆိုတဲ့ ကောလာဟလ အပေါ် သူ့အနေနဲ့ မန်စီတီးနဲ့အတူ ၁၀၀% ရှိနေမှာပါလို့ ဆိုတယ်။ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဖလားမရ တော့ လို့ မန်စီတီးကိုပြောင်းလာတဲ့ ဂွာဒီယိုလာက အခုလည်း မန်စီတီးနဲ့ ချန်ပီယံလိဂ်ဖလား အပိတ်ခံလိုက်ရပြီ ဆိုတော့ ကန်ထရိုက်သက်တမ်း ၁၂ လကျန်သေးတဲ့ သူ့အတွက် အဖြေတစ်စုံတရာ ရှာရတော့ မှာပါ။
နောက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်မှာလည်း ရန်သူဟောင်း ရီရဲလ်မက်ဒရစ်နဲ့တွေ့မှာဆိုတော့ နည်းပြဂွာဒီယိုလာရဲ့ ကြံ့ခိုင်မှုကို စောင့် ကြည့် ရ တော့ မှာ ပါ ။
မောင်ယဿ REF: goal .com photo : getty image
No Comments