ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု

ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု
International-news

ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု

မောင်ယဿ ( သြဂုတ် ၃ )

အိန္ဒိယနိုင်ငံ အက်တာပရာဒက်ရှ် ပြည်နယ်မှာ ဖြစ်သွားတဲ့ စိတ်မကောင်းစရာဇာတ်လမ်းလေးပါ။ ဒေဗီပက်စ်ဝမ် မိသားစုက ၁၇ နှစ်အရွယ်မိန်းကလေးက ဂျင်းဘောင်းဘီဝတ်ရတာကို နှစ်သက်ပါတယ်။ သူမရဲ့ မိသားစုကလည်း အဲ့လို မိန်းကလေး ဂျင်းဘောင်းဘီဝတ်တာကို လုံး၀ မနှစ်သက်ပါဘူး။

ဒါပေမဲ့ ကောင်းမလေးက လစ်ရင်လစ်သလို ဂျင်းဘောင်းဘီကို ဝတ်ပါတယ်။ တစ်ရက်တော့ ကောင်မလေးရဲ့ အဖိုးနဲ့ ဦးလေးတွေ အပြင်ကပြန်လာချိန်မှာ သူမကို အိမ်ထဲမှာ ဂျင်းဘောင်းဘီဝတ်လျှက်သား တွေ့သွားပါတယ်။

အဖိုးကြီးက ကောင်မလေးကို အဝတ်သွားလဲဖို့ခိုင်းတာ ကောင်းမလေးက ငြင်းတဲ့အတွက်ကြောင့် အဖိုးကြီး တုတ်နဲ့ ရိုက်ရာက လက်လွန်ပြီး ခေါင်းကို ထိခိုက်မိသွားပါတယ်။ ဒဏ်ရာပြင်း လို့ ဆေးရုံ တင်လိုက်ရပေမဲ့ အသက်မမီတော့ပါဘူး။

“ အဖိုးကြီးက မကြိုက်ဘူး မဝတ်နဲ့လို့ပြောတာကို နီဟာ က ဝတ်မှာပဲဆိုပြီ ရွဲ့တာပါ။ အဖိုးကရည်ရွယ် တာတော့ မဟုတ်ဘူး မတော်တဆနဲ့ ခေါင်းကိုထိသွားတာပါ” လို့ သေဆုံးသူကောင်မလေးရဲ့ အမေက ဆိုပါတယ်။

ကောင်းမလေးက အိန္ဒိယ ရိုးရာအဝတ်အစားတွေ ကို လုံးဝမ၀တ်ဘဲ ဂျင်းဘောင်းဘီကို မကြာခဏ ဝတ်လို့ မိဘဘိုးဘွားတွေ ဆုံးမတာကို ဘယ်တုန်းကမှ နားမထောင်ခဲ့ပါဘူ။

အခုလိုရိုက်တာကလည်း ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ သူမဂျင်ဘောင်ဘီဝတ်လို့ အရိုက်ခံရတာဆိုရင် တစ်ပတ် ၂ကြိမ် ၃ကြိမ်လောက်ကို ရိုက်ခံနေရတာပါ။ ကံဆိုးသွားတဲ့ ဒီတစ်ကြိမ်တော့ သူမ အသက်ပါပေးလိုက်ရပါတယ်။

ဆိုးဝါးသွားတာက ကောင်းမလေးကို ဆေးရုံ ခေါ်သွားတဲ့ လမ်းမှာ သေဆုံး သွားပြီ သိလို့ သုံးဘီးကားသမားနဲ့ ကလေးမလေးရဲ့ ဦးလေးတွေပေါင်းပြီး တစ်တံတစ်ခုမှာ ကြိုးဆွဲချသေတဲ့ပုံစံ လုပ်လိုက်တာပါပဲ။ ပြည်နယ်မှုခင်းရဲ တွေရဲ့ ကျွမ်းကျင်မှုကြောင့် အဲ့ဒိအမှုပေါ်သွားတာပါ။ အခုတော့ ရဲတွေ အဲ့ဒိမိသားစုကို တရားစွဲထားပါတယ်။

REF: World of buzz,Photo:Credit  BBc

Zawgyi


ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု
ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု

မောင်ယဿ ( သြဂုတ် ၃ )




ဂျင်းဘောင်းဘီဝတ်လို့ဆိုပြီး ကောင်မလေးကို အသေရိုက်သတ်တဲ့မိသားစု





REF: World of buzz
Photo: BBc

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …