ဂ်က္စတင္ဘီဘာက စိတ္ဒဏ္ရာေတြ ေပးခဲ့တယ္လို႔ ဆယ္လီနာဂိုးမက္ဇ္ဆို
- By : Phoe Linn
- Category : International-news

ဂ်က္စတင္ဘီဘာက စိတ္ဒဏ္ရာေတြ ေပးခဲ့တယ္လို႔ ဆယ္လီနာဂိုးမက္ဇ္ဆို
မၾကာေသးခင္က RARE သီခ်င္း အယ္လ္ဘမ္ ထြက္ရွိ ခဲ့တဲ့ ဆယ္လီနာဂိုးမက္ဇ္က သူမအေနနဲ႔ အလြန္ ခက္ခဲတဲ့ ဆယ္စုႏွစ္ တစ္ဝက္ကို ေက်ာ္ျဖတ္ ႏိုင္ ခဲ့ပါၿပီလို႔ ဆိုတယ္ ။ အသက္၂၇ ႏွစ္အ႐ြယ္ ေရာက္လာလို႔ တတ္ႏိုင္ သေလာက္ ရင့္က်က္ဖို႔ ႀကိဳးစား ေနေပမဲ့ သူမရဲ႕ ႐ုပ္ပိုင္း ဆိုင္ရာေရာ စိတ္ပိုင္း ဆိုင္ရာပါ အျပည့္အ၀ မက်န္းမာလာေသးဘူးလို႔လည္း သူမက ဆိုတယ္ ။
သူမရဲ႕အယ္လ္ဘမ္တစ္ခုလုံးက သီခ်င္းေတြက ရီးစားေဟာင္း ႏွိပ္စက္ ခဲ့သမွ်ဒဏ္ကို အလူးအလဲခံေနခဲ့ရေၾကာင္းကို ရည္ၫႊန္း ဆိုေနတာပါပဲ ။ ဝီကန႔္ အက္ဒီရွင္ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ က်မ သီခ်င္း ေတြက အမုန္းတရား ေတြနဲ႔ ျပည့္ေနတဲ့ သီခ်င္းေတြ မဟုတ္ပါဘူး ။ ဒါေပမဲ့ သူကို ရည္ၫႊန္း တာကိုေတာ့ တည့္ေျပာ ပါရေစလို႔ ေျပာခဲ့ပါတယ္ ။
က်မတို႔မွာ လွပတဲ့ ေန႔ရက္ေတြ ရွိခဲ့တယ္ဆိုတာ မျငင္းပါဘူး ။ တျဖည္းျဖည္းနဲ႔ သိလာတာကေတာ့ အခ်ိန္ေတြက အရမ္းကို ခက္ခဲလာ ခဲ့တယ္ ။ ေနာက္ေတာ့ ေပ်ာ္႐ႊင္ခဲ့တယ္ ဆိုတာေတြက ေက်ာ္လြန္သြားခဲ့ပါတယ္ ။ လြန္ခဲ့တဲ့ ႏွစ္ေတြမွာ ခက္ခဲတယ္ဆိုတဲ့ အပိုင္း ေတြကို ရင္ဆိုင္ခဲ့ရတယ္ ။ သူနဲ႔က်မရဲ႕ဆက္ဆံေရးက ခ်စ္သူ ဆိုတဲ့အဆင့္ ဘယ္ေရာက္ေနမွန္းကိုမသိရေတာ့ပါဘူး။
ဒါေတြက က်မကို ခြန္အားေတြ ျဖစ္ေစခဲ့ပါတယ္။ စိတ္ဒဏ္ရာ ေထာင္ေခ်ာက္ထဲ ကေနေတာ့ မလြတ္ႏိုင္ခဲ့ ေသးပါဘူး။ က်မ မ႐ိုေသ့စကားေျပာတာေတာ့ မဟုတ္ပါဘူး။ သူ က်မကို လူလို႔မဆက္ဆံခဲ့ဘူးလို႔ ပဲ အၿမဲခံစားေနခဲ့ရပါတယ္။
ဆယ္လီနာဂိုးမက္ဇ္က ဂ်က္စတင္ဘီဘာနဲ႔ လမ္းခြဲခဲ့ရၿပီးေနာက္ပိုင္းမွာ သူမရဲ႕က်ိဳးပ်က္ေနတဲ့ စိတ္ခံစားခ်က္ေတြကို ႏွစ္ေတာ္ေတာ္ ၾကာေအာင္ ကုစားေနခဲ့ရပါတယ္။ သူက သူမကို သူျဖစ္ေစခ်င္တာေတြ သူ႔စိတ္ထဲထင္တာေတြကို အတင္းဝန္ခံခိုင္းခဲ့တယ္။ သူက ငယ္ငယ္႐ြယ္႐ြယ္ နဲ႔ေအာင္ျမင္ေက်ာ္ၾကား ႂကြယ္ဝခ်မ္းသာလာလို႔ သူမက မနာလိုျဖစ္ေနတယ္မဟုတ္လားဆိုတာကို အတင္းဝန္ခံခိုင္းတာမ်ိဳး တစ္ေယာက္ေယာက္က သူ႔ကိုခ်စ္လာၿပီဆိုရင္ ေဝးေဝးေနေစခ်င္ေနတယ္ မဟုတ္လား ဆိုတာမ်ိဳးေတြ ကိုေျပာၿပီး စိတ္ဒုကၡေတြ ေပးခဲ့ပါတယ္။
ေနာက္ေတာ့ သူတို႔ရဲ႕ဆက္ဆံေရးက ဒီအတိုင္းဆက္သြားေနရင္ ေၾကာက္စရာေကာင္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ျဖစ္လာႏိုင္တဲ့ အတြက္ေၾကာင့္ ဆက္ဆံေရးကို အဆုံးသတ္လိုက္ရတာပါလို႔ သူမက ေျပာခဲ့ပါတယ္။
ေမာင္ယႆ REF:the cut com
Unicode
ဂျက်စတင်ဘီဘာက စိတ်ဒဏ်ရာတွေ ပေးခဲ့တယ်လို့ ဆယ်လီနာဂိုးမက်ဇ်ဆို
မကြာသေးခင်က RARE သီချင်း အယ်လ်ဘမ် ထွက်ရှိ ခဲ့တဲ့ ဆယ်လီနာဂိုးမက်ဇ်က သူမအနေနဲ့ အလွန် ခက်ခဲတဲ့ ဆယ်စုနှစ် တစ်ဝက်ကို ကျော်ဖြတ် နိုင် ခဲ့ပါပြီလို့ ဆိုတယ် ။ အသက်၂၇ နှစ်အရွယ် ရောက်လာလို့ တတ်နိုင် သလောက် ရင့်ကျက်ဖို့ ကြိုးစား နေပေမဲ့ သူမရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာပါ အပြည့်အ၀ မကျန်းမာလာသေးဘူးလို့လည်း သူမက ဆိုတယ် ။
သူမရဲ့အယ်လ်ဘမ်တစ်ခုလုံးက သီချင်းတွေက ရီးစားဟောင်း နှိပ်စက် ခဲ့သမျှဒဏ်ကို အလူးအလဲခံနေခဲ့ရကြောင်းကို ရည်ညွှန်း ဆိုနေတာပါပဲ ။ ဝီကန့် အက်ဒီရှင် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ကျမ သီချင်း တွေက အမုန်းတရား တွေနဲ့ ပြည့်နေတဲ့ သီချင်းတွေ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူကို ရည်ညွှန်း တာကိုတော့ တည့်ပြော ပါရစေလို့ ပြောခဲ့ပါတယ် ။
ကျမတို့မှာ လှပတဲ့ နေ့ရက်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းပါဘူး ။ တဖြည်းဖြည်းနဲ့ သိလာတာကတော့ အချိန်တွေက အရမ်းကို ခက်ခဲလာ ခဲ့တယ် ။ နောက်တော့ ပျော်ရွှင်ခဲ့တယ် ဆိုတာတွေက ကျော်လွန်သွားခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်တွေမှာ ခက်ခဲတယ်ဆိုတဲ့ အပိုင်း တွေကို ရင်ဆိုင်ခဲ့ရတယ် ။ သူနဲ့ကျမရဲ့ဆက်ဆံရေးက ချစ်သူ ဆိုတဲ့အဆင့် ဘယ်ရောက်နေမှန်းကိုမသိရတော့ပါဘူး။
ဒါတွေက ကျမကို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ စိတ်ဒဏ်ရာ ထောင်ချောက်ထဲ ကနေတော့ မလွတ်နိုင်ခဲ့ သေးပါဘူး။ ကျမ မရိုသေ့စကားပြောတာတော့ မဟုတ်ပါဘူး။ သူ ကျမကို လူလို့မဆက်ဆံခဲ့ဘူးလို့ ပဲ အမြဲခံစားနေခဲ့ရပါတယ်။
ဆယ်လီနာဂိုးမက်ဇ်က ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲခဲ့ရပြီးနောက်ပိုင်းမှာ သူမရဲ့ကျိုးပျက်နေတဲ့ စိတ်ခံစားချက်တွေကို နှစ်တော်တော် ကြာအောင် ကုစားနေခဲ့ရပါတယ်။ သူက သူမကို သူဖြစ်စေချင်တာတွေ သူ့စိတ်ထဲထင်တာတွေကို အတင်းဝန်ခံခိုင်းခဲ့တယ်။ သူက ငယ်ငယ်ရွယ်ရွယ် နဲ့အောင်မြင်ကျော်ကြား ကြွယ်ဝချမ်းသာလာလို့ သူမက မနာလိုဖြစ်နေတယ်မဟုတ်လားဆိုတာကို အတင်းဝန်ခံခိုင်းတာမျိုး တစ်ယောက်ယောက်က သူ့ကိုချစ်လာပြီဆိုရင် ဝေးဝေးနေစေချင်နေတယ် မဟုတ်လား ဆိုတာမျိုးတွေ ကိုပြောပြီး စိတ်ဒုက္ခတွေ ပေးခဲ့ပါတယ်။
နောက်တော့ သူတို့ရဲ့ဆက်ဆံရေးက ဒီအတိုင်းဆက်သွားနေရင် ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ရတာပါလို့ သူမက ပြောခဲ့ပါတယ်။
မောင်ယဿ REF:the cut com
No Comments