
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။
ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။
ပွဲစလို့ ၁၀မိနစ် အတွင်းမှာ အတွင်းမှာပဲ ၃ဂိုး ပေးလိုက်ရတဲ့ ဘာစီလိုနာက ဒီပွဲမှာလုံး၀ လမိုင်းမကပ်ဘူး ဖြစ်နေခဲ့တာပါ။
ပွဲစ စချင်း ၅မိနစ်မှာ ဘိုင်ယန်က သောမတ်မူလာက အဖွင့်ဂိုး သွင်းယူ-လိုက်ပြီးနောက် ဘာကာ နောက်တန်း ဒေဗစ်အယ်လ်ဘာ က လျှောတိုက် ဖျက်ထုတ်ရင် ၇မိနစ်မှာ ကိုယ့်ဂိုး ကိုယ်သွင်းမိသွား လို့ ဘာကာတို့ ချေပဂိုး ရသွားခဲ့ပါတယ်။
ဆက်တိုက် ဆိုသလိုပဲ ပထမပိုင်း ၂၁မိနစ်နဲ့ ၂၇ မိနစ်တွေမှာ အိုင်ဗန်ပါရစ်ဆစ်နဲ့ ဆာဂျီ နက်ဘရီ တို့က ဘိုင်ယန်အတွက် အောင်ပွဲခံ ဂိုးတွေကို သွင်းယူခဲ့ပါတယ်။
ပထမပိုင်းမှာ ၂ဂိုးပြတ် နိုင်နေတာကိုပဲ ၃၁မိနစ်မှာ သောမတ်မူလာကပဲ နောက်ထပ် တစ်ဂိုးသွင်းလိုက်လို့ ပထမပိုင်း အပြီးမှာ ၄ဂိုး ၁ဂိုးနဲ့ ဘာကာတို့ မရှု့မလှ ရှုံး ခဲ့ရပါတယ်။
ဒုတိယပိုင်း ပွဲစပြီး ကစားတော့ ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက် က ၅၇မိနစ်မှာ ဘိုင်ယန်ဖက်ကို ဂိုး စသွင်းတော့ ၄ဂိုး ၂ဂိုး ဖြစ်သွားပြီး ဘာကာအတွက် မျှော်လင့်ချက် ရောင်ခြည်လေး လင်းလာခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လိုမှ လမိုင်းမကပ် တဲ့ ဘာဂါနဲ့ ခြေမြူးပြီဟေ့ ဆိုရင် ဂိုးတွေ စွတ်သွင်းတတ်တဲ့ ဂျာမဏီ အသင်း တွေရဲ့ အကျင့် နဲ့ သွားတွေ့တဲ့ အချိန်မှာတော့ ၆၃ မိနစ်နဲ့ ၈၂မိနစ်မှာ ဂျိုးရူအာ ကင်မစ်ချ် နဲ့ ရောဘတ် လီဝင်ဒေါ့စကီ တို့က ဂိုးတွေ ထပ်သွင်းခဲ့လို့ ၆ဂိုး ၂ဂိုး ဖြစ်သွားခဲ့ရတယ်။
ပွဲသိမ်း ၂ဂိုးကိုတော့ ဘရာဇီး ကစားသမား ကူတင်ဟိုက ၈၅ မိနစ်နဲ့ ၈၉မိနစ်မှာ သွင်းယူခဲ့တော့ ဘာကာ အသင်းအနေနဲ့ နာလံမထူနိုင်အောင် အရှုံးပေါ် အရှုံး ဆင့်ခဲ့ပါတယ်။
သေချာတာက ဘိုင်ယန်မြူးနစ်အနေနဲ့ ဆီမီးဖိုင်နယ်ကို တက်လာမယ့် ဒီညကစားမယ့် မန်စီတီးနဲ့ လိုင်ယွန်း အသင်းတို့ရဲ့ အနိုင်အသင်းကို စောင့်နေရုံပဲ ရှိပါတော့တယ်။
မောင်ယဿ, REF: CNN, Photo; evening standard
No Comments