ဂင်းနစ် ကမ္ဘာစံချိန် ချိုးဖို့ မိုင် ၇၀၀၀ကျော်ကို ၁လနဲ့ စက်ဘီး စီးပြသူ

ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ
International-news

ဂင်းနစ် ကမ္ဘာစံချိန် ချိုးဖို့ မိုင် ၇၀၀၀ကျော်ကို ၁လနဲ့ စက်ဘီး စီးပြသူ

မန်နီတိုဘာမြို့က စက်ဘီး သမားတစ်ယောက်က သူ့ရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့စံချိန်အတွက် တစ်လအတွင်း မိုင် ၇၀၀၀ကျော် စက်ဘီး စီးပြဖို့အတွက် ကြိုးစားနေပါတယ်။

ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ1
အာဗစ်လီဝမ် (၆၆နှစ်) ဆိုသူက ၂၀၁၇ခုနှစ်တုန်းက ဗြိတိန်စက်ဘီး သမား မာ့ခ်ဗျူးမောင့် တင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန် တစ်လအတွင်း ၇၀၃၁ မိုင်ကို ချိုးဖြတ်နိုင်ဖို့အတွက် သူရဲ့ လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေက စတင်ခဲ့ပါတယ်။ သူက ကြာသပတေးနေ့ ညနေက စတင်ပြီး ရက် ၃၀ တိတိ စက်ဘီး စီးတော့မှာပါလို့ သတင်းစာ သမားတွေကို ရှင်းပြခဲ့ပါတယ်။

“ကျနော်က စံချိန်ဟောင်းကို ချိုးဖို့အတွက် စက်ဘီးကို အကောင်းဆုံး စီးပြမှာပါ။ နောက်ပြီးတော့ ကျနော့်စံချိန်ကို နောက်လူက နည်းနည်းလေး အားပိုထည့်ပြီး မချိုးနိုင်အောင် စံချိန်ကို ကွာနိုင်သလောက် ကွာအောင် စံချိန်ကို တင်ထားမှာပါ”လို့ အာဗစ်လီဝမ်က CBC သတင်းဌာနကို ရှင်းပြပါတယ်။

ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ

သူက ၁၈.၅မိုင် ကွာဝေးတဲ့ ဝင်နီပက်မြို့ ကနေ လော့ပို့မြို့ကို အသွားအပြန် နင်းမှာပါ။ အဲ့ဒိမြို့ ၂မြို့ ကို အပြန်အလှန်စီးပြီး မိုင်ကို တွက်ရင် သူက အနည်းဆုံး တစ်လအတွင်း အခေါက်ရေ ၄၅၀ ကျော်အောင် နင်းရမှာပါ။ အနည်းဆုံး တစ်ရက်ကို ၁၅ခေါက် နင်းရမှာပါ။

ကျန်းမာရေး နဲ့ ရာသီဥတု တစ်စုံတစ်ရာ မဖောက်ပြန်ဘူး ဆိုရင်တောင် သူ့အနေနဲ့ အဲ့ဒိစံချိန်ကို ပြီးစီးအောင် တော်တော် လုပ်ယူရမှာပါ။ ကြာသပတေး မနက် ၇နာရီမှာ ဂင်းနစ် ကမ္ဘာစံချိန်တင်တဲ့အဖွဲ့ကို တရားဝင်အကြောင်းကြားပြီး စတင်ခဲ့ပါတယ်။ သူက ဇူလိုင်လ ၃၀ရက်နေ့မှ စပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ ပြီဆုံးမှာပါ။

သူက ၂၀၁၁ တုန်းက လည်း စက်ဘီးစီး စံချိန်တစ်ခု တင်ထားခဲ့ပြီး ကနေဒါနိုင်ငံရဲ့ စက်ဘီး အမြန်စီးနိုင်သူ အဖြစ်လည်း မှတ်တမ်း ဝင်ခံထားရသူ ဖြစ်ပါတယ်။

မောင်ယဿ, REF: upi, Photo; upi

Zawgyi

ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ

မန္နီတိုဘာၿမိဳ႕က စက္ဘီး သမားတစ္ေယာက္က သူ႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ကမာၻ႔စံခ်ိန္အတြက္ တစ္လအတြင္း မိုင္ ၇၀၀၀ေက်ာ္ စက္ဘီး စီးျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။
ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ
အာဗစ္လီဝမ္ (၆၆ႏွစ္) ဆိုသူက ၂၀၁၇ခုႏွစ္တုန္းက ၿဗိတိန္စက္ဘီး သမား မာ့ခ္ဗ်ဴးေမာင့္ တင္ထားခဲ့တဲ့ ကမာၻ႔စံခ်ိန္ တစ္လအတြင္း ၇၀၃၁ မိုင္ကို ခ်ိဳးျဖတ္ႏိုင္ဖို႔အတြက္ သူရဲ႕ လုပ္ငန္းစဥ္ေတြကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညေနက စတင္ခဲ့ပါတယ္။ သူက ၾကာသပေတးေန႔ ညေနက စတင္ၿပီး ရက္ ၃၀ တိတိ စက္ဘီး စီးေတာ့မွာပါလို႔ သတင္းစာ သမားေတြကို ရွင္းျပခဲ့ပါတယ္။

“က်ေနာ္က စံခ်ိန္ေဟာင္းကို ခ်ိဳးဖို႔အတြက္ စက္ဘီးကို အေကာင္းဆုံး စီးျပမွာပါ။ ေနာက္ၿပီးေတာ့ က်ေနာ့္စံခ်ိန္ကို ေနာက္လူက နည္းနည္းေလး အားပိုထည့္ၿပီး မခ်ိဳးႏိုင္ေအာင္ စံခ်ိန္ကို ကြာႏိုင္သေလာက္ ကြာေအာင္ စံခ်ိန္ကို တင္ထားမွာပါ”လို႔ အာဗစ္လီဝမ္က CBC သတင္းဌာနကို ရွင္းျပပါတယ္။

ဂင္းနစ္ ကမာၻစံခ်ိန္ ခ်ိဳးဖို႔ မိုင္ ၇၀၀၀ေက်ာ္ကို ၁လနဲ႔ စက္ဘီး စီးျပသူ4

သူက ၁၈.၅မိုင္ ကြာေဝးတဲ့ ဝင္နီပက္ၿမိဳ႕ ကေန ေလာ့ပို႔ၿမိဳ႕ကို အသြားအျပန္ နင္းမွာပါ။ အဲ့ဒိၿမိဳ႕ ၂ၿမိဳ႕ ကို အျပန္အလွန္စီးၿပီး မိုင္ကို တြက္ရင္ သူက အနည္းဆုံး တစ္လအတြင္း အေခါက္ေရ ၄၅၀ ေက်ာ္ေအာင္ နင္းရမွာပါ။ အနည္းဆုံး တစ္ရက္ကို ၁၅ေခါက္ နင္းရမွာပါ။

က်န္းမာေရး နဲ႔ ရာသီဥတု တစ္စုံတစ္ရာ မေဖာက္ျပန္ဘူး ဆိုရင္ေတာင္ သူ႔အေနနဲ႔ အဲ့ဒိစံခ်ိန္ကို ၿပီးစီးေအာင္ ေတာ္ေတာ္ လုပ္ယူရမွာပါ။ ၾကာသပေတး မနက္ ၇နာရီမွာ ဂင္းနစ္ ကမာၻစံခ်ိန္တင္တဲ့အဖြဲ႕ကို တရားဝင္အေၾကာင္းၾကားၿပီး စတင္ခဲ့ပါတယ္။ သူက ဇူလိုင္လ ၃၀ရက္ေန႔မွ စၿပီး ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ၿပီဆုံးမွာပါ။

သူက ၂၀၁၁ တုန္းက လည္း စက္ဘီးစီး စံခ်ိန္တစ္ခု တင္ထားခဲ့ၿပီး ကေနဒါႏိုင္ငံရဲ႕ စက္ဘီး အျမန္စီးႏိုင္သူ အျဖစ္လည္း မွတ္တမ္း ဝင္ခံထားရသူ ျဖစ္ပါတယ္။

ေမာင္ယႆ, REF: upi, Photo; upi

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …