ဂ်ီးဆပ္က အဂူ႐ို ေနရာမွာ ေကာင္းေကာင္း ကစားႏိုင္မယ္လို႔ ဂြာဒီယိုလာေမွ်ာ္လင့္

ဂ်ီးဆပ္က အဂူ႐ို ေနရာမွာ ေကာင္းေကာင္း ကစားႏိုင္မယ္လို႔ ဂြာဒီယိုလာေမွ်ာ္လင့္
International-news

ဂ်ီးဆပ္က အဂူ႐ို ေနရာမွာ ေကာင္းေကာင္း ကစားႏိုင္မယ္လို႔ ဂြာဒီယိုလာေမွ်ာ္လင့္

ဒူးဒဏ္ရာ ျပႆနာနဲ႔ ရာသီကုန္အထိ ျပန္လည္ ကစားႏိုင္ဖို႔ မေသခ်ာေတာ့တဲ့ မန္စီတီး တိုက္စစ္မႉး အဂူ႐ို ေနရာကို အစားဝင္ၿပီး ကစားေနတဲ့ ဂါဘရီရာယ္ ဂ်ီးဆပ္ အေနနဲ႔ ေကာင္းေကာင္း ကစားႏိုင္မယ္လို႔ နည္းျပျဖစ္သူ ဂြာဒီယိုလာက ေမွ်ာ္လင့္ေၾကာင္း ဆိုပါတယ္ ။

ဆိုလိုတဲ့ သေဘာက ၾသဂုတ္လ အတြင္းမွာ ျပန္လည္က်င္းပမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ အာဂ်င္တီးနားသား အဂူ႐ိုေနရာကို အစားထိုးထားတယ္လို႔ ဆိုလိုတာပါ ။ “ဂဗရီရယ္နဲ႔ပတ္သက္လို႔ က်ေနာ္မွာ ဘာသံသယမွ မရွိပါဘူး ။ က်ေနာ္မွာ ျဖစ္ေနတဲ့သံသယက က်ေနာ္တို႔က တစ္ပတ္မွာ ၃ရက္ပဲ ေလ့က်င့္ခြင့္ ရတယ္ ။ အဲ့လို လူခြဲပီး ေလ့က်င့္ ရတာက သူ႔ရဲ႕ ျပင္ဆင္ခ်ိန္အတြက္ လုံေလာက္ပါ့မလား ဆိုတာကိုပါပဲ ။

ဘယ္ကစားသမားမွ ၃ရက္တစ္ပတ္ကို နာရီ၉၀ထက္ ပိုေလ့က်င့္ခြင့္မရွိဘူးေလ ။ တိုက္စစ္မႉးဆိုတာ တိုက္စစ္မႉး သဘာဝ ရွိရမွာ ေလ ။ ဒီေနရာမွာ စတာလင္ ဆိုရင္ ျပႆနာမရွိဘူး ။ အလယ္တန္း လူေတြက တိုင္စစ္မႉးေတြရဲ႕ သဘာဝကို ေကာင္းေကာင္း နားလည္ႏိုင္မွ ေတာ္ေတာ္ႀကီး ကို တြဲဖက္ ကစားႏိုင္မွ တိုက္စစ္မႉးက ဂိုးသြင္း ႏိုင္မွာ ျဖစ္တယ္”လို႔ သူက သတင္းစာ ရွင္းလင္းပြဲမွာ ဆိုတယ္ ။

ေနာက္ၿပီးေတာ့ ဂြာဒီယိုလာက ပရိမီးယားလိဂ္မွာ ခ်ယ္ဆီးနဲ႔ ေတြ႕တဲ့ ပြဲမွာ သူ႔အေနနဲ႔ မန္စီတီးအသင္းကို လူလဲ ကစားမယ္လို႔ ႀကိဳတင္ ေျပာထားပါတယ္ ။ လက္ရွိ ၿပိဳင္ပြဲ ျပန္စတင္တဲ့အခါမွာလည္း မန္းစီးတီးက ၂ပြဲကစား ၂ပြဲ အႏိုင္ ကစားထားလို႔ စတုတၳ ေနရာက ခ်ယ္ဆီးနဲ႔ ပြဲမွာ အသင္း ကို လူလဲၿပီး ကစားဖို႔ အတြက္ စီစဥ္ ထားတာပါ ။ ၾသဂုတ္လ ခ်န္ပီယံလိဂ္ပြဲ အတြက္ သူ႔ရဲ႕ ထိပ္တန္း ကစားသမားေတြကို တတ္ႏိုင္ သေလာက္ ဒဏ္ရာ အနာတရမရွိဘဲ ဝင္ေရာက္ ကစားေစခ်င္တဲ့ သေဘာပါလို႔ ဆိုတယ္ ။

မန္စီတီးနဲ႔ ခ်ယ္ဆီးက မနက္ျဖန္ စေနေန႔မနက္ ၁နာရီခြဲမွာ ကစားမွာျဖစ္ၿပီး မန္စီးတီးရဲ႕ ၾသဂုတ္လအတြင္း ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကေတာ့ ရီးရဲလ္မက္ဒရစ္ နဲ႔ ဒုတိယအေက်ာ့ ကစားရမွာျဖစ္ပါတယ္ ။ ပထမအေက်ာ့တုန္းက မန္စီတီး က ရီးရဲလ္ကို ၂ဂိုး ၁ဂိုးနဲ႔အႏိုင္ရထားပါတယ္ ။ အဲဒိပြဲမွာ သေရက်ရင္ေတာင္ မန္စီးတီးက ကြာတားဖိုင္နယ္ကို တက္ႏိုင္မွာျဖစ္ပါတယ္ ။

ေမာင္ယႆ

REF: Asian bookie / Photo; football 360

Unicode

ဂျီးဆပ်က အဂူရို နေရာမှာ ကောင်းကောင်း ကစားနိုင်မယ်လို့ ဂွာဒီယိုလာမျှော်လင့်

ဒူးဒဏ်ရာ ပြဿနာနဲ့ ရာသီကုန်အထိ ပြန်လည် ကစားနိုင်ဖို့ မသေချာတော့တဲ့ မန်စီတီး တိုက်စစ်မှူး အဂူရို နေရာကို အစားဝင်ပြီး ကစားနေတဲ့ ဂါဘရီရာယ် ဂျီးဆပ် အနေနဲ့ ကောင်းကောင်း ကစားနိုင်မယ်လို့ နည်းပြဖြစ်သူ ဂွာဒီယိုလာက မျှော်လင့်ကြောင်း ဆိုပါတယ် ။

ဆိုလိုတဲ့ သဘောက သြဂုတ်လ အတွင်းမှာ ပြန်လည်ကျင်းပမယ့် ချန်ပီယံလိဂ်ပွဲမှာ အာဂျင်တီးနားသား အဂူရိုနေရာကို အစားထိုးထားတယ်လို့ ဆိုလိုတာပါ ။ “ဂဗရီရယ်နဲ့ပတ်သက်လို့ ကျနော်မှာ ဘာသံသယမှ မရှိပါဘူး ။ ကျနော်မှာ ဖြစ်နေတဲ့သံသယက ကျနော်တို့က တစ်ပတ်မှာ ၃ရက်ပဲ လေ့ကျင့်ခွင့် ရတယ် ။ အဲ့လို လူခွဲပီး လေ့ကျင့် ရတာက သူ့ရဲ့ ပြင်ဆင်ချိန်အတွက် လုံလောက်ပါ့မလား ဆိုတာကိုပါပဲ ။

ဘယ်ကစားသမားမှ ၃ရက်တစ်ပတ်ကို နာရီ၉၀ထက် ပိုလေ့ကျင့်ခွင့်မရှိဘူးလေ ။ တိုက်စစ်မှူးဆိုတာ တိုက်စစ်မှူး သဘာဝ ရှိရမှာ လေ ။ ဒီနေရာမှာ စတာလင် ဆိုရင် ပြဿနာမရှိဘူး ။ အလယ်တန်း လူတွေက တိုင်စစ်မှူးတွေရဲ့ သဘာဝကို ကောင်းကောင်း နားလည်နိုင်မှ တော်တော်ကြီး ကို တွဲဖက် ကစားနိုင်မှ တိုက်စစ်မှူးက ဂိုးသွင်း နိုင်မှာ ဖြစ်တယ်”လို့ သူက သတင်းစာ ရှင်းလင်းပွဲမှာ ဆိုတယ် ။

နောက်ပြီးတော့ ဂွာဒီယိုလာက ပရိမီးယားလိဂ်မှာ ချယ်ဆီးနဲ့ တွေ့တဲ့ ပွဲမှာ သူ့အနေနဲ့ မန်စီတီးအသင်းကို လူလဲ ကစားမယ်လို့ ကြိုတင် ပြောထားပါတယ် ။ လက်ရှိ ပြိုင်ပွဲ ပြန်စတင်တဲ့အခါမှာလည်း မန်းစီးတီးက ၂ပွဲကစား ၂ပွဲ အနိုင် ကစားထားလို့ စတုတ္ထ နေရာက ချယ်ဆီးနဲ့ ပွဲမှာ အသင်း ကို လူလဲပြီး ကစားဖို့ အတွက် စီစဉ် ထားတာပါ ။ သြဂုတ်လ ချန်ပီယံလိဂ်ပွဲ အတွက် သူ့ရဲ့ ထိပ်တန်း ကစားသမားတွေကို တတ်နိုင် သလောက် ဒဏ်ရာ အနာတရမရှိဘဲ ဝင်ရောက် ကစားစေချင်တဲ့ သဘောပါလို့ ဆိုတယ် ။

မန်စီတီးနဲ့ ချယ်ဆီးက မနက်ဖြန် စနေနေ့မနက် ၁နာရီခွဲမှာ ကစားမှာဖြစ်ပြီး မန်စီးတီးရဲ့ သြဂုတ်လအတွင်း ကစားမယ့် ချန်ပီယံလိဂ်ပွဲကတော့ ရီးရဲလ်မက်ဒရစ် နဲ့ ဒုတိယအကျော့ ကစားရမှာဖြစ်ပါတယ် ။ ပထမအကျော့တုန်းက မန်စီတီး က ရီးရဲလ်ကို ၂ဂိုး ၁ဂိုးနဲ့အနိုင်ရထားပါတယ် ။ အဲဒိပွဲမှာ သရေကျရင်တောင် မန်စီးတီးက ကွာတားဖိုင်နယ်ကို တက်နိုင်မှာဖြစ်ပါတယ် ။

မောင်ယဿ

REF: Asian bookie / Photo; football 360

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …