
International-news






မောင်ယဿ

REF: asiaone / Photo Ap

Unicode

ဂျူရာဆစ်ကမ္ဘာ ဒိုမီနီယံကို ဆက်ရိုက်မယ်

၂၀၂၀ ဇန်နဝါရီလမှာ ကော်ရိုနာဗိုင်းရက် ပြန့်နှံ့လာလို့ ရိုက်ကွင်းနားသွားတဲ့ ဒိုင်နိုဆောတို့ရဲ့ ကမ္ဘာ ဂျူရာဆစ်ကမ္ဘာ ဒိုမီနီယံကို လာမယ့်အပတ် ဇူလိုင်လ အစမှာ ပြန်လည် ရိုက်ကူး ဖို့အတွက် ထုတ်လုပ်သူတွေက ကိုဗစ်-၁၉ ရောဂါရှာဖွေ စမ်းသပ်ရေး ဌာနတစ်ခုကို အကောင်အထည် ဖော်ထားမယ်လို့ ဆိုလိုက်ပါတယ် ။ ထုတ်လုပ်သူတွေက ရိုက်ကွင်းထဲမှာ ပါတဲ့ သူတွေအား လုံးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ အရင်ဆုံး စမ်းသပ် စစ်ဆေးပြီး မှ အားလုံးကို စခန်းချပြီး ရိုက်ကူးဖို့ အတွက် စီစဉ် နေပါတယ် ။ ရိုက်ကွင်း ထဲမှာ ပါခွင့်ရသူ အားလုံး ဇာတ်လမ်း ထဲမှာ သူတို့ရဲ့ အခန်း မပြီးမချင်း စခန်းမှာ နေရပြီး သူတို့ အခန်းပြီးတာနဲ့ အိမ်ပြန်ခွင့်ပြုမှာပါ ။

ဂျူရာဆစ်ဝါး ဒိုမီနီယံက ဒိုင်နိုဆောကမ္ဘာ တတိယမြောက် ကားဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးပြဿနာကြောင့် ရပ်နား ထားရပေမဲ့ ရိုက်ကွင်းမှာ ပါတဲ့ သရုပ်ဆောင်တွေက ထုပ်လုပ်သူတွေကို ပြန်လည်ရိုက်ဖို့ တောင်းဆို တာကြောင့် ပြန်ရိုက် ဖြစ်ခဲ့တာပါ ။ သရုပ်ဆောင် တွေကို ရောဂါပိုး ရှိမရှိစစ်ပြီးတာနဲ့ အစောဆုံး နောက်အပတ် အတွင်းမှာ ရိုက်ကူးမှာပါ ။ ပိုင်းဝုဒ် စတူဒီယိုက သူတို့အနေနဲ့ ရောဂါပိုးရှိမရှိ စစ်ဆေးတာကို ဦးစားပေး လုပ်ရမယ်လို့ ဆိုပါတယ် ။ နောက်ပြီး အဓိက သရုပ်ဆောင်တွေ ဖြစ်တဲ့ ခရစ်ပရက် ၊ဟောင်ဝဒ် နဲ့ဂျက်စ်ဂိုဒ်ဖန် တို့ရဲ့ ကျန်း မာရေးကို အရင်ဆုံး စစ်ဆေး ရမယ်လို့လည်း ဆိုတယ် ။

ရိုက်လက်စ အပိုင်းမှာက သူတို့ရဲ့အခန်းတွေက များနေတော့ တကယ်လို့ သူတို့ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဇာတ်ညွှန်းက ပြောင်းရမှာ ဖြစ်ပြီး ကုန်ကျစရိတ်တွေ ပိုလာနိုင်တဲ့ အတွက် သူတို့ရဲ့ ကျန်းမာရေးကို အရင်ဆုံး ကြည့်ရမှာ ဖြစ်ပါတယ် ။ သည်ဆန်း သတင်းစာထဲမှာကတော့ အနာဂတ် ရုပ်ရှင်ပုံစံတစ်မျိုးကို ပုံဖော်နေတဲ့ ဒီလို ရုပ်ရှင်ကားတွေက အမေရိကန်ဒေါ်လာတွေကို ပုံပြီး အလုပ်လုပ်ရတာဖြစ်လို့ ထုတ်လုပ်သူတွေ အနေနဲ့ တစ်ချက်မှ အမှားမခံနိုင်ဘူးလို့ ဆိုပါတယ် ။ ကန်ဒေါ်လာ သိန်းဂဏန်းလောက်ကို ဆေးစစ်ဖို့ သုံးလိုက်တာက သူတို့အတွက် လုံး၀ ပြဿနာ မရှိပါဘူး ။ အဲ့ဒိက ဆိုးကျိုးက သန်းကိုရာနဲ့ချီ တန်နေလို့ပါလို့ ဆိုတယ် ။

လက်ရှိခန့်မှန်းထားတာက ၂၀၂၁ ဇွန်လမှာ ရုံတင်နိုင်ဖို့အတွက် လုပ်နေပါတယ်။ သရုပ်ဆောင်တွေအားလုံးက လည်း ရုပ်ရှင်ကို ဆက်ရိုက်ဖို့အတွက် စိတ်အားထက်သန်မှုရှိကာ ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက် ကြဆိုပြီး တစ်ဦးနဲ့ တစ်ဦးတိုက်တွန်းမှုတွေ ပြုနေကြပါတယ် ။

မောင်ယဿ

REF: asiaone / Photo Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …