ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်
International-news

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်

ဂျပန် ကုမ္ပဏီတစ်ခုက လူမောင်းလို့ရတဲ့ ကားပျံကို စမ်းသပ် မောင်းနှင် နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က စကိုင်းဒရိုက်အင်ကော်ပိုရိတ်က သူတို့ တီထွင်ထားတဲ့ ကားပျံကို တိုကျိုမှာ ရှိတဲ့ ဂျပန်နိုင်ငံရဲ့ အကြီဆုံး စမ်းသပ် မောင်းနှင်ရေး ကွင်းမှာ အများပြည်သူကို မောင်းပြ ခဲ့ပါတယ်။

အဲ့ဒိကွင်းက စကိုင်းဒရိုက်ရဲ့ ကိုယ်ပိုင်ကွင်းလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းမှာတော့ အဲ့ဒိကားပျံ စမ်းသပ် မောင်းနှင်မှုက ပထမဆုံး ဖြစ်ပါတယ်။ SD-03 လို့ နာမည် ပေးထားတဲ့ အဲ့ဒိ လူမောင်း ကားပျံကို စမ်းသပ်ကွင်းထဲမှာ အတက်အဆင်းနဲ့ စက်ဝိုင်းပတ် မောင်းနှင်မှု ၄မိနစ် ကြာအောင် ပြုလုပ်ခဲ့ပါတယ်။

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်1

စကိုင်းဒရိုက်ရဲ့ စီအီးအို ဖူကူဇာဝါက “ကျနော်တို့ ၂နှစ်ကြာ ကြိုးစား တီထွင်ခဲ့ရတဲ့ လူမောင်း ကားပျံ ကို ဒီကနေ့ စမ်းသပ် မောင်းနှင်ပြနိုင်လို့ စိတ်လှုပ်ရှား ရပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လူမောင်းကားပျံတွေကို စီးပွားရေးအတွက် အသုံပြုနိုင် အောင်လို့ပါပဲ”လို့ ဆိုတယ်။

“ လူတွေရဲ့ ဘဝမှာ ဘေးကင်း လုံခြုံပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ အရာတွေကို ကျနော်တို့ ဖန်းတီး နေတာပါ။ အခုဆိုရင် လေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် ကားပျံတွေကို သုံးပြီး သွားလာမယ် ဆိုရင်တော့ အရမ်းကို လွယ်ကူ သက်သာ လာမှာပါ။ ဒါက နည်းလမ်းသစ် တစ်ခုပါပဲ” လို့ ဆိုပါတယ်။

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်2

SD-03 က ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ ကမ္ဘာ့ အသေးငယ်ဆုံး လူစီး လျှပ်စစ် ယာဉ်ပျံ တစ်ခု ဖြစ်ပါတယ်။ ကားပါကင်မှာ ရပ်တဲ့ ကား၂စင်းစာလောက် နေရာယူပြီး မော်တာ ၈လုံး ပါပါတယ်။ နောက်ပြီး ပျက်ကျနိုင်စရာ မရှိအောင် အပိုပစ္စည်းတွေ ပါတဲ့အပြင် အရေးပေါ် အခြေအနေအတွက် လုံခြုံရေး အစီအစဉ်တွေ ရှိပါတယ်။

စကိုင်းဒရိုက် ကားပျံတွေမှာ ပြည့်စုံတဲ့ နည်းပညာတွေကို အသုံးပြု ထားပြီး နောက်မျိုးဆက်သစ်တွေကိုလည်း စွမ်းအင် အသုံးပြုမှုကို သေချာအောင် လုပ်ထားမယ်လို့ ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြားမှာ သုံးလို့ရအောင် ဒီဇိုင်းတွေကို လည်း ဆက်လက် ရေးဆွဲ နေပါတယ်။

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်3

သာမန်ဘဝမျာ ရိုးရှင်းစွာ သုံးနိုင်အောင်လို့ လုပ်ထားတဲ့အတွက် ကားတစ်စင်း မောင်းရတာလောက်တောင် မခက်ပါဘူးလို့လည်း သူတို့က ဆိုပါတယ်။ နည်းပညာပိုင်း ဆိုင်ရာတွေကို ဆက်လက်အဆင့်မြှင့် ပြီးရင် ဒီနှစ်ကုန်မှာ ပြည်တွင်း သုံးနိုင်အောင် ထုတ်မှာဖြစ်ပြီး ၂၀၂၃ မှာ နိုင်ငံတကာဈေးကွက်ထဲကို ပို့တော့ မယ်လို့ သိရပါတယ်။

မောင်ယဿ, REF: CNN, Photo; CNN

Zawgyi

ဂ်ပန္ လူေမာင္း ကားပ်ံ စမ္းသပ္ ေမာင္းႏွင္

ဂ်ပန္ ကုမၸဏီတစ္ခုက လူေမာင္းလို႔ရတဲ့ ကားပ်ံကို စမ္းသပ္ ေမာင္းႏွင္ ႏိုင္ခဲ့ၿပီလို႔ ေၾကညာခဲ့ပါတယ္။ ၾသဂုတ္လ ၂၅ ရက္ေန႔က စကိုင္းဒ႐ိုက္အင္ေကာ္ပိုရိတ္က သူတို႔ တီထြင္ထားတဲ့ ကားပ်ံကို တိုက်ိဳမွာ ရွိတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ အႀကီဆုံး စမ္းသပ္ ေမာင္းႏွင္ေရး ကြင္းမွာ အမ်ားျပည္သူကို ေမာင္းျပ ခဲ့ပါတယ္။

အဲ့ဒိကြင္းက စကိုင္းဒ႐ိုက္ရဲ႕ ကိုယ္ပိုင္ကြင္းလည္း ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ သမိုင္းမွာေတာ့ အဲ့ဒိကားပ်ံ စမ္းသပ္ ေမာင္းႏွင္မႈက ပထမဆုံး ျဖစ္ပါတယ္။ SD-03 လို႔ နာမည္ ေပးထားတဲ့ အဲ့ဒိ လူေမာင္း ကားပ်ံကို စမ္းသပ္ကြင္းထဲမွာ အတက္အဆင္းနဲ႔ စက္ဝိုင္းပတ္ ေမာင္းႏွင္မႈ ၄မိနစ္ ၾကာေအာင္ ျပဳလုပ္ခဲ့ပါတယ္။

ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင်4

စကိုင္းဒ႐ိုက္ရဲ႕ စီအီးအို ဖူကူဇာဝါက “က်ေနာ္တို႔ ၂ႏွစ္ၾကာ ႀကိဳးစား တီထြင္ခဲ့ရတဲ့ လူေမာင္း ကားပ်ံ ကို ဒီကေန႔ စမ္းသပ္ ေမာင္းႏွင္ျပႏိုင္လို႔ စိတ္လႈပ္ရွား ရပါတယ္။ က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ လူေမာင္းကားပ်ံေတြကို စီးပြားေရးအတြက္ အသုံျပဳႏိုင္ ေအာင္လို႔ပါပဲ”လို႔ ဆိုတယ္။

“ လူေတြရဲ႕ ဘဝမွာ ေဘးကင္း လုံၿခဳံၿပီး သက္ေတာင့္သက္သာ ျဖစ္ေစတဲ့ အရာေတြကို က်ေနာ္တို႔ ဖန္းတီး ေနတာပါ။ အခုဆိုရင္ ေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးအတြက္ ကားပ်ံေတြကို သုံးၿပီး သြားလာမယ္ ဆိုရင္ေတာ့ အရမ္းကို လြယ္ကူ သက္သာ လာမွာပါ။ ဒါက နည္းလမ္းသစ္ တစ္ခုပါပဲ” လို႔ ဆိုပါတယ္။

SD-03 က ေဒါင္လိုက္ အတက္အဆင္း လုပ္ႏိုင္တဲ့ ကမာၻ႔ အေသးငယ္ဆုံး လူစီး လွ်ပ္စစ္ ယာဥ္ပ်ံ တစ္ခု ျဖစ္ပါတယ္။ ကားပါကင္မွာ ရပ္တဲ့ ကား၂စင္းစာေလာက္ ေနရာယူၿပီး ေမာ္တာ ၈လုံး ပါပါတယ္။ ေနာက္ၿပီး ပ်က္က်ႏိုင္စရာ မရွိေအာင္ အပိုပစၥည္းေတြ ပါတဲ့အျပင္ အေရးေပၚ အေျခအေနအတြက္ လုံၿခဳံေရး အစီအစဥ္ေတြ ရွိပါတယ္။

စကိုင္းဒ႐ိုက္ ကားပ်ံေတြမွာ ျပည့္စုံတဲ့ နည္းပညာေတြကို အသုံးျပဳ ထားၿပီး ေနာက္မ်ိဳးဆက္သစ္ေတြကိုလည္း စြမ္းအင္ အသုံးျပဳမႈကို ေသခ်ာေအာင္ လုပ္ထားမယ္လို႔ ဆိုပါတယ္။ သဘာဝေဘးအႏၲရာယ္ေတြ ၾကားမွာ သုံးလို႔ရေအာင္ ဒီဇိုင္းေတြကို လည္း ဆက္လက္ ေရးဆြဲ ေနပါတယ္။

သာမန္ဘဝမ်ာ ႐ိုးရွင္းစြာ သုံးႏိုင္ေအာင္လို႔ လုပ္ထားတဲ့အတြက္ ကားတစ္စင္း ေမာင္းရတာေလာက္ေတာင္ မခက္ပါဘူးလို႔လည္း သူတို႔က ဆိုပါတယ္။ နည္းပညာပိုင္း ဆိုင္ရာေတြကို ဆက္လက္အဆင့္ျမႇင့္ ၿပီးရင္ ဒီႏွစ္ကုန္မွာ ျပည္တြင္း သုံးႏိုင္ေအာင္ ထုတ္မွာျဖစ္ၿပီး ၂၀၂၃ မွာ ႏိုင္ငံတကာေဈးကြက္ထဲကို ပို႔ေတာ့ မယ္လို႔ သိရပါတယ္။

ေမာင္ယႆ, REF: CNN, Photo; CNN

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …