ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ )

အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။

ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။

ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။

သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ သူမကို မင်းသား အာကီရှီနိုနဲ့ မင်းသမီးကီကိုတို့က သက်သေလက်မှတ်ထိုးပေးခဲ့ပါတယ်။ ဂျပန်နန်းတွင်းဥပဒေမှာတော့ တော်ဝင်အမျိုးသမီး တွေကအရပ်သားတွေနဲ့ လက်ထပ်ရင် သူမတို့ရဲ့ တော်ဝင်ဆက်ခံမှုကို စွန့်လွှတ်ရပါတယ်။

မင်းသမီးမာကို နဲ့ ကိုမူရိုတိုရဲ့ လက်ထပ်ပွဲကို ဓလေ့ထုံးစံအတိုင်းမကျင်းပဖို့ ဘုရင်နာရူဟီတိုနဲ့ အိမ်ရှေ့မင်းသား အာကီရှီနိုတို့က ဆုံးဖြတ်ခဲ့ပါတယ်။

ကိုမူရိုရဲ့အမေက ဘုရင်နာရူဟီတိုရဲ့ ရည်းစားဟောင်းဖြစ်ပါတယ်။ မာကိုရဲ့မိဘတွေနဲ့ ကိုမူရိုရဲ့ မိဘတွေကြားမှာ ငွေကြေးအရှုပ်အရှင်းကိစ္စရှိခဲ့ပါတယ်။

မာကို နဲ့ ကိုမူရိုတို့က နိုင်ငံတကာ ခရစ္စယာန်တက္ကသိုလ်မှာ ကျောင်းသားဘဝကတည်းက တွေ့ခဲ့ကြတာပါ။ ငါးနှစ်လောက်တွဲပြီးနောက် ၂၀၁၇ စက်တင်ဘာမှာ တိတ်တဆိတ် စေ့စပ်ခဲ့ပါတယ်။

မင်းသမီးမာကိုက ဒီကနေ့မနက်၁၀နာရီမှာ သူမနေထိုင်တဲ့ နန်းတော်အတွင်းက မီနာတို အဆောင်ကနေနှုတ်ဆက်ထွက်ခွာ ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်တော်ဝင်မိသားစုကို စွန့်ခွာခဲ့တဲ့ နဝမမြောက်အမျိုးသမီးဖြစ်ပါတယ်။ သူမအတွက် နန်းတော်ကြီးနဲ့ နန်းမွေဆက်ခံမှုဟာ အချစ်လောက်အရေးမပါဘူးဖြစ်သွားတာပါ။

Ref : world of buzz,Photo :Credit  daily express

Zawgyi

ဂ်ပန္ေတာ္ဝင္မင္းသမီးမာကိုက အခ်စ္အတြက္နဲ႔ ဒီကေန႔ နန္းေမြစြန႔္လိုက္ပါၿပီ

ရင္ၿငိမ္းေႏြ ( ေအာက္တိုဘာ ၂၆ )

အခ်စ္ဆိုတဲ့အရာဟာ ေတာ္ေတာ္ထူးဆန္းတဲ့အရာပါ။ အသက္အ႐ြယ္ ႐ုပ္ရည္ အဆင့္အတန္းေတြကို ေက်ာ္ျဖတ္ၿပီး သူခ်စ္ခ်င္တဲ့ အရာကိုခ်စ္ေအာင္ လုပ္ပစ္လိုက္တာခ်ည္းပါပဲ။

ဒီကေန႔ ဂ်ပန္ေတာ္ဝင္မင္းသမီးမာကို ( ၃၀ ႏွစ္) က သူမရဲ႕ခ်စ္သူ သာမန္အရပ္သား ကိုင္းကိုမူ႐ိုနဲ႔ စည္ပင္႐ုံးမွာ လက္ထပ္လိုက္ပါၿပီ။

ကိုမူ႐ိုက နယူးေယာက္ခ္ဥပေဒကုမၸဏီတစ္ခုမွာ အလုပ္လုပ္တဲ့ဝန္ထမ္းတစ္ေယာက္ပါ။ ေတာ္ဝင္မိသားစုဝင္ တစ္ဦးျဖစ္တဲ့ မာကိုက အရပ္သားကိုမူ႐ိုကို လက္ထပ္လိုက္တဲ့အတြက္ေၾကာင့္ သူမရဲ႕ ေတာ္ဝင္နန္းေမြကို စြန႔္လႊတ္လိုက္ရပါတယ္။ ဂ်ပန္ဘုရင္ နာ႐ူဟီတို ရဲ႕တူမျဖစ္သူ မင္းသမီးမာကိုက အႀကီးဆုံးနန္းေမြခံမင္းသမီး ျဖစ္ပါတယ္။

သူမက နန္းေတာ္အေဆာင္မႉးေတြအကူအညီနဲ႔ စည္ပင္႐ုံးမွာ လက္ထပ္ခဲ့တာပါ။ သူမကို မင္းသား အာကီရွီႏိုနဲ႔ မင္းသမီးကီကိုတို႔က သက္ေသလက္မွတ္ထိုးေပးခဲ့ပါတယ္။ ဂ်ပန္နန္းတြင္းဥပေဒမွာေတာ့ ေတာ္ဝင္အမ်ိဳးသမီး ေတြကအရပ္သားေတြနဲ႔ လက္ထပ္ရင္ သူမတို႔ရဲ႕ ေတာ္ဝင္ဆက္ခံမႈကို စြန႔္လႊတ္ရပါတယ္။

မင္းသမီးမာကို နဲ႔ ကိုမူ႐ိုတိုရဲ႕ လက္ထပ္ပြဲကို ဓေလ့ထုံးစံအတိုင္းမက်င္းပဖို႔ ဘုရင္နာ႐ူဟီတိုနဲ႔ အိမ္ေရွ႕မင္းသား အာကီရွီႏိုတို႔က ဆုံးျဖတ္ခဲ့ပါတယ္။

ကိုမူ႐ိုရဲ႕အေမက ဘုရင္နာ႐ူဟီတိုရဲ႕ ရည္းစားေဟာင္းျဖစ္ပါတယ္။ မာကိုရဲ႕မိဘေတြနဲ႔ ကိုမူ႐ိုရဲ႕ မိဘေတြၾကားမွာ ေငြေၾကးအရႈပ္အရွင္းကိစၥရွိခဲ့ပါတယ္။

မာကို နဲ႔ ကိုမူ႐ိုတို႔က ႏိုင္ငံတကာ ခရစၥယာန္တကၠသိုလ္မွာ ေက်ာင္းသားဘဝကတည္းက ေတြ႕ခဲ့ၾကတာပါ။ ငါးႏွစ္ေလာက္တြဲၿပီးေနာက္ ၂၀၁၇ စက္တင္ဘာမွာ တိတ္တဆိတ္ ေစ့စပ္ခဲ့ပါတယ္။

မင္းသမီးမာကိုက ဒီကေန႔မနက္၁၀နာရီမွာ သူမေနထိုင္တဲ့ နန္းေတာ္အတြင္းက မီနာတို အေဆာင္ကေနႏႈတ္ဆက္ထြက္ခြာ ခဲ့ပါတယ္။

ဒုတိယကမာၻစစ္ၿပီးေနာက္ပိုင္း ဂ်ပန္ေတာ္ဝင္မိသားစုကို စြန႔္ခြာခဲ့တဲ့ နဝမေျမာက္အမ်ိဳးသမီးျဖစ္ပါတယ္။ သူမအတြက္ နန္းေတာ္ႀကီးနဲ႔ နန္းေမြဆက္ခံမႈဟာ အခ်စ္ေလာက္အေရးမပါဘူးျဖစ္သြားတာပါ။

Ref : world of buzz
Photo : daily express

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန
International-news
ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန ေမာင္ယႆ ( နိုဝင္ဘာ ၅ ) ကမၻာႀကီး ပူေႏြးလာေစရန္ လုပ္ေနတဲ့ ကမၻာ့ေလထုအေပၚလြာမွာ ရွိတဲ့ ကာဗြန္ေတြကို စုပ္ယူဖို့အတြက္ နည္းပညာ ျမင့္မိုးပ်ံပူေဖာင္း ႀကီးေတြကို လႊတ္တင္ဖို့ အစၥေရးက စမ္းသက္မွုေတြလုပ္ေနပါတယ္။ ကမၻာ့ေလထုထဲကို ကာဗြန္ေတြကို စုတ္ယူၿပီး ျပန္လည္ အသုံးျပဳလို့ရတဲ့ နည္းပညာတစ္ရပ္ကို တီထြင္နိုင္ၿပီ ျဖစ္ေပမဲ့ စမ္းသက္မွုေတြ လုပ္ရဦးမွာပါ။ ေလာေလာဆယ္ ပထမဦးဆုံး တစ္လုံးကို စမ္းသက္လႊတ္ တင္ထားပါတယ္။ ကမၻာ့ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စိုက္ပ်ိဳးေရး စက္မွုလုပ္ငန္းေတြနဲ႔ ႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမွုကေန ထုတ္လႊတ္ေပးလိုက္တာပါ။ လက္ရွိ ကမၻာမွာျဖစ္ေပၚေနတဲ့ ပူေႏြးလာမွုရဲ့ …

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ
International-news
သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ ေမာင္ယႆ ( နိုဝင္ဘာ ၃ ) တိုက္ဂေရးေဒသ ေျမာက္ပိုင္းမွာေနတဲ့ သူပုန္ေတြတပ္က ၿမိဳ့ ေတာ္နားအထိ ခ်ီတက္လာတဲ့ အတြက္ တိုင္ျပည္အေရးေပၚအေျခအေန ေၾကညာေၾကာင္း အီသီယိုပီးယား အစိုးရက မေန႔က ေၾကညာလိုက္ပါတယ္။ တိုက္ဂေရးျပည္သူ႔လြတ္ေျမာက္ေရး တပ္ဦး (TPLF) ရဲ့ တပ္ေတြက ၿမိဳ့ေတာ္ အက္ဒစ္အာဘာဒါ ကို သြားတဲ့ လမ္းေၾကာင္းေပၚမွာရွိတဲ့ ဒက္ဆီနဲ႔ ကြန္ေဘာ္ခ်ာၿမိဳ့ေတြကို သိမ္ပိုက္ထားလိုက္ပါၿပီ။ သူပုန္တပ္ေတြ ခ်ီတက္လာၿပီျဖစ္လို့ ၿမိဳ့ေတာ္အနီးတဝိုက္ နဲ႔ ၿမိဳကေတာ္ေန ျပညသူမ်ား ရရာလက္နက္စြဲကိုင္ၿပီး သူပုန္ေတြ ကို ျပန္လည္တိုက္ခိုက္ဖို့ ျပင္ဆင္ၾကပါဆိုၿပီး ဝန္ႀကီးခ်ဳပ္ အာဘီယီအာမက္ က သတိေပးႏွိုးေဆာ္ထားပါတယ္။ …

အမေ နဲ့ အပြိုင်ကျဲပြီး ပွဲတက်လာတဲ့ အန်ဂျလီနာဂျိုလီရဲ့ သမီးများ
International-news
အမေ နဲ့ အပြိုင်ကျဲပြီး ပွဲတက်လာတဲ့ အန်ဂျလီနာဂျိုလီရဲ့ သမီးများ

အမေ နဲ့ အပြိုင်ကျဲပြီး ပွဲတက်လာတဲ့ အန်ဂျလီနာဂျိုလီရဲ့ သမီးများ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၅ ) အီတလီနိုင်ငံရောမမြို့မှာ မနေ့က ကျင်းပခဲ့တဲ့အီတာနယ်ရုပ်ရှင်ပြပွဲကို အန်ဂျလီနာဂျိုလီက အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။ ရောမရုပ်ရှင်ပွဲတော်ကို ဂျိုလီ ( ၄၆နှစ်) က သူမရဲ့မွေးစားသမီးတွေဖြစ်တဲ့ ဇာဟာရာ(၁၆ နှစ်) နဲ့ ရှီးလော့ ( ၁၅နှစ်) အတူတက်ရောက်ခဲ့တာပါ။ ဂျိုလီက သမီးတွေနဲ့အတူ ကောဇောနီပေါ်မှာလမ်းလျှောက်ခဲ့ပါတယ်။ ဂျိုလီနဲ့ ခင်ပွန်းသည်ဟောင်းဖြစ်သူ ဘရက်ပစ်တို့မှာ သားသမီး၆ယောက်ရှိပါတယ်။ ဇာဟာရာနဲ့ ရှီးလော့တို့ကတော့ သမီးကြီးတွေဖြစ်ပြီး သားတွေကတော့ မက်ဒေါက် (၂၀ နှစ်) ပက်စ် ( ၁၇ နှစ်) တို့ဖြစ်ပါတယ်။ နောက်ဆုံးမွေးစားထားတဲ့ …