ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။

၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်1

မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ နိုင်ခဲ့လို့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ကို ပြင်သစ်အသင်း တွေဖြစ်တဲ့ ပဲရစ်စိန့်ဂျာမိန်း ရယ် လိုင်းယွန်းရယ် တက်လာခဲ့ပြီး ဘာစီလိုနာအသင်းကို ၈ ဂိုး ၂ ဂိုး နဲ့ နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို မက်ဒရစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ လစ်ပ်ဇစ် တို့ ဆီမီးဖိုင်နယ် အသင်းကို တက်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတွေကို ဖြုတ်လာတဲ့ ပြင်သစ် အသင်းတွေနဲ့ စပိန် အသင်းတွေကို ဖြုတ်လာတဲ့ ဂျာမန် အသင်းတွေ ဆီမီးဖိုင်နယ်မှာ တွေ့ကြပါပြီ။ သြဂုတ်လ ၁၈ ရက်နေ့မှာတော့ လစ်ပ်ဇစ် နဲ့ ပဲရစ်စိန့်ဂျာမိန်းတို့ ကစားမှာ ဖြစ်ပြီး သြဂုတ် ၁၉ မှာ လိုင်းယွန်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ကစားကြမှာ ဖြစ်ပါတယ်။

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်2

ဆီမီးဖိုင်နယ်ပွဲတွေ ကစားပြီး နောက်မှာတော့ ဒီလ ၂၃ ရက်နေ့မှာ ပေါ်တူဂီက လစ္စဘွန်းမြို့ မှာ ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ လစ်ပ်ဇစ် နဲ့ ပဲရစ်စိန့်ဂျာမိန်းတို့ပွဲမှာ သေချာတာကတော့ နေမာလို့ ပါရမီရှင် ကစားသမားတွေ ပါတဲ့ ပဲရစ်အသင်းက အနိုင်ရဖို့ များပြီး ဘိုင်ယန်နဲ့ လိုင်းယွန်း ပွဲကတော့ အကြိတ်အနယ်ကစား ရမယ့်ပွဲ ဖြစ်ပါတယ်။

လတ်တလော မှာကတော့ ကြွေတက်နေတဲ့ ဘိုင်ယန်အသင်းကို လိုင်းယွန်း အသေအချာ ကစားမှ ရမှာပါ။ ဘိုင်ယန်အသင်း နိုင်ဖို့များတဲ့ အတွက် ဖိုင်နယ်က ပဲရစ်စိန့်ဂျာမိန်းနဲ့ ဘိုင်ယန်တို့ တွေ့ ကြဖို့ များပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တစ်နိုင်ငံတည်း အသင်းတွေ တွေ့ဆုံဖို့က မဖြစ်နိုင် လောက်ဖူးလို့ ခန့်မှန်း ရပါတယ်။

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်3

ခက်တာက မန်စီးတီးကို ကစားသွားတဲ့ လိုင်းယွန်းက နည်းဗျူဟာ ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလို့ ဘိုင်ယန်ရဲ့ ကြွေတက်နေမှု နဲ့ လိုင်းယွန်းရဲ့ နည်းဗျူဟာ သစ်တို့ တွေ့ဆုံမှု ဖြစ်နေတယ်။ ကံသမားနဲ့ ဉာဏ်သမား အားပြိုင်မှုလို့ ဆိုရမှာပါ။ ဘယ်သူ ဝိရိယကောင်းလည်း ကတော့ ပြိုင်ပွဲကစားတော့မှ မြင်ရပါလိမ့်မယ်။

မောင်ယဿ, REF: goal .com, Photo; goal .com

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …