International-news
မောင်ယဿ
Unicode
ဂျပန်က ကြံကြံဖန်ဖန် မျက်နှာကာ မက်စ်များ
ဂျပန်မှာက ကော်ရိုနာ ဗိုင်းရက်စ် ပြန့်ပွားနေလို့ လူတွေက စိတ်ညစ်ညူး နေကြပါတယ် ။ ဂျပန်ဆိုတာ ကြံကြံ ဖန်ဖန် တီထွင် တတ်သူတွေ ဖြစ်လို့ မက်စ်တွေ ရှားပါး ပြတ်လပ်တဲ့ အခါမှာ ဟာသလည်းဖြစ် ဘေးလည်း ကင်းတဲ့ လက်ဖြစ် မက်စ်တွေကို လုပ်ပြီး ဝတ်ကြ ပါတယ် ။ အောက်ဖော်ပြ တာကတော့ ထူးထူးဆန်းဆန်း မက်စ်တွေပါပဲ ။
ဒိုင်နိုဆော်မက်စ် ။။ စတိုးဆိုင် ကနေ စက္ကူ အထူသားနဲ့ ပိတ်သား အစ ယန်းငွေ ၁၀၀ ဖိုးလောက် ဝယ်ပြီး ဒိုင်နိုဆော် မျက်နှာကာ တွေလုပ်ပြီး တစ်ခု ယန်း၂၀၀ နဲ့ ပြန်တောင် ရောင်းလိုက်သေးတယ် ။ ပုံက ဒီဇိုင်း မိုက်လို့ ကလေးတွေ အဝယ်လိုက် ကြပါတယ် ။
ဘရာဟောင်း မက်စ် ။။ ဘရာစီယာ တွေကို မက်စ်ပုံ ပြန်ချိုးပြီး ဝတ်ကြ တာပါ ။ အိမ်သုံးလက် ဖြစ်ဆိုတော့ စတိုးဆိုင်မှာ သွားတန်းစီ တိုး ဝယ်စရာ မလိုတော့ဘူး ။ ကိုယ့်ဘရာ ဆိုတော့ ကိုယ့်အနံ့ နဲ့ ကိုယ်ပဲ ။ စိတ်ချမ်းသာတယ် ။ လူတွေက ဆိုက်က အဲ့လောက် ကြီးလား ဆိုရင်တော့ ပြုံးနေ လိုက်ပေါ့ ။
ကေ်ဖီထုတ်မက်စ်။။ ကော်ဖီဝယ်ရင် ကော်ဖီကို ထုတ် ပေးတဲ့ စက္ကူအိတ် တွေရှိတယ် ။ စက္ကူအတ်ကို ကြိုးတပ်ပြီး လုပ်လိုက် ရင်လည်း မက်စ် ဖြစ်သွားတာပဲ ။ ကော်ဖီနံ့ သင်းသင်းလေးနဲ့ ဘေးကင်း လုံခြုံတဲ့ မက်စ် တစ်မျိုးပေါ့ ။
အာကာသ ယာဉ်မှူး မက်စ် ။။ အဲ့ဒါ ကတော့ ကိုယ့် မျက်နှာ လှလှလေးကို လူတွေကိုလည်း မြင်စေချင် ရောဂါ ပိုးလည်း ကူးစက် မခံချင်တော့ အာကာသ ယာဉ်မှူးတွေတပ်တဲ့ ဖန်ပေါင်းချောင်ကိုစွတ် လိုက်တာပေါ့ ။ အိမ်မှာ ငါးမွေးကန်လေးကို ပုံပြောင်းလိုက်ရင်လည်း ရတာပဲ ။အဓိက ကတော့ အလှ မပျက်ဖို့ပါပဲ ။
ပန့်ခ် စက်ရုပ် မက်စ် ။။ ဒါကတော့ လုံး၀ အလန်းဇယား စတိုင်ပါ ။ ဘေးကင်းတဲ့ အပြင် ဒီဇိုင်း ကလည်းလုံ၀ ပန့်ဒီ ဇိုင်းဆိုတော့ လူတွေ စိတ်ဝင်စားမှာ အမှန်ပါပဲ ။ စက်ရုပ် စတိုင် မက်စ်ဆိုတော့ ဒီဖက်ခေတ် နဲ့ လိုက်ပါတယ် ။
ခေါက်တွန့်မက်စ် ။။ မက်စ်တွေထဲမှာ ဈေးအသက်သာဆုံးပါပဲ ။ တစ်ရှုးပေပါတွေကို စနစ်တကျခေါက်ပြီး သရေကွင်း တပ်လိုက်ရင် မက်စ် တစ်ခုဖြစ်သွားပါမယ် ။ မက်စ် အလွယ်တကူမရရင် တစ်ရှုးကို အဲ့လိုခေါက်ပြီး သုံးတတ်ရင် အလွယ် တကူနဲ့ ဘေးရန် ကာကွယ်ပြီး သားဖြစ်မယ် ။
ကဲ မက်စ်က ကျနော်တို့ အတွက် အခက်အခဲဖြစ်နေမယ်ဆိုရင် အဲ့လို တီထွင်ပြီး စမ်းသုံးကြည့်ပါလား ။ မဟားဒယား အမြတ်ကြီးစား မက်စ်တွေက ကျနော်တို့ လူမှုဝန်းကျင် မှာ ပြဿနာတစ်ရပ်မဟုတ်ဘူးဆိုတာပြလိုက်ပါ ။
မောင်ယဿ
REF: savvy Tokyo / Photo; instargram
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …