ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားဖြစ်သွားတဲ့ တွမ်ဟန့်တို့ ဇနီးမောင်နှံ
International-news
ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားဖြစ်သွားတဲ့ တွမ်ဟန့်တို့ ဇနီးမောင်နှံ
အမေရိကန် ရုပ်ရှင်လောက က စတား တစ်ယောက်ဖြစ်တဲ့ တွမ်ဟန့် နဲ့ သူ့ဇနီး ရီတာဝီလ်ဆင်ကို ဂရိနိုင်ငံ ဝန်ကြီးချုပ်က ဂရိနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတွေအဖြစ်နဲ့ ကြေညာလိုက်ပါတယ်။ သူတို့ဇနီး မောင်နှံကို ဂရိနိုင်ငံဝန်ကြီးချုပ်က ပတ်စ်ပို့ တွေကို ထုတ်ပေးရင် အတူတွဲ ပြီး ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။
ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားဖြစ်သွားတဲ့ တွမ်ဟန့်တို့ ဇနီးမောင်နှံ1
နောက်ပြီးတော့ သူတို့တွဲရိုက်ထားတဲ့ပုံကို ဝန်ကြီးချုပ်က သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပြီး “ သူတို့တွေက အခုတော့ ဂုဏ်ယူဖွယ်ကောင်းတဲ့ ဂရိနိုင်ငံသားတွေ ဖြစ်သွားပါပြီ” လို့ ပုံစာတပ်ခဲ့ပါတယ်။
တကယ်တော့ ၂၀၁၈ ခုနှစ်တုန်းက အေသင်မြို့ အနီးမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုနဲ့ ပတ်သက်ပြီး တွမ်ဟန့်တို့ ဇနီးမောင်နှံက အစွမ်းကုန် ကူညီမှုတွေပေးခဲ့တဲ့ အတွက်ကြောင့် မနှစ်ကတည်းက သူတို့မိသားစုကို ဂရိနိုင်ငံသားအဖြစ် သက်မှတ်ပေးခဲ့တာပါ။
အခုတော့ တရားဝင် ပတ်စ်ပို့ ထုတ်ပေးပြီး ဂုဏ်ပြုလိုက်တာပါ။ ဂရိမီဒီယာတွေရဲ့ အဆိုအရ ဝန်ကြီးချုပ်နဲ့ သူတို့မိသားစုက ဂရိနိုင်ငံပိုင် အန်တီပါရို ကျွန်းမှာ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
၂၀၁၈ ဂရိတောမီးက ပင်လယ်ကမ်းခြေ ရွာတစ်ရွာဖြစ်တဲ့ မာတီရွာကို ရွာလုံးကျွတ် မီးလောင်ကျွမ်းခဲ့တာပါ။ ရာနဲ့ ချီတဲ့ ရွာသူရွာသားတွေ သေကြေခဲ့ကြပါတယ်။ ဂရိပြည်ထဲရေးဝန်ကြီးက “တွမ်ဟန့်က မာတီရွာ မီးလောင်ခံရမှုနဲ့ ပတ်သက်ပြီး တကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။
သူက ကမ္ဘာ့မိဒီယာတွေ သတိထားမိလာအောင် လုပ်ပေးတဲ့အပြင် တောမီးဘေးသင့်တဲ့ သူတွေကို အစွမ်းကုန် ကူညီပေးခဲ့ပါတယ်”လို့ ဆိုတယ်။ ဂရိနိုင်ငံသမ္မတဟောင်းက သူတို့ ဇနီးမောင်နှံကို ချွင်းချက်မရှိ ဂရိနိုင်ငံသားအဖြစ် လက်မှတ် ထိုးထောက်ခံ ခဲ့ပါတယ်။
သူတို့လင်မယား ၂ယောက်လုံးက ဂရိမျိုးနွယ်တွေဖြစ်ပြီး သူတို့ အားလပ်ရက်ရတိုင်း ဂရိနိုင်ငံကို နှစ်စဉ်သွားရောက် လည်ပတ်လေ့ရှိပါတယ်။ ဂရိနိုင်ငံမှာ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတော်တော်များများ ရှိတဲ့အပြင် ရင်နှီးမြုပ်နှံထားမှုတွေလည်း ရှိပါတယ်။
“ဂရိနိုင်ငံက နတ်ဘုံနတ်နန်းတစ်ခုပါဗျာ။ ကျနော်တစ်ကမ္ဘာလုံးနီးပါး ရောက်ဖူးပါတယ်။ ဂရိက အလှဆုံးပဲဗျ။ သူ့ရဲ့မြေ ရေ လေတွေက စိတ်ဒဏ်ရာရနေတဲ့ သူတွေအတွက် အကောင်းဆုံး ကုသဆေးပါပဲ”လို့ တွမ်ဟန့်က ဆိုတယ်။
မောင်ယဿ REF: bbc, Photo; cnn
Zawgyi
ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားဖြစ်သွားတဲ့ တွမ်ဟန့်တို့ ဇနီးမောင်နှံ2
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …