ဂျပန်ဘုရင်ခံနှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး ဝိုင်းဝေဖန်လို့ သူ့ရဲ့နှုတ်ခမ်းမွေးကို ရိတ်လိုက်ရတဲ့ အမေရိကန်သံအမတ်

ဂ်ပန္ဘုရင္ခံႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ဝိုင္းေဝဖန္လို႔ သူ႔ရဲ႕ႏႈတ္ခမ္းေမြးကို ရိတ္လိုက္ရတဲ့ အေမရိကန္သံအမတ္
Article

ဂျပန်ဘုရင်ခံနှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး ဝိုင်းဝေဖန်လို့ သူ့ရဲ့နှုတ်ခမ်းမွေးကို ရိတ်လိုက်ရတဲ့ အမေရိကန်သံအမတ်

တောင်ကိုရီးယားကို နှစ်ပေါင်းများစွာ ကျွန်ပြုပြီး အုပ်ချုပ်သွားတဲ့ ဂျပန် ဘုရင်ခံရဲ့ နှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး နှုတ်ခမ်းမွှေးထားတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ဝိုင်းဝေဖန်လို့ အမေရိကန် သံအမတ်က သူ့ရဲ့ နှုတ်ခမ်းမွှေးကို ရိတ်လိုက်ရပါတယ်။

သူကတော့ မက်စ်နဲ့ နှုတ်ခမ်းမွှေးက သိပ်ပြီး အဆင်မပြေဘူး၊ နှုတ်ခမ်းမွှေးအရှည်ထားပြီး မက်စ်တပ်ထားရတော့ တော်တော်ပူတယ်လို့ သူကပြောပါတယ်။

ဂ်ပန္ဘုရင္ခံႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ဝိုင္းေဝဖန္လို႔ သူ႔ရဲ႕ႏႈတ္ခမ္းေမြးကို ရိတ္လိုက္ရတဲ့ အေမရိကန္သံအမတ္ 1

တောင်ကိုရီးယားမှာက သူတို့ကို ကျွန်ပြု သွားတဲ့ ဂျပန်တွေရဲ့ နှုတ်ခမ်းမွှေးပုံစံမျိုး ထားတယ်ဆိုရင် လူတွေက သိပ်ပြီး အစာမကျေ ကြပါဘူး။ ဒါကြောင့် သံတမန် တစ်ယောက်အနေနဲ့ ဒေသခံတွေရဲ့ အခြေအနေကို လိုက်ပြီး နေထိုင်ရတဲ့ အတွက်ကြောင့် ဟယ်ရီဟာရစ်က နှုတ်ခမ်းမွှေးရိတ်ဖို့အတွက် ဆုံးဖြတ်ချက် ချလိုက်ရပါတယ်။

ရေတပ်ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ဟာရစ်က ၂၀၁၈ မေလမှာ ကိုရီးယားမှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အဆက်အနွယ်တွေက ဂျပန်တွေဖြစ်လို့ အမေရိကန် စစ်တပ်ထဲမှာတုန်းကတော့ နှုတ်ခမ်းမွှေး ထားခွင့် ရှိခဲ့ပါတယ်။ အခုကိုရီယားကို ရောက်လာတော့ သူ့ရဲ့ နှုတ်ခမ်းမွှေးတွေက ဖက်ဆစ်တွေရဲ့ သင်္ကေတ တစ်ရပ်အနေနဲ့ အမြင် ခံလာရပါတယ်။

ဂ်ပန္ဘုရင္ခံႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ဝိုင္းေဝဖန္လို႔ သူ႔ရဲ႕ႏႈတ္ခမ္းေမြးကို ရိတ္လိုက္ရတဲ့ အေမရိကန္သံအမတ္ 2

အစကတော့ သူ့ကို လူသိပ်မသိတော့ အကြောင်းမဟုတ်ဘူးပေါ့။ နောက်ပိုင်းမှာ အမေရိကန်- တောင်ကိုရီးယား ၂နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့် လာတဲ့ အချိန်မှာ သူက အရေးပါလာတဲ့အတွက် လူသိလာပါတယ်။ အဲ့ဒိတော့ ဝေဖန်မှုတွေက မြင့်တက်လာတော့တာပါပဲ ။သူ့ရဲ့ နှုတ်ခမ်းမွှေးက ၂နိုင်ငံဆက်ဆံရေး ထိခိုက်လာနိုင်တဲ့ အထိ ဖြစ်လာပါတယ်။

မနှစ်ကဆိုရင် တောင်ကိုရီးယား သတင်းစာတွေက အမေရိကန်တွေက တောင်ကိုရီးယားကို နာကျင်စေမှုတွေ မျှဝေပေးနေတယ်။ တောင်ကိုရီးယားသားတွေရဲ့ ခံစားချက်ပေါ်မှာ မလေးမစား လုပ်ရာ ကျနေတယ်လို့ ရေးသား ဖော်ပြခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုတော့ သံအမတ်ကြီး ဟယ်ရီဟာရစ်က ဆံသဆိုင်ကို သွားပြီး သူ့ရဲ့ နှုတ်ခမ်းမွှေးတွေကို ၂နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လို့ ရိတ်ပစ်လိုက်ရပါပြီ။

မောင်ယဿ, REF: sky news, Photo: bbc

Zawgyi

ဂ်ပန္ဘုရင္ခံႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ဝိုင္းေဝဖန္လို႔ သူ႔ရဲ႕ႏႈတ္ခမ္းေမြးကို ရိတ္လိုက္ရတဲ့ အေမရိကန္သံအမတ္

ေတာင္ကိုရီးယားကို ႏွစ္ေပါင္းမ်ားစြာ ကြၽန္ျပဳၿပီး အုပ္ခ်ဳပ္သြားတဲ့ ဂ်ပန္ ဘုရင္ခံရဲ႕ ႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ႏႈတ္ခမ္းေမႊးထားတဲ့ ေတာင္ကိုရီးယားႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ကို ဝိုင္းေဝဖန္လို႔ အေမရိကန္ သံအမတ္က သူ႔ရဲ႕ ႏႈတ္ခမ္းေမႊးကို ရိတ္လိုက္ရပါတယ္။

သူကေတာ့ မက္စ္နဲ႔ ႏႈတ္ခမ္းေမႊးက သိပ္ၿပီး အဆင္မေျပဘူး၊ ႏႈတ္ခမ္းေမႊးအရွည္ထားၿပီး မက္စ္တပ္ထားရေတာ့ ေတာ္ေတာ္ပူတယ္လို႔ သူကေျပာပါတယ္။

ဂ်ပန္ဘုရင္ခံႏႈတ္ခမ္းေမြးနဲ႔ တူလို႔ဆိုၿပီး ဝိုင္းေဝဖန္လို႔ သူ႔ရဲ႕ႏႈတ္ခမ္းေမြးကို ရိတ္လိုက္ရတဲ့ အေမရိကန္သံအမတ္ 3

ေတာင္ကိုရီးယားမွာက သူတို႔ကို ကြၽန္ျပဳ သြားတဲ့ ဂ်ပန္ေတြရဲ႕ ႏႈတ္ခမ္းေမႊးပုံစံမ်ိဳး ထားတယ္ဆိုရင္ လူေတြက သိပ္ၿပီး အစာမေက် ၾကပါဘူး။ ဒါေၾကာင့္ သံတမန္ တစ္ေယာက္အေနနဲ႔ ေဒသခံေတြရဲ႕ အေျခအေနကို လိုက္ၿပီး ေနထိုင္ရတဲ့ အတြက္ေၾကာင့္ ဟယ္ရီဟာရစ္က ႏႈတ္ခမ္းေမႊးရိတ္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခ်လိုက္ရပါတယ္။

ေရတပ္ဗိုလ္ခ်ဳပ္အျဖစ္ တာဝန္ထမ္းခဲ့တဲ့ ဟာရစ္က ၂၀၁၈ ေမလမွာ ကိုရီးယားမွာ သံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သူ႔ရဲ႕ အဆက္အႏြယ္ေတြက ဂ်ပန္ေတြျဖစ္လို႔ အေမရိကန္ စစ္တပ္ထဲမွာတုန္းကေတာ့ ႏႈတ္ခမ္းေမႊး ထားခြင့္ ရွိခဲ့ပါတယ္။ အခုကိုရီယားကို ေရာက္လာေတာ့ သူ႔ရဲ႕ ႏႈတ္ခမ္းေမႊးေတြက ဖက္ဆစ္ေတြရဲ႕ သေကၤတ တစ္ရပ္အေနနဲ႔ အျမင္ ခံလာရပါတယ္။

အစကေတာ့ သူ႔ကို လူသိပ္မသိေတာ့ အေၾကာင္းမဟုတ္ဘူးေပါ့။ ေနာက္ပိုင္းမွာ အေမရိကန္- ေတာင္ကိုရီးယား ၂ႏိုင္ငံ ဆက္ဆံေရးေတြ တိုးျမႇင့္ လာတဲ့ အခ်ိန္မွာ သူက အေရးပါလာတဲ့အတြက္ လူသိလာပါတယ္။ အဲ့ဒိေတာ့ ေဝဖန္မႈေတြက ျမင့္တက္လာေတာ့တာပါပဲ ။သူ႔ရဲ႕ ႏႈတ္ခမ္းေမႊးက ၂ႏိုင္ငံဆက္ဆံေရး ထိခိုက္လာႏိုင္တဲ့ အထိ ျဖစ္လာပါတယ္။

မႏွစ္ကဆိုရင္ ေတာင္ကိုရီးယား သတင္းစာေတြက အေမရိကန္ေတြက ေတာင္ကိုရီးယားကို နာက်င္ေစမႈေတြ မွ်ေဝေပးေနတယ္။ ေတာင္ကိုရီးယားသားေတြရဲ႕ ခံစားခ်က္ေပၚမွာ မေလးမစား လုပ္ရာ က်ေနတယ္လို႔ ေရးသား ေဖာ္ျပခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။ အခုေတာ့ သံအမတ္ႀကီး ဟယ္ရီဟာရစ္က ဆံသဆိုင္ကို သြားၿပီး သူ႔ရဲ႕ ႏႈတ္ခမ္းေမႊးေတြကို ၂ႏိုင္ငံဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္လို႔ ရိတ္ပစ္လိုက္ရပါၿပီ။

ေမာင္ယႆ, REF: sky news, Photo: bbc

No Comments

Leave a Reply

Your email address will not be published.

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေ
Article
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။ လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို …

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
Article
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန် တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။ ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို …

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
Article
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု ၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။ ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။ သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် …