ဂ်က္စတင္ဘီဘာနဲ႔ လက္ထပ္ၿပီးတဲ့ေနာက္မွာ အမ်ားႀကီး ေျပာင္းလဲလိုက္ရတယ္တဲ့

Cele News

ဂ်က္စတင္ဘီဘာနဲ႔ လက္ထပ္ၿပီးတဲ့ေနာက္မွာ အမ်ားႀကီး ေျပာင္းလဲလိုက္ရတယ္တဲ့

လက္ထပ္ၿပီးတာ ၁၄လၾကာၿပီးေနာက္ ေဟးေလးဘယ္ဒြင္က ဂ်က္စတင္ဘီဘာကို လက္ထပ္လိုက္ရတဲ့အတြက္ သူမအေနနဲ႔ အေျပာင္း အလဲေတြကို အမ်ားႀကီး လုပ္လိုက္ရတယ္လို႔ ဆိုတယ္။ ဒါေပမဲ့ တကယ္ေျပာင္းလဲသြားတာက ဂ်က္စတင္ဘီဘာပါ။

ဂ်က္စတင္က အခုေတာ့ ဂီတနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြကို အာ႐ုံ ျပန္စိုက္ေနပါၿပီ။ သူက သူ႔ပရိသတ္ေတြကို ျပန္လည္ ေက်းဇူးျပဳႏိုင္ဖို႔ အတြက္ အလုပ္ကို ေကာင္းေကာင္း လုပ္ေနတာပါ။ နာက်င္စရာ အတိတ္ေတြကိုလည္း ဝန္ခံတတ္ေနပါၿပီ။

ၿပီးခဲ့တဲ့လကဆိုရင္ သူ႔မွာစိတ္က် ေရာဂါ ရေနၿပီ ဆိုၿပီးေတာ့ေတာင္ ဝန္ခံမႈ လုပ္ခဲ့ပါတယ္။ သူက ဂီတကို ျပန္လုပ္ဖို႔အတြက္ စတူဒီယိုကို အသြားမွာ ဘာစိတ္ကူးမွ မထြက္တဲ့အျပင္ အခန္းထဲမွာအသံသြင္းၿပီးသား YAMMY ဆိုတဲ့ သီခ်င္းနဲ႔ ဘီလီအီးလစ္ရွ္ ရဲ႕ Bad boy ကို ပုံစံေျပာင္းထားတ ဲ့ရီမစ္ ေတြကိုလည္းလုံးဝ မႀကိဳက္ဘူး ျဖစ္ေနပါတယ္။

အဲ့ဒါနဲ႔ စတူဒီယိုအခန္းထဲကေန အျပင္ကို ေျပးထြက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲ့ဒိေနာက္ပိုင္းမွာဂ်က္တင္ဘီဘာက ကိုယ့္ကိုယ္ကို ျပန္ၿပီး ေကာင္းလာေအာင္ စိတ္က်န္းမာေရး ဆရာနဲ႔ ကုသေနရပါတယ္။ သူက မႈယစ္ေဆးဝါးေတြ အမ်ားႀကီး သုံးစြဲေနတာကလည္း ပါပါတယ္။

သူေတာ္ေတာ္ေလး တိုးတက္ေနတာကလည္း ဘယ္ဒြင္ရဲ႕ အကူ အညီေတြ အမ်ားႀကီးေၾကာင့္နဲ႔လည္း ဆိုင္ပါတယ္။ ဘယ္ဒြင္က people life style မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ သူမက သူမရဲ႕ ဘဝမွာ တစ္ခါမွ မလုပ္ဖူးတဲ့ ေျပာင္းလဲမႈေတြကို လက္ထပ္ၿပီးမွ လုပ္ေနရတယ္လို႔ ဆိုတယ္။

အစက ဂ်က္စတင္ရဲ႕ ရႈိးေတြမွာ စင္ေနာက္မွာ လိုက္ၿပီး ထိုင္ေစာင့္ေနရတယ္။ “က်မက ညဆိုရင္ သူငယ္ခ်င္းေတြနဲ႔ ကဲဖို႔အတြက္ အျပင္ကို သြားေလ့ရွိပါတယ္။ အခု ေတာ့ သူ႔ေနာက္ကို တေကာက္ေကာက္ လိုက္ေနရတယ္။ ဘာပဲျဖစ္ျဖစ္ လက္ေတြ႕ဘဝကို ရဲရဲရင္ဆိုင္ ရမွာပဲေလ။

ေျပာရင္ရီစရာ ေတာင္ ေကာင္းဦးမယ္။ အခု က်မတို႔ ၂ေယာက္လုံး အိမ္ကပ္ေနၾကတယ္။ လက္မထပ္ခင္ကတည္းက က်မတို႔ ၂ေယာက္က ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ေၾကးလို႔ ကတိကဝတ္ ျပဳၿပီးသားပါ။

အခုေတာ့ က်မသိလာတာက ဇိမ္ခံပစၥည္းေတြ ဘယ္ေလာက္ ရွိေနပါေစ ေႏြးေထြးတဲ့ မိသားစုဆိုတာ ကိုယ္တိုင္ တည္ေဆာက္ရတယ္ ဆိုတာကိုပါပဲ။ အဲ့ဒါနဲ႔ ပတ္သက္လို႔ က်မ ေနာင္တမရပါဘူး။ အရင္ဘဝကို လည္း ျပန္မသြားေတာ့ပါဘူး”လို႔ ဆိုပါတယ္။

တကယ္ေတာ့ ဂ်က္စတင္ဘီဘာရဲ႕ ဘဝနဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈကို ႀကိဳက္တယ္လို႔ ဆိုတဲ့သူတိုင္းက သူရဲ႕ ဂြၽတ္ဆတ္ဆတ္ အမူအယာနဲ႔ လြတ္လပ္ေပ့ါပါး တဲ့ လူေနမႈ ဘဝပုံစံကို ႀကိဳက္ၾကတာပါ။ လူေတြ က သူ႔ရဲ႕ ဂီတထက္ ႐ိုင္းျပျပ ဆက္ဆံမႈေတြကို ပိုရခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ အိမ္ေထာင္က်သြားၿပီး ဘဝကိုတည္ၿငိမ္ေအာင္ ႀကိဳးစားေနတဲ့သူက ပရိသက္ကို ဂီတကလြဲၿပီး ဘာမွ ေပးစရာ မရွိေတာ့ပါဘူး။

ေမာင္ယႆ REF: Hollywood gossip

Unicode

ဂျက်စတင်ဘီဘာနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ အများကြီး ပြောင်းလဲလိုက်ရတယ်တဲ့

လက်ထပ်ပြီးတာ ၁၄လကြာပြီးနောက် ဟေးလေးဘယ်ဒွင်က ဂျက်စတင်ဘီဘာကို လက်ထပ်လိုက်ရတဲ့အတွက် သူမအနေနဲ့ အပြောင်း အလဲတွေကို အများကြီး လုပ်လိုက်ရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ တကယ်ပြောင်းလဲသွားတာက ဂျက်စတင်ဘီဘာပါ။

ဂျက်စတင်က အခုတော့ ဂီတနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အာရုံ ပြန်စိုက်နေပါပြီ။ သူက သူ့ပရိသတ်တွေကို ပြန်လည် ကျေးဇူးပြုနိုင်ဖို့ အတွက် အလုပ်ကို ကောင်းကောင်း လုပ်နေတာပါ။ နာကျင်စရာ အတိတ်တွေကိုလည်း ဝန်ခံတတ်နေပါပြီ။

ပြီးခဲ့တဲ့လကဆိုရင် သူ့မှာစိတ်ကျ ရောဂါ ရနေပြီ ဆိုပြီးတော့တောင် ဝန်ခံမှု လုပ်ခဲ့ပါတယ်။ သူက ဂီတကို ပြန်လုပ်ဖို့အတွက် စတူဒီယိုကို အသွားမှာ ဘာစိတ်ကူးမှ မထွက်တဲ့အပြင် အခန်းထဲမှာအသံသွင်းပြီးသား YAMMY ဆိုတဲ့ သီချင်းနဲ့ ဘီလီအီးလစ်ရှ် ရဲ့ Bad boy ကို ပုံစံပြောင်းထားတ ဲ့ရီမစ် တွေကိုလည်းလုံးဝ မကြိုက်ဘူး ဖြစ်နေပါတယ်။

အဲ့ဒါနဲ့ စတူဒီယိုအခန်းထဲကနေ အပြင်ကို ပြေးထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒိနောက်ပိုင်းမှာဂျက်တင်ဘီဘာက ကိုယ့်ကိုယ်ကို ပြန်ပြီး ကောင်းလာအောင် စိတ်ကျန်းမာရေး ဆရာနဲ့ ကုသနေရပါတယ်။ သူက မှုယစ်ဆေးဝါးတွေ အများကြီး သုံးစွဲနေတာကလည်း ပါပါတယ်။

သူတော်တော်လေး တိုးတက်နေတာကလည်း ဘယ်ဒွင်ရဲ့ အကူ အညီတွေ အများကြီးကြောင့်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်ဒွင်က people life style မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူမက သူမရဲ့ ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ပြောင်းလဲမှုတွေကို လက်ထပ်ပြီးမှ လုပ်နေရတယ်လို့ ဆိုတယ်။

အစက ဂျက်စတင်ရဲ့ ရှိုးတွေမှာ စင်နောက်မှာ လိုက်ပြီး ထိုင်စောင့်နေရတယ်။ “ကျမက ညဆိုရင် သူငယ်ချင်းတွေနဲ့ ကဲဖို့အတွက် အပြင်ကို သွားလေ့ရှိပါတယ်။ အခု တော့ သူ့နောက်ကို တကောက်ကောက် လိုက်နေရတယ်။ ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝကို ရဲရဲရင်ဆိုင် ရမှာပဲလေ။

ပြောရင်ရီစရာ တောင် ကောင်းဦးမယ်။ အခု ကျမတို့ ၂ယောက်လုံး အိမ်ကပ်နေကြတယ်။ လက်မထပ်ခင်ကတည်းက ကျမတို့ ၂ယောက်က ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေးလို့ ကတိကဝတ် ပြုပြီးသားပါ။

အခုတော့ ကျမသိလာတာက ဇိမ်ခံပစ္စည်းတွေ ဘယ်လောက် ရှိနေပါစေ နွေးထွေးတဲ့ မိသားစုဆိုတာ ကိုယ်တိုင် တည်ဆောက်ရတယ် ဆိုတာကိုပါပဲ။ အဲ့ဒါနဲ့ ပတ်သက်လို့ ကျမ နောင်တမရပါဘူး။ အရင်ဘဝကို လည်း ပြန်မသွားတော့ပါဘူး”လို့ ဆိုပါတယ်။

တကယ်တော့ ဂျက်စတင်ဘီဘာရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှုကို ကြိုက်တယ်လို့ ဆိုတဲ့သူတိုင်းက သူရဲ့ ဂျွတ်ဆတ်ဆတ် အမူအယာနဲ့ လွတ်လပ်ပေ့ါပါး တဲ့ လူနေမှု ဘဝပုံစံကို ကြိုက်ကြတာပါ။ လူတွေ က သူ့ရဲ့ ဂီတထက် ရိုင်းပြပြ ဆက်ဆံမှုတွေကို ပိုရခဲ့ပါတယ်။

ဒီကနေ့မှာတော့ အိမ်ထောင်ကျသွားပြီး ဘဝကိုတည်ငြိမ်အောင် ကြိုးစားနေတဲ့သူက ပရိသက်ကို ဂီတကလွဲပြီး ဘာမှ ပေးစရာ မရှိတော့ပါဘူး။

မောင်ယဿ REF: Hollywood gossip

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …