ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ

Health

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ

ဂနိုရီးယာ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာပေါက်ခြင်း) ရောဂါပိုးက ကူးစက်ရောဂါပိုးတွေထဲ ဆေးမတိုးတဲ့ ကူးစက်ရောဂါဖြစ်လို့ ကုသရန်ခက်ခဲတဲ့ ရောဂါဖြစ်ပါတယ်။

အခုတော့ အဲ့ဒိဂနိုရီးယားကို သောက်ဆေး တစ်မျိုးတည်းနဲ့ ဆေးရုံ ဆေးခန်း သွားစရာမလိုဘဲ ပျောက်ကင်းတဲ့ နည်းသစ်တစ်ခု တွေ့ရှိခဲ့ပါတယ်လို့ သောကြာနေ့ထုတ် ကူးစက်ရောဂါပိုး စမ်းသက်ချက် လေ့လာမှု စာတမ်းမှာ ပါရှိလာပါတယ်။

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ1

လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များတဲ့ ကူးစက် ရောဂါကတော့ ဂနိုရောဂါ ပါပဲ။ အဲ့ဒိ ရောဂါပိုးက ဆီးလမ်းကြောင်းထဲမှာ အနာတွေ ဖြစ်စေ တတ်ပါတယ်။

ဆီးထဲမှာ အဖြူနစ်တွေ ပါလာတတ်တာတွေ၊ ဆီးလမ်းချောင်း နာလာတာတွေ၊ တစ်ချို့ ပါးစပ်နဲ့ လိင်ဆက်ဆံ သူတွေမှာ လည်ချောင်း နာလာတာတွေ ၊ ဗိုက်အောက်ပိုင်း နာကျင် ကိုက်ခဲတာတွေ ၊ အဖျားတက်တာတွေက ဂနိုရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏါတွေပါ။

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ2

အမျိုးသားရော အမျိုးသမီးပါ ကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကား မှာဆိုရင် နှစ်စဉ် လိင်ဆက်ဆံခြင်းကြောင့် ရောဂါကူးစက် ခံရသူ ၆သိန်းကျော်မှာ ၃သိန်းလောက်က ဂနိုရောဂါ ကူးစက် ခံရတာပါ။

ကူးစက်ရောဂါပိုး ဘတ်တီးရီးယား ၅မျိုးမှာ ၃မျိုးလောက်က ဆေးမတိုး ပြဿနာ ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘတ်တီးရီးယားတွေက ပိုးသတ်ဆေး ပီးလာတဲ့ ဗီဇထွန်းခြင်းတွေ ဖြစ်တတ်လို့ပါပဲ။

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ3

ဂနိုရီးယား ပိုးတွေ ဆေးပီးလာတဲ့ အခါမှာ ဆက်ဖ်ထရီယာဇုံး ထိုးဆေးနဲ့ ထိုးပြီး ပိုးသတ် ရပါတယ်။ ဆေးက ဈေးကြီးတဲ့အပြင် ကိုယ်လက် နာကျင် ကိုက်ခဲမှုကို ဖြစ်စေပါတယ်။

အခု သောက်ဆေး နည်းသစ်ကတော့ ဆိုက်ပရိုဖလောက်ဇာစင်း ဆေးကို သောက်ရုံနဲ့တင် ဂနိုရောဂါကို ပျောက်ကင်း စေပါတယ်လို့ ဆိုလာတာပါပဲ။ သုတေသီတွေက နဂိုရှိပြီးသား ဆိုက်ပရိုတွေကို နည်းပညာ အဆင့်မြှင့်လိုက်ပြီး ဂနိုပိုးတွေမှာ ဗီဇထွန်းကာ ဆေးပီးခြင်း မဖြစ်အောင် လုပ်လိုက်နိုင်ပါပြီ။

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ4

သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကလူဆာနာနဲ့ အဖွဲ့က ၂၀၀၆ ခုနှစ်ကတည်းက အဲ့ဒိဆေးကို စမ်းသက်ချက်တွေ လုပ်နေတာပါ။ သူတို့က ဂနိုရောဂါသည်တွေကို ဆိုက်ပရိုဆေးတွေပေးပြီး ရောဂါကုသ စောင့်ကြည့် ခဲ့ပါတယ်။ ရာပေါင်းများစွာသော လူနာတွေကို ပျောက်ကင်းအောင် ကုသ ပေးနိုင်ခဲ့ပေမဲ့ သူတို့က ဒိထက်ပို စမ်းသက်ချင်နေသေးတယ်လို့ ဆိုပါတယ်။

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ5

“ဆေးတစ်လုံး သောက်ရုံ နဲ့ ဆေးထိုးစရာ မလိုတော့တာက လူနာတွေကို ဆေးရုံ ဆေးခန်းသွားပြီး ကုန်ကျစရိတ်တွေ များနေမှာကို လျှော့ချပေးနိုင်မှာပါ။ ဆေးခန်းသွားပြီးဆေးထိုးမဲ့အစား ဆေးဆိုင်မှာ ဆေးသွားဝယ် သောက်လိုက်တာက ပိုပြီးလွယ်ကူ ထိရောက်သွားစေ တာပဲ မဟုတ်လား”လို့ သူက ဆိုပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi













No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …