ခ်စ္ၿပီးမွ လမ္းမခြဲ ခ်င္ဘူးဆိုရင္ေတာ့
- By : Kaung Khant
- Category : Knowledge

ခ်စ္ၿပီးမွ လမ္းမခြဲ ခ်င္ဘူးဆိုရင္ေတာ့
ခ်စ္ၿပီးမွ လမ္းခြဲစကား ေျပာဖို႔က တကယ္ေတာ့ အားနာဖို႔ေကာင္းတယ္ ။ တစ္ေယာက္ အေၾကာင္းလည္း တစ္ေယာက္ သိေနၿပီ ။ တစ္ေယာက္ အားနည္းခ်က္ ကိုလည္း ျမင္ၿပီးမွ အဲဒါကို နင္းၿပီး လမ္းခြဲ လိုက္ၾကတာ ဘယ္ေကာင္းမလဲ ။
တကယ္ ႏွစ္ႏွစ္ကာကာ ခ်စ္တဲ့ သူေတြ ဆိုရင္ နစ္နာပါတယ္ ။ ခ်စ္တယ္ ဆိုတဲ့ စကားလုံးကို လိင္ စိတ္ေျဖဖို႔အတြက္ သက္သက္ အငွားသုံးတဲ့သူေတြကို မဆိုလိုပါဘူး ။ အျပန္အလွန္ ခ်စ္မိၾကလို႔ အေၾကာင္းေၾကာင္းေၾကာင့္ လမ္းမခြဲခ်င္ဘူး ဆိုရင္ေတာ့ ေအာက္မွာ အႀကံျပဳထားတာကို လိုက္နာၾကည့္ပါလား။
၁။ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈပဲလုပ္ပါ။။ ေျပာခ်င္တာက အျပစ္မတင္နဲ႔လို႔ ေျပာတာပါ။ လူဆိုတာ အမွားနဲ႔ မကင္းဘူးဆိုတာ အၿမဲမွတ္ထားပါ။ သူမွားတတ္သလို ကိုယ္လည္း မွားတဲ့အခါလည္းရွိမွာပါ။ ေဝဖန္လို႔ရပါတယ္ ။ ဒါေပမဲ့ အျပဳသေဘာေဆာင္တဲ့ဘက္ကို ခ်ဥ္းကပ္ၿပီး ေထာက္ျပပါ။
၂။ မျငင္းနဲ႔။။ခ်စ္သူေတြၾကားမွာ တစ္ခါတေလ ျငင္းရတာအရသာရွိသလိုပဲ။ ဒါေပမဲ့ အႏိုင္ရလိုေဇာ ဆိုတာကို သတိထားႏိုင္ေအာင္ ႀကိဳးစားပါ။ ျငင္းတာထက္ေဆြးေႏြးတာက ပိုေကာင္းေပမဲ့ ျငင္းလို႔ စိတ္ေကာက္သြားတာကို ေခ်ာ့ရတာကလည္း ခ်စ္ျခင္းကို ခိုင္ၿမဲေစပါတယ္။ သိရမွာက ျငင္းၿပီးရင္ ေခ်ာ့ရမယ္ဆိုတာကိုပါ။
၃။ နည္းနည္းခြဲေနပါ။။ ခ်စ္သူကို တစ္ခ်ိန္လုံးျမင္ေနေတြ႕ေနတာထက္ ေမွ်ာ္တတ္လာေအာင္ တစ္ေန႔တာမွာ အခ်ိန္အခ်ိဳ႕ ခြဲေနရတာက ခ်စ္ျခင္း ပိုမို ခိုင္ၿမဲေစပါတယ္။ အလုပ္သြားခ်ိန္၊ သူငယ္ခ်င္းေတြနဲ႔လည္ပတ္ခ်ိန္၊ စာဖတ္ခ်ိန္ဆိုတာ ၂ေယာက္လုံးမွာ ရွိသင့္ပါတယ္။ ေျပာခ်င္တာက ခ်စ္ျခင္းကို ခိုင္ၿမဲဖို႔အတြက္ ကိုယ္ပိုင္ခ်ိန္ေလး ထားၾကစို႔။
၄။ စည္းမေက်ာ္ေၾကး။ လူဆိုတာက သည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ ရွိတယ္။ ခ်စ္သူျဖစ္လာၿပီဆိုရင္ အဲဒါကို ေၾကညာထားပါ။ အေရးႀကီးလို႔ပါ။ စည္းမေက်ာ္တာက ပိုခ်စ္တတ္ေစပါတယ္။
၅။ ရန္ျဖစ္ေတာ့မယ္ဆို ထြက္သြားလိုက္ပါ။ စကားမ်ားတဲ့ အဆင့္ကေန ေပါက္ကြဲေတာ့မယ္ဆိုရင္ လမ္းေလွ်ာက္ ထြက္သြားလိုက္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာခ်င္းမဆိုင္ေတာ့မွ အေျဖက ထြက္လာမွာမို႔လို႔ပါ။ ျပန္ေခၚဖို႔ေတာ့မေမ့နဲ႔ေပါ့။
၆။ ဦးစားေပးလိုက္ပါ။။ အႀကိဳက္ခ်င္းသြားတူရင္ ဦးစား ေပးလိုက္ပါ။ ဘာပဲျဖစ္ျဖစ္ နည္းနည္းေလး ဦးစားေပး လိုက္ရင္ ဦးစားေပးခံရတဲ့သူက စိတ္ေက်နပ္မႈ ရသြားတာ ပါပဲ။ အဲဒါက အခ်စ္ကို ၿမဲေစတဲ့ အရာပါပဲ။
၇။ အျပစ္ကို မနင္းပါနဲ႔။ ကိုယ္နဲ႔တြဲေနတဲ့ သူက အျပစ္အကင္းစင္ဆုံးသူ ျဖစ္ရမယ္ဆိုရင္ေတာ့ ခ်စ္သူ မရွာပါနဲ႔။ လူပ်ိဳႀကီး အပ်ိဳႀကီးပဲ လုပ္လိုက္ပါ။ ဒါေတာင္မွ ကိုယ္စိတ္နဲ႔ ကိုယ္ ရန္ျဖစ္ရမွာပါပဲ။ ကိုယ္တစ္ေယာက္တည္းေတာင္ ကိုယ့္ကိုယ္ကိုယ္ အျပစ္ကင္းတယ္လို႔ အခ်ိန္တိုင္း ခံစား
ေနရတာ မဟုတ္ဘူး။ ကိုယ့္အေဖာ္ အျပစ္လုပ္လာရင္ သိေအာင္ လုပ္ပါ။ ခ်မနင္းပါနဲ႔ ။ဒါကိုခ်ည္း ထပ္ကာ ထပ္ကာ မနင္းပါနဲ႔။
၈။ သူငယ္ခ်င္းေတြ အေဖာ္ေတြနဲ႔လည္း ေနပါ။။ ခ်စ္သူဘ၀ဆိုၿပီး ၂ေယာက္တည္း ကမာၻ တည္ေဆာက္ ေနလို႔ မရပါဘူး။ အေပါင္းအေဖာ္ သူငယ္ခ်င္းေတြနဲ႔လည္းေနပါ။ အျခားသူငယ္ခ်င္းေတြ ရွိတယ္ဆိုတာ၊ ကိုယ္က ဘယ္လိုလူဆိုတာကို ကိုယ့္ခ်စ္သူကို ျမင္ေစတာပါပဲ။
ဒီအခ်က္ေတြက ခ်စ္ၿပီးေတာ့မွ လမ္း မခြဲခ်င္သူေတြ အတြက္ပါ။
ေမာင္ယႆ
REF:boldsky / Photo; getty image
Unicode
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။
တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။
၁။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုပဲလုပ်ပါ။။ ပြောချင်တာက အပြစ်မတင်နဲ့လို့ ပြောတာပါ။ လူဆိုတာ အမှားနဲ့ မကင်းဘူးဆိုတာ အမြဲမှတ်ထားပါ။ သူမှားတတ်သလို ကိုယ်လည်း မှားတဲ့အခါလည်းရှိမှာပါ။ ဝေဖန်လို့ရပါတယ် ။ ဒါပေမဲ့ အပြုသဘောဆောင်တဲ့ဘက်ကို ချဉ်းကပ်ပြီး ထောက်ပြပါ။
၂။ မငြင်းနဲ့။။ချစ်သူတွေကြားမှာ တစ်ခါတလေ ငြင်းရတာအရသာရှိသလိုပဲ။ ဒါပေမဲ့ အနိုင်ရလိုဇော ဆိုတာကို သတိထားနိုင်အောင် ကြိုးစားပါ။ ငြင်းတာထက်ဆွေးနွေးတာက ပိုကောင်းပေမဲ့ ငြင်းလို့ စိတ်ကောက်သွားတာကို ချော့ရတာကလည်း ချစ်ခြင်းကို ခိုင်မြဲစေပါတယ်။ သိရမှာက ငြင်းပြီးရင် ချော့ရမယ်ဆိုတာကိုပါ။
၃။ နည်းနည်းခွဲနေပါ။။ ချစ်သူကို တစ်ချိန်လုံးမြင်နေတွေ့နေတာထက် မျှော်တတ်လာအောင် တစ်နေ့တာမှာ အချိန်အချို့ ခွဲနေရတာက ချစ်ခြင်း ပိုမို ခိုင်မြဲစေပါတယ်။ အလုပ်သွားချိန်၊ သူငယ်ချင်းတွေနဲ့လည်ပတ်ချိန်၊ စာဖတ်ချိန်ဆိုတာ ၂ယောက်လုံးမှာ ရှိသင့်ပါတယ်။ ပြောချင်တာက ချစ်ခြင်းကို ခိုင်မြဲဖို့အတွက် ကိုယ်ပိုင်ချိန်လေး ထားကြစို့။
၄။ စည်းမကျော်ကြေး။ လူဆိုတာက သည်းခံနိုင်တဲ့အတိုင်းအတာဆိုတာ ရှိတယ်။ ချစ်သူဖြစ်လာပြီဆိုရင် အဲဒါကို ကြေညာထားပါ။ အရေးကြီးလို့ပါ။ စည်းမကျော်တာက ပိုချစ်တတ်စေပါတယ်။
၅။ ရန်ဖြစ်တော့မယ်ဆို ထွက်သွားလိုက်ပါ။ စကားများတဲ့ အဆင့်ကနေ ပေါက်ကွဲတော့မယ်ဆိုရင် လမ်းလျှောက် ထွက်သွားလိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းမဆိုင်တော့မှ အဖြေက ထွက်လာမှာမို့လို့ပါ။ ပြန်ခေါ်ဖို့တော့မမေ့နဲ့ပေါ့။
၆။ ဦးစားပေးလိုက်ပါ။။ အကြိုက်ချင်းသွားတူရင် ဦးစား ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် နည်းနည်းလေး ဦးစားပေး လိုက်ရင် ဦးစားပေးခံရတဲ့သူက စိတ်ကျေနပ်မှု ရသွားတာ ပါပဲ။ အဲဒါက အချစ်ကို မြဲစေတဲ့ အရာပါပဲ။
၇။ အပြစ်ကို မနင်းပါနဲ့။ ကိုယ်နဲ့တွဲနေတဲ့ သူက အပြစ်အကင်းစင်ဆုံးသူ ဖြစ်ရမယ်ဆိုရင်တော့ ချစ်သူ မရှာပါနဲ့။ လူပျိုကြီး အပျိုကြီးပဲ လုပ်လိုက်ပါ။ ဒါတောင်မှ ကိုယ်စိတ်နဲ့ ကိုယ် ရန်ဖြစ်ရမှာပါပဲ။ ကိုယ်တစ်ယောက်တည်းတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်လို့ အချိန်တိုင်း ခံစား
နေရတာ မဟုတ်ဘူး။ ကိုယ့်အဖော် အပြစ်လုပ်လာရင် သိအောင် လုပ်ပါ။ ချမနင်းပါနဲ့ ။ဒါကိုချည်း ထပ်ကာ ထပ်ကာ မနင်းပါနဲ့။
၈။ သူငယ်ချင်းတွေ အဖော်တွေနဲ့လည်း နေပါ။။ ချစ်သူဘ၀ဆိုပြီး ၂ယောက်တည်း ကမ္ဘာ တည်ဆောက် နေလို့ မရပါဘူး။ အပေါင်းအဖော် သူငယ်ချင်းတွေနဲ့လည်းနေပါ။ အခြားသူငယ်ချင်းတွေ ရှိတယ်ဆိုတာ၊ ကိုယ်က ဘယ်လိုလူဆိုတာကို ကိုယ့်ချစ်သူကို မြင်စေတာပါပဲ။
ဒီအချက်တွေက ချစ်ပြီးတော့မှ လမ်း မခွဲချင်သူတွေ အတွက်ပါ။
မောင်ယဿ
REF:boldsky / Photo; getty image
No Comments