
Health




သံလွင်ဆီ စစ်စစ်””


ကြက်သွန်ဖြူ””




စမုန်နက်””’


ဂရိတ်ဖရုသီး””



စန္ဒီမြင့်မိုရ်#

Unicode

ခန္ဓာကိုယ် သွယ်လျ စေရန် နမ်းပါရှုပါ

သင့် ခန္ဓာကိုယ်ကို သွယ်လျစေရန် စားသုံးရန် မဟုတ်ပဲ နမ်းရန် ရှုရန်အစာ ငါးမျိုးရှိတယ် ဆိုတာသင် သိပါရဲ့လား

အချို့ အနံတွေဟာ ရှုရှိုက် မိတဲ့အခါမျိုးမှာ သင့်ကို အစာစားချင်စိတ် ဖြစ်အောင် မြူဆွယ်တတ်ကြသလို အချို့ အနံတွေကတော့ အစာစားချင်စိတ်ကို လျော့ပါးစေပါတယ် ၊ အခု ဖော်ပြမဲ့အစားအစာ တွေဟာ သူတို့ရဲ့အနံကို ရှုသွင်းလိုက်တာနဲ့တင် သင့်ကို အစာစားချင်စိတ် လျှော့ချပေးပြီး ကိုယ်အလေးချိန် လျော့ကျအောင် ကူညီနိုင်ပါတယ် ။

သံလွင်ဆီ စစ်စစ်””

ဂျာမန် သုတေသနပညာရှင် တို့ရဲ့လေ့လာ တွေ့ရှိမှု တစ်ခုအရ သံလွင်ဆီ စစ်စစ်ကို အနံ့ ရှုရှိုက်လိုက်တဲ့အခါမှာ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေနိုင်ပါတယ်လို့ ဆိုပါတယ် ။ ဒိန်ချဉ်ကို သံလွင်ဆီ ထည့်သောက်ပေးပြီး သံလွင်ဆီ စစ်စစ်ကို ရှုပေးခြင်းဟာ ကိုယ်အလေးချိန် တက်နေမှုကိုလျှော့ချ ပေးပါလိမ့်မယ် ။

ကြက်သွန်ဖြူ””

ကြက်သွန်ဖြူရဲ့စူးရှတဲ့ရနံဟာ အစားအစာတွေကို အနည်းငယ်ချင်းစီ သာ စားသောက်လိုစိတ်ကိုဖြစ်ပေါ်စေ တယ်လို့ဆိုပါတယ် ။ ကြက်သွန်နီနဲ့ ငြုပ်သီးတို့လို စူးရှတဲ့အနံနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ ဟာလည်း အနံ့ကို ရှုရှိုက်ပေးပြီးစားသုံးရင်အစာကို များစွာ မစားစေတော့ပဲကိုယ်အလေးချိန် လျှော့ကျစေတယ်လို့ ဆိုပါတယ် ။

အစိမ်းရောင် ပန်းသီးနဲ့ ငှက်ပျောသီး””

အနံ့နဲ့ အရသာ ကုသမှုဆိုင်ရာ လေ့လာတွေ့ရှိချက် တစ်ခုအရ ထိုအနံတို့ကို ရှုရှိုက်သူ ကိုယ်အလေးချိန် တက်နေသူများဟာ မရှုရှိုက်သူ ကိုယ်အလေးချိန် တက်သူများထက် ကိုယ်အလေးချိန် လျှော့ကျမှု ဝိတ်ဆုံးရှုံးသွား မှုပိုများကြောင်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ် ။ သဘာဝကျကျ ချိုမြိန်တဲ့အစားအစာရဲ့အနံ့တွေက်ုရှုရှိုက်ပေးခြင်းဟာကိုယ်အလေးချိန်ကိုလျှော့ကျစေရန် အစာစားချင်စိတ်ကို အဟန့်အတားပြုတယ်လို့ ဆိုပါတယ် ။

စမုန်နက်””’

စမုန်နက်အနံ့ဟာ လူကို လန်းဆန်းသွားစေပြီး အစာစားချင်တဲ့ ဆန္ဒကို လျော့ပါးအောင် ချိုးနှိမ်ပေးတယ်လို့ ရနံ့ ကုထုံးလေ့လာမှုအရ သိရပါတယ် ။

ဂရိတ်ဖရုသီး””

ဗီတာမင်စီနဲ့ လိုင်ကိုပင်းတို့ များစွာပါဝင်တဲ့ ဂရိတ်ဖရုသီးဟာ ဝိတ်လျှော့သူတို့ အတွက် နှစ်သက်စရာအကောင်းဆုံးအသီး ဖြစ်တယ်လို့ ဆိုပါတယ် ။ ဂရိတ်ဖရုသီးကို မစားခင် နှစ်စက္ကန့်လောက်ရှုရှိုက်ပေးလိုက်ရုံနဲ့ ကိုယ်အလေးချိန် သိသိသာသာ လျှော့ကျစေတယ်လို့ ဆိုပါတယ် ။ ဂရိတ်ဖရု အဆီအနံ့ကို ဆယ့်ငါးမိနစ်ခြား တစ်ကြိမ် ရှုရှိုက်တဲ့ ကြွက်တွေဟာ အစာစားချင်စိတ်နဲ့ အတူကိုယ်အလေးချိန် လျှော့နည်းသွားကြကြောင်းကို အိုဆာကာ တက္ကသိုလ်ရဲ့လေ့လာသူတွေက ဆိုပါတယ် ။ ဂရိတ်ဖရုသီးရဲ့အနံ့ဟာ အသည်းအင်ဇိုင်းတွေနဲ့ဆက်စပ်နေတာကြောင့် ဖြစ်နိုင်တာဖြစ်ကြောင်းကို လေ့လာသူ များက ယုံကြည်စွာ အတည်ပြုဆိုထားပါတယ် ။

ကဲ ကိုယ်အလေးချိန်တွေ မတရားတက်နေလို့တော့ စိတ်မညစ်ကြနဲ့ တော့နော် အလွယ်ကူဆုံး ဝိတ်လျှော့ချနည်းကို ပြန်လည် မျှဝေလိုက်ပါပြီလို့….. ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …