
ခ်စ္သူမ်ားေန႔မွာ မေပးသင့္တဲ့လက္ေဆာင္(၇)မ်ိဳး
ခ်စ္သူမ်ားေန႕ေရာက္ၿပီဆိုတာနဲ႕ ခ်စ္တတ္သူမ်ားအတြက္ စိတ္လႈတ္ရွားစရာေကာင္းသေလာက္ မခ်စ္တတ္သူမ်ားကေတာ့ အျပစ္စကား ေတြေ၀စီေနတဲ့ေန႕ပါပဲ။ ခ်စ္သူမ်ားေန႕မွာ ခ်စ္တတ္တဲ့သူ အခ်င္းခ်င္း အျမတ္တႏိုး တန္ဖိုးထားစရာေလးေတြကို အျပန္အလွန္ လက္ေဆာင္ေပးတဲ့အခါမွာ သတိထားသင့္တဲ့ အရာေလးကို ေျပာျပခ်င္လို႔ပါ။ ခ်စ္သူမ်ားေန႕လက္ေဆာင္ေပးတဲ့သူေတြထဲမွာ ခ်စ္စ ခင္စေတြ ရယ္ ခ်စ္ဆံုး ခင္ဆံုးေတြက ပိုၿပီးသဲသဲလႈတ္ပါတယ္။ အဲ့ေတာ့ ေရွာင္သင့္တာေတြ ေရွာင္ရေအာင္လို႕။။
၁။ ကိုယ္ပိုင္နာမည္နဲ႕ ေရေမႊးေတြ လက္ေဆာင္မေပးနဲ႕ ။ ဘယ္မင္းသား ဘယ္မင္းသမီး ေတြရဲ႕ နာမည္နဲ႕ ေရေမႊးေတြကို လက္ေဆာင္မေပး တာအေကာင္းဆံုးပဲ။ သိတယ္မဟုတ္လား ။ေကာက္စရာမရွိရင္ ၾကံဖန္ေကာက္တတ္ တဲ့ မိန္းကေလးမ်ိဳးဆိုရင္ အဲ့တာက ေကာက္စရာျဖစ္ သြားလိမ့္မယ္။ တိုတတ္တဲ့ ဘဲေတြ ဆိုရင္လည္း အဲ့နာမည္က တိုစရာျဖစ္သြားလိမ့္မယ္။ အဲ့ေတာ့ လြတ္လြတ္ကင္းကင္း နာမည္နဲ႕ေရေမႊးကိုေပးေနာ္။
၂။ မီးဖိုေခ်ာင္သံုးပစၥည္းေတြ လက္ေဆာင္မေပးနဲ႕။ ဘူဒါႀကီး ခ်စ္ဆံုးႀကီးေတြ သတိထားဖို႔လိုတယ္။ ခ်စ္သူမ်ားေန႔ လက္ေဆာင္ေပးပါတယ္ ဆိုတာကို ပိုက္ဆံကို အပိုမျဖဳန္းခ်င္တာနဲ႕ အိမ္ေထာင္သံုးပစၥည္းေတြ မီးဖိုေခ်ာင္သံုးပစၥည္းေတြ ၀ယ္ၿပီး ခ်စ္သူမ်ားေန႔ လက္ေဆာင္ေပး တယ္ဆိုၿပီး မလုပ္လိုက္နဲ႔။ ျပႆနာ အႀကီးႀကီးတက္သြားမယ္။ ရွင္က က်မကို အိမ္ေဖာ္မမ်ားေအာက္ေမ့ေနလား ဆိုတဲ့စကားနဲ႔ တိုက္စစ္ဖြင့္ခံရမယ္။ မေပးခ်င္ရင္မေပးနဲ႕။ဘာမ်မျဖစ္ဘူး ။ အဲ့လိုမ်ား ခြက္က်လို႔ကေတာ့ ရန္သူမ်ားေန႕ျဖစ္သြားမယ္။
၃။ေစ်းေပၚတဲ့ေခ်ာကလက္ကို ၀ယ္မေပးနဲ႕။ ေခ်ာကလက္ေစ်းနႈန္းကို ေပးတဲ့သူထက္ ရတဲ့သူကပိုသိတယ္။ သူတို႔ကေမွ်ာ္ေနတာ။ ဘယ္လို အမ်ိဳးအစားေပးတယ္။ ေပးတဲ့သူက ဘယ္ေလာက္စြန္႕စားခဲ့ရတယ္ဆိုတာက ခ်စ္သူရဲ႕ တန္ဖိုးကိုပိုျမင့္တက္ေစတယ္။ ခ်စ္ျခင္းရဲ႕ အတိမ္အနက္နဲ႕ အသြားအျပန္က စြန္႕စားမႈနဲ႕တိုက္ရိုက္အခ်ိဳးက်ေနတာ။ လံုး၀ သတိထားသင့္တယ္။
၄။ ရတနာအတုေတြ မေပးနဲ႕။ လက္ေဆာင္က အမွတ္တရျဖစ္စရာေလးေတြ ခ်စ္စရာေလးေတြဆိုရပါတယ္။ ခ်စ္သူခ်င္းက ေရရွည္တြဲ ရမွာေလ။ ရတနာအတုေတြေပးၿပီး ကိုယ့္ကိုယ္ကို သိကၡာမခ်နဲ႕။ တတ္ႏိုင္ရင္ေတာ့စိန္၀ယ္ေပးလိုက္။ စိန္ဆိုတာကေတာ့ သည္းေျခၾကိဳက္ မို႔ပါ။ ရတနာေပးတာက အစစ္ဆိုရင္ ဘာမွ ျပႆနာမရွိဘူး။ ကုလားေရႊေတြကိုေတာ့သတိထားေပါ့။ စလယ္၀င္ဖင္ မမည္းခင္မွာပဲကြဲတယ္ ဆိုတာအဲ့တာမ်ိဳးေပါ့။
၅။အႏြမ္းပန္းမေပးနဲ႕။ ခ်စ္သူခ်င္း ခ်စ္သူမ်ားေန႔အတြက္ လက္ေဆာင္ေပးတာပဲ ။ အေစာဆံုး အတက္ၾကြဆံုး အလန္းဆံုး ေတြကိုပဲ လက္ေဆာင္ေပးေပါ့။ အလုပ္ရႈတ္တယ္ဆိုတာရယ္ မအားတာနဲ႔ ဆိုတာရယ္ အေၾကာင္းျပၿပီး မနက္ကတည္းက ၀ယ္ထားတဲ့ပန္းေတြကို ႏြမ္းလုလုျဖစ္ေတာ့မွ ေပးေတာ့ ရတဲ့သူက ဦးစားေပးေနာက္က်ခံရတာကို မခံခ်ိမခံသာျဖစ္ရတာေပါ့။
၆။သူ မလိုခ်င္တာကို ကိုယ္ၾကိဳက္လို႔ဆိုၿပီးမေပးနဲ႕။ တစ္ခါတစ္ေလေတာ့လည္း ကိုယ့္ခ်စ္သူ အႀကိဳက္ထက္ ကိုယ့္အႀကိဳက္ကို မသိစိတ္နဲ႕ ၀ယ္မိတာေလးေတြရွိတယ္။ အထူးသျဖင့္ အရုပ္ေလးေတြပါ။ ပံုေလးေတြ ဆိုရင္ျဖစ္တတ္တယ္။ ကိုယ့္ခ်စ္သူၾကိဳက ္မႀကိဳက္မေသခ်ာရင္ ခ်စ္သူကို အရုပ္ဆိုင္ကိုသာေခၚသြားလိုက္။ အဲ့ဒါအေသခ်ာဆံုးပဲ။သူႀကိဳက္တာ သူ၀ယ္လိမ့္မယ္။ ဒါေတာင္ သူက ကိုယ့္ကိုၾကည့္ၿပီး ဟိုဟာေလး ေကာင္းမလား ဒီဟာေလးေကာင္းမလားဆိုၿပီး ကိုယ့္ကို စိတ္စမ္းေသးတာရွိေသးတယ္။ ျပတ္ျပတ္သာေျပာ ေဘဘီေလး ႀကိဳက္တာသာလုပ္ဆိုၿပီး သူ႕စိတ္ကို လြတ္ေပးခိုင္လို္က္ပါ။
၇။အားကစားခန္းအဖြဲ႕၀င္ကတ္မေပးနဲ႕။ ဂ်င္မ္ေဆာ့ဖို႔အတြက္ မန္ဘာကတ္၀ယ္မေပးပါနဲ႕ ။ သူ႕ကို အရမ္း၀ေနတယ္ ဆိုၿပီး ၀ိတ္ခ်ခိုင္းတာေနမယ္ဆိုတဲ့အေတြး ၀င္သြားလိမ့္မယ္။ အဲ့ဒိအစား ေစ်း၀ယ္ကတ္၀ယ္ေပးလိုက္တာက ေကာင္းဦးမယ္။ ခ်စ္သူဘ၀ပဲရွိေသးတယ္ ငါ့ကိုႏွိပ္စက္ေနတယ္ ဆိုတဲ့အထိ ေတြးသြားၿပီး ဆိုရင္ေတာ့ ေသၿပီဆရာပဲ။ ခ်စ္သူမ်ားေန႕ က ရန္သူမ်ားေန႕ မျဖစ္ဖို႔ အထက္ေဖာ္ျပပါ အခ်က္(၇)ခ်က္ ေဆာင္ ရင္ အဆင္ေျပမွာပါ။ နဂိုကတည္းက ခ်စ္ၿပီးသားကို ကိုယ္ဘာေပးေပးဆိုၿပီးမလုပ္နဲ႕ေနာ္။
ေမာင္ယႆ REF:mirror.uk photo; getty images
Unicode
ချစ်သူများနေ့မှာ မပေးသင့်တဲ့လက်ဆောင်(၇)မျိုး
ချစ်သူများနေ့ရောက်ပြီဆိုတာနဲ့ ချစ်တတ်သူများအတွက် စိတ်လှုတ်ရှားစရာကောင်းသလောက် မချစ်တတ်သူများကတော့ အပြစ်စကား တွေဝေစီနေတဲ့နေ့ပါပဲ။ ချစ်သူများနေ့မှာ ချစ်တတ်တဲ့သူ အချင်းချင်း အမြတ်တနိုး တန်ဖိုးထားစရာလေးတွေကို အပြန်အလှန် လက်ဆောင်ပေးတဲ့အခါမှာ သတိထားသင့်တဲ့ အရာလေးကို ပြောပြချင်လို့ပါ။ ချစ်သူများနေ့လက်ဆောင်ပေးတဲ့သူတွေထဲမှာ ချစ်စ ခင်စတွေ ရယ် ချစ်ဆုံး ခင်ဆုံးတွေက ပိုပြီးသဲသဲလှုတ်ပါတယ်။ အဲ့တော့ ရှောင်သင့်တာတွေ ရှောင်ရအောင်လို့။။
၁။ ကိုယ်ပိုင်နာမည်နဲ့ ရေမွှေးတွေ လက်ဆောင်မပေးနဲ့ ။ ဘယ်မင်းသား ဘယ်မင်းသမီး တွေရဲ့ နာမည်နဲ့ ရေမွှေးတွေကို လက်ဆောင်မပေး တာအကောင်းဆုံးပဲ။ သိတယ်မဟုတ်လား ။ကောက်စရာမရှိရင် ကြံဖန်ကောက်တတ် တဲ့ မိန်းကလေးမျိုးဆိုရင် အဲ့တာက ကောက်စရာဖြစ် သွားလိမ့်မယ်။ တိုတတ်တဲ့ ဘဲတွေ ဆိုရင်လည်း အဲ့နာမည်က တိုစရာဖြစ်သွားလိမ့်မယ်။ အဲ့တော့ လွတ်လွတ်ကင်းကင်း နာမည်နဲ့ရေမွှေးကိုပေးနော်။
၂။ မီးဖိုချောင်သုံးပစ္စည်းတွေ လက်ဆောင်မပေးနဲ့။ ဘူဒါကြီး ချစ်ဆုံးကြီးတွေ သတိထားဖို့လိုတယ်။ ချစ်သူများနေ့ လက်ဆောင်ပေးပါတယ် ဆိုတာကို ပိုက်ဆံကို အပိုမဖြုန်းချင်တာနဲ့ အိမ်ထောင်သုံးပစ္စည်းတွေ မီးဖိုချောင်သုံးပစ္စည်းတွေ ဝယ်ပြီး ချစ်သူများနေ့ လက်ဆောင်ပေး တယ်ဆိုပြီး မလုပ်လိုက်နဲ့။ ပြဿနာ အကြီးကြီးတက်သွားမယ်။ ရှင်က ကျမကို အိမ်ဖော်မများအောက်မေ့နေလား ဆိုတဲ့စကားနဲ့ တိုက်စစ်ဖွင့်ခံရမယ်။ မပေးချင်ရင်မပေးနဲ့။ဘာမျမဖြစ်ဘူး ။ အဲ့လိုများ ခွက်ကျလို့ကတော့ ရန်သူများနေ့ဖြစ်သွားမယ်။
၃။ဈေးပေါ်တဲ့ချောကလက်ကို ဝယ်မပေးနဲ့။ ချောကလက်ဈေးနှုန်းကို ပေးတဲ့သူထက် ရတဲ့သူကပိုသိတယ်။ သူတို့ကမျှော်နေတာ။ ဘယ်လို အမျိုးအစားပေးတယ်။ ပေးတဲ့သူက ဘယ်လောက်စွန့်စားခဲ့ရတယ်ဆိုတာက ချစ်သူရဲ့ တန်ဖိုးကိုပိုမြင့်တက်စေတယ်။ ချစ်ခြင်းရဲ့ အတိမ်အနက်နဲ့ အသွားအပြန်က စွန့်စားမှုနဲ့တိုက်ရိုက်အချိုးကျနေတာ။ လုံး၀ သတိထားသင့်တယ်။
၄။ ရတနာအတုတွေ မပေးနဲ့။ လက်ဆောင်က အမှတ်တရဖြစ်စရာလေးတွေ ချစ်စရာလေးတွေဆိုရပါတယ်။ ချစ်သူချင်းက ရေရှည်တွဲ ရမှာလေ။ ရတနာအတုတွေပေးပြီး ကိုယ့်ကိုယ်ကို သိက္ခာမချနဲ့။ တတ်နိုင်ရင်တော့စိန်ဝယ်ပေးလိုက်။ စိန်ဆိုတာကတော့ သည်းခြေကြိုက် မို့ပါ။ ရတနာပေးတာက အစစ်ဆိုရင် ဘာမှ ပြဿနာမရှိဘူး။ ကုလားရွှေတွေကိုတော့သတိထားပေါ့။ စလယ်ဝင်ဖင် မမည်းခင်မှာပဲကွဲတယ် ဆိုတာအဲ့တာမျိုးပေါ့။
၅။အနွမ်းပန်းမပေးနဲ့။ ချစ်သူချင်း ချစ်သူများနေ့အတွက် လက်ဆောင်ပေးတာပဲ ။ အစောဆုံး အတက်ကြွဆုံး အလန်းဆုံး တွေကိုပဲ လက်ဆောင်ပေးပေါ့။ အလုပ်ရှုတ်တယ်ဆိုတာရယ် မအားတာနဲ့ ဆိုတာရယ် အကြောင်းပြပြီး မနက်ကတည်းက ဝယ်ထားတဲ့ပန်းတွေကို နွမ်းလုလုဖြစ်တော့မှ ပေးတော့ ရတဲ့သူက ဦးစားပေးနောက်ကျခံရတာကို မခံချိမခံသာဖြစ်ရတာပေါ့။
၆။သူ မလိုချင်တာကို ကိုယ်ကြိုက်လို့ဆိုပြီးမပေးနဲ့။ တစ်ခါတစ်လေတော့လည်း ကိုယ့်ချစ်သူ အကြိုက်ထက် ကိုယ့်အကြိုက်ကို မသိစိတ်နဲ့ ဝယ်မိတာလေးတွေရှိတယ်။ အထူးသဖြင့် အရုပ်လေးတွေပါ။ ပုံလေးတွေ ဆိုရင်ဖြစ်တတ်တယ်။ ကိုယ့်ချစ်သူကြိုက ်မကြိုက်မသေချာရင် ချစ်သူကို အရုပ်ဆိုင်ကိုသာခေါ်သွားလိုက်။ အဲ့ဒါအသေချာဆုံးပဲ။သူကြိုက်တာ သူဝယ်လိမ့်မယ်။ ဒါတောင် သူက ကိုယ့်ကိုကြည့်ပြီး ဟိုဟာလေး ကောင်းမလား ဒီဟာလေးကောင်းမလားဆိုပြီး ကိုယ့်ကို စိတ်စမ်းသေးတာရှိသေးတယ်။ ပြတ်ပြတ်သာပြော ဘေဘီလေး ကြိုက်တာသာလုပ်ဆိုပြီး သူ့စိတ်ကို လွတ်ပေးခိုင်လိုက်ပါ။
၇။အားကစားခန်းအဖွဲ့ဝင်ကတ်မပေးနဲ့။ ဂျင်မ်ဆော့ဖို့အတွက် မန်ဘာကတ်ဝယ်မပေးပါနဲ့ ။ သူ့ကို အရမ်းဝနေတယ် ဆိုပြီး ဝိတ်ချခိုင်းတာနေမယ်ဆိုတဲ့အတွေး ဝင်သွားလိမ့်မယ်။ အဲ့ဒိအစား ဈေးဝယ်ကတ်ဝယ်ပေးလိုက်တာက ကောင်းဦးမယ်။ ချစ်သူဘဝပဲရှိသေးတယ် ငါ့ကိုနှိပ်စက်နေတယ် ဆိုတဲ့အထိ တွေးသွားပြီး ဆိုရင်တော့ သေပြီဆရာပဲ။ ချစ်သူများနေ့ က ရန်သူများနေ့ မဖြစ်ဖို့ အထက်ဖော်ပြပါ အချက်(၇)ချက် ဆောင် ရင် အဆင်ပြေမှာပါ။ နဂိုကတည်းက ချစ်ပြီးသားကို ကိုယ်ဘာပေးပေးဆိုပြီးမလုပ်နဲ့နော်။
မောင်ယဿ REF:mirror.uk photo; getty images
No Comments