Entertainment
ဂျန်ဟဗီ ကပူးကို ပရိသတ်က အမေ့ခြေရာ နင်းစေချင်တယ်တဲ့ 1
ဂျန်ဟဗီ ကပူးကို ပရိသတ်က အမေ့ခြေရာ နင်းစေချင်တယ်တဲ့ 2
မောင်ယဿ REF: flimfare
Photo: pinterst
ဂျန်ဟဗီ ကပူးကို ပရိသတ်က အမေ့ခြေရာ နင်းစေချင်တယ်တဲ့
ဂျန်ဟဗီကပူးဆိုတာက ဘောလီးဝုဒ်မှာ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ရှရီဒေဗီကပူးရဲ့ သမီးပါ။
၂၀၁၈တုန်းက အသက် ၅၃နှစ် အရွယ်မှာ ယူအေအီးက ဟိုတယ်တစ်လုံးမှာ ထူးဆန်းစွာ ကွယ်လွန်ခဲ့တဲ့ ရှရီဒေဗီ က သူမရဲ့ ဒုတိယ ခင်ပွန်းဖြစ်သူ ဘွန်နေးကပူး နဲ့ ၁၉၉၆ ခုနှစ်က လက်ထပ် ခဲ့ပါတယ်။
သူတို့ ၂ယောက်ကနေ ဂျန်ဟဗီ ကပူးကို ရခဲ့တာပါ။ ဂျန်ဟဗီ က ဘောလီးဝုဒ်မှာ ကျင်လည်ဖို့ စတင်တဲ့ ၂၀၁၈ မှာပဲ သူမက ကွယ်လွန်ခဲ့ရတယ်။
သူမရဲ့ အချိန်မတိုင်မီ သေဆုံးမှုကြောင့် ပရိသတ်က ဂျန်ဟဗီကို အမေ့လိုပဲ ထူးချွန် တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် မြင်ချင်နေကြ ပါတယ်။
ဂျန်ဟဗီ ကပူးကို ပရိသတ်က အမေ့ခြေရာ နင်းစေချင်တယ်တဲ့ 3
ပရိသက်ကလည်း သူမရဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Dhadak ၊ Gunjan SAxena ၊ Roohi Afzana ကားတွေကို အားပေးခဲ့ကြပါတယ်။ ကားတိုင်းကိုလည်း သူရဲ့ အမေရဲ့ သရုပ်ဆောင်မှုနဲ့ အမြဲလို ယှဉ်ပြီး ပြောလေ့ရှိကြတယ်။
ပရိသတ်က အဲ့လိုမျိုးပြောလေ အမေကို သိပ်ချစ်ပေမဲ့ အမေနဲ့ ခိုင်းနှိုင်းတာကို သူမက သိပ် သဘောမတွေ့ပါဘူး။ မကြာသေးခင်က လုပ်တဲ့ အင်တာဗျူးမှာတော့ သူမက အဲ့ဒိကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။
“ပရိသတ်က ကျမကို အမေနဲ့ တွဲတွဲပြီး ပြောပြောနေကြတယ်။ အမေက အမေလေ။ ကျမက ကျမပဲလေ။ အမေနဲ့ ကျမကို ကွဲပြီး မြင်စေချင်ပါတယ်။ ပရိသက်က ကျမကို အမေ့ပေါ်မှာ ထားတဲ့ ဂရုဏါစိတ်နဲ့ ချစ်နေတယ် ဆိုတာကို နားလည်ပါတယ်။
ဒါက လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စဖြစ်နေလို့ ကျမကို ခွဲခြား နားလည် ပေးစေချင်တယ်။ သရုပ်ဆောင်ပိုင်းမှာကြတော့ အမေ့ရဲ့အရိပ်ကို မလွှမ်းမိုး စေချင်ပါဘူး”လို့ ဆိုတယ်။
ဂျန်ဟဗီ ကပူးကို ပရိသတ်က အမေ့ခြေရာ နင်းစေချင်တယ်တဲ့ 4
ဂျန်ဟဗီ (၂၃နှစ်)က သူမရဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းပိုင်းဆိုင်ရာမှာ မိဘရဲ့ အရိပ် လွှမ်းမိုးနေတာကို မလိုချင်ပါဘူး။
သူမကို သီးခြားမြင်ပေ နိုင်လေ ပိုကောင်းလေ ပါပဲလို့လည်း ဆိုပါတယ်။ “ခေတ်က မတူတော့ဘူးလေ။ အမေတို့ခေတ်က အမေတို့ သွားနေတဲ့ ပုံစံအတိုင်း ပဲလေ ဒီဖက်ခေတ်မှာက ဒီဖက်ခေတ် ပုံစံအတိုင်း သွားနေတဲ့အတွက် ကျမကို အမေ့လို မြင်လိုက်ရင် ခေတ်နဲ့ လူ လွဲသွားမှာပေါ့။
နောက်ပြီး ကျမရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြု ရာကျနေပါတယ်”လို့ ဆိုပါတယ်။ သူမရဲ့ ၂နှစ်ကြာ ရုပ်ရှင်လုပ်ငန်း အတွေ့အကြုံမှာ သူမရဲ့အမေ ရှရီဒေဗီ အရိပ်က လွန်မြောက်စေချင်ပေမဲ့ ပရိသတ်ကတော့ ဒိကနေအထိ သူမကို သူမရဲ့အမေ ခြေရာကိုပဲ နင်းနေစေချင်ပါတယ်။
မောင်ယဿ REF: flimfare
Photo: pinterst
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
Entertainment
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ လွန်ခဲ့တဲ့ ၂လလောက်က တောင်ကိုရီးယား နဲ့ ကမ္ဘာကျော် ကေပေါ့ ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ EXO အဖွဲ့ဝင် ချန် က သူ့ရည်းစားမှာ ကိုယ်ဝန်ရ နေပြီလို့ ကြေညာပြီးနောက် မှာတော့ ပရိသက်က သူ့ကို တော်တော် ဒေါသထွက်နေပါတယ်။ ချန်ဆိုတာက EXO အဖွဲ့မှာ အချမ်းသာဆုံး ရပ်ပါ သီချင်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ပါ။ ၂၀၀၈ က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယရခဲ့စဉ်က SM ဖျော်ဖြေရေး ကုမ္ပဏီ က သူကိုသဘောကျပြီး လေ့ကျင့်ပေးခဲ့ရင်းက သူက …
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
Entertainment
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို အိန္ဒိယမှာ တောင်ပိုင်းရုပ်ရှင် ဖျော်ဖြေရေးလုပ်ငန်းတွေက ဘောလီးဝုဒ်လောက် အရေးမပါဘူးလို့ လူတွေက ဘာကြောင့် ပြောနေရလဲဆိုတာကို ကျမဖြင့် စဉ်းစားလို့ မရပါဘူး လို့ ရှရူတီဟာဆန်က ပြောပါတယ်။ သူမကတော့ ဘောလီဝုဒ်ကို မရောက်ခင် ကတည်းက တမီးလ် တလူဂူး ဟင်ဒီ စကားပြောရုပ်ရှင် လောကမှာ နောက်ခံတေးသီးချင်း အဆိုတော် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကျင်လည်ခဲ့သူပါ။ သူမက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင် လောကတွေ ကျင်လည်လာပြီး နောက်မှာတော့ တောင်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေက ဘာမှ ကွာခြားချက် မရှိ ပါဘူးလို့ ဆိုပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ …