ခံတြင္း သန႔္ရွင္း ခ်မ္းသာျခင္း””

ခံတြင္း သန႔္ရွင္း ခ်မ္းသာျခင္း''''
Health

ခံတြင္း သန႔္ရွင္း ခ်မ္းသာျခင္း””

သင့္ အာခံတြင္းဟာ အနံ႔အသက္ေတြ ေကာင္းမြန္ၿပီး သန႔္ရွင္းေနပါမွ အၿပဳံးေတြ လွပလို႔ စိတ္ေပ်ာ္႐ႊင္ရမွာ ျဖစ္ ပါ တယ္။ သင့္သြားမ်ား ျဖဴစင္သန႔္ရွင္းၿပီး ခံတြင္းနံ႔လည္း ေကာင္းမြန္ဖို႔အတြက္ သြားနဲ႔ ခံတြင္းကို ဘယ္လို ထိန္းသိမ္းသင့္သလည္း။ ဘယ္လို မွန္ကန္တဲ့ နည္းလမ္းေတြနဲ႔ ေစာင့္ေရွာက္မူွ ျပဳမလည္းဆိုတာ သိေစခ်င္လို႔ ေျပာ ျပ လိုက္ ပါ တယ္။ ။

သြားၾကား ထိုးႀကိဳး””’

သင့္အေနနဲ႔ ေန႔စဥ္ သြားၾကား ထိုးႀကိဳးကို အသုံးျပဳၿပီး သန႔္စင္ပါ။ သြားၾကား ထိုးႀကိဳးသုံးတဲ့အခါ သြားၾကားထဲနဲ႔ သြားဖုံးလိုင္း တစ္ေလွ်ာက္ စားႂကြင္းစားက်န္မ်ားကို သန႔္စင္ေစတဲ့အတြက္ သြားဖုံးေရာဂါနဲ႔ တစ္ျခားေသာ သြားေရာဂါမ်ားကို မျဖစ္ေစရန္ ကာကြယ္ႏိုင္ပါတယ္။ သြားနဲ႔ သြားဖုံးကေန တစ္ဆင့္ျဖစ္လာမဲ့ ေရာဂါမ်ားကိုလည္း တားဆီးႏိုင္မွာ ျဖစ္ပါတယ္။ သြားၾကား ထိုးႀကိဳး သုံးၿပီး သန႔္ရွင္းေစျခင္းက ခႏၶာကိုယ္အတြင္းက နာတာရွည္ေရာင္ရမ္းျခင္းေရာဂါ အဆုတ္ေရာဂါနဲ႔ ကေလးလမေစ့ ေမႊးဖြားျခင္းနဲ႔ စက္ဆပ္ေနတဲ့ ဘက္တီးရီးယား ပိုးမႊားေတြကို ကင္း ေဝး ေစ ပါ တယ္။ ။

သြားမ်ား ျဖဴေအာင္ လုပ္ျခင္း””

သြားမ်ားကို ျဖဴေအာင္ လုပ္ျခင္းဟာလည္း ေယဘုယ်အားျဖင့္ အႏၲရာယ္ ကင္းေစပါတယ္။ သြားေဆးခန္းမ်ားနဲ႔ အိမ္မွာ သြားျဖဴ ေအာင္လုပ္တဲ့ ခြၽတ္ေဆးဟာ ကာဘမိုက္ပါ ေအာက္ဆိုဒ္ ျဖစ္ေလ့ရွိၿပီး ပါးစပ္ထဲမွာ ဟိုက္ၿဒိဳဂ်င္ပါ ေအာက္ဆိုဒ္အျဖစ္ ၿပိဳကြဲပီး ေျပာင္းလဲသြားပါတယ္။ အဲ့ဒီ ဓာတုပစၥည္းဟာ ခံတြင္း ကင္ဆာအႏၲရာယ္ကို ျမင့္မတက္ေစဘူးလို႔ ဆိုပါတယ္။သို႔ေသာ္ ပုလဲမ်ားလို သြားျဖဴေဖြးေနသူ လူ၇၀ ရာခိုင္ႏူွန္း ကေတာ့ သြားမ်ားက်ဥ္လာတတ္တယ္လို႔ဆိုပါတယ္။ အေၾကာင္းရင္းကေတာ့ ဟိုက္ၿဒိဳဂ်င္ပါေရာက္ဆိုဒ္ဟာ သြားေႂကြလႊာရဲ႕အျပင္ဘက္ အကာကိုသာမက သြားႏွစ္လႊာရဲ႕ ေပ်ာ့ေပ်ာင္းတဲ့ အလႊာကိုလည္း ထိေတြ႕ႏိုင္တာမို႔ ျဖစ္ပါတယ္။ သြားျဖဴေအာင္ ျပဳလုပ္သူမ်ားအေနနဲ႔ ပထမမွာ ယာယီသြားဖုံး မသက္မသာျဖစ္ေစၿပီး ရက္အနည္းငယ္အၾကာမွာမွ သက္သာသြားတတ္ၾကပါတယ္။သြားျဖဴေအာင္ ျပဳလုပ္တာကိုေတာ့ သတ္မွတ္ထားတဲ့ အႀကိမ္ထက္ ပိုမလုပ္သင့္ပါလို႔ ဆိုထားပါတယ္။ ။

လွ်ာကို တိုက္ပါ””’

ခံတြင္း အနံ႔ ကင္းေဝးေစေအာင္ဆိုရင္ သင့္ရဲ႕ လွ်ာကိုလည္း တိုက္ေပးရမွာ ျဖစ္ပါတယ္။ သြားတိုက္ျခင္း သြားၾကား ထိုးႀကိဳးသုံးျခင္း အာလုပ္က်င္းျခင္းအျပင္ လွ်ာကိုပါ သြားပြတ္တံနဲ႔ တိုက္ေပးရမွာ ျဖစ္ပါတယ္။ ခံတြင္းထဲမွာ ရွိေနတဲ့ စားႂကြင္း စားက်န္ေတြကေန တစ္ဆင့္ ဘက္တီးရီးယားပိုး ေပါက္ပြားပ်ံႏွံရာက ခံတြင္းအနံဆိုးမ်ား ထြက္တတ္ပါတယ္။ လွ်ာကို သန႔္စင္ေစျခင္းအားျဖင့္ စားႂကြင္းစားက်န္ အေသးအမႊားမ်ား ပါကင္းေဝးၿပီး အနံဆိုး မထြက္ေတာ့တာပဲ ျဖစ္ပါတယ္။ ။

နယူေယာက္မွ ေလ့လာေတြ႕ရွိမူွအရ သြားတိုက္တိုင္းလွ်ာကို စကၠန႔္ေျခာက္ဆယ္ၾကာ တစ္ေန႔ ႏွစ္ႀကိမ္တိုက္ေလ့ ရွိသူေတြဟာ ႏွစ္ပတ္ၾကာတဲ့အခါ အနံ႔ဆိုးထြက္ေစတဲ့ ဆာလဖာျဒပ္ေပါင္း ၅၃ ရာခိုင္ႏူွန္း ေလ်ာ့နည္းသြားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ပိုးမႊားကင္းစင္ေစတဲ့ အာနိသင္ရွိ ပလုပ္က်င္းေဆးရည္ အသုံးျပဳတာကလည္း ထိေရာက္မူွ ရွိပါတယ္။ အဲ့သည့္နည္းေတြနဲ႔ မေပ်ာက္ပဲ ခံတြင္းနံၿမဲနံေနေသးတယ္ ဆိုရင္ေတာ့ သြားဖုံးေရာဂါေၾကာင့္ေသာ္လည္းေကာင္း အာေခါင္ေျခာက္တာ ႏွာေခါင္းတြင္း ပိုးဝင္တာ အစာအိမ္အူ လမ္းေၾကာင္းနဲ႔ အသက္႐ူွ လမ္းေၾကာင္းၾကား ကူးစက္ပိုး ဝင္ျခင္းမ်ားေၾကာင့္ ျဖစ္တတ္တာမို႔ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ စစ္ေဆးသင့္ပါတယ္။ ။

သြားတိုက္တဲ့အခါ””

သင့္မွာ သြားတိုက္တဲ့ အခါတိုင္း သြားဖုံးေသြးထြက္တတ္တယ္ဆိုရင္ သတိထားၿပီး ဆင္ျခင္ရမွာ ျဖစ္ပါတယ္။ သြားနဲ႔ သြားဖုံးေတြကို ခပ္ၾကမ္းၾကမ္း တိုက္မိတာမ်ိဳး သြားပြတ္တံ ဖြာလန္ေနတာမ်ိဳး သြားပြတ္တံ ၾကမ္းေနတာမ်ိဳးေတြ ေၾကညင့္လားဆိုတာကို အရင္ဆုံး သတိခ်ပ္ပါ။ ေသြးက်ဲေဆးေတြကို မွီဝဲသူေတြမွာလည္း သြားဖုံး ေသြးယိုႏိုင္ပါတယ္။ သြားဖုံးေသြးထြက္မွာစိုးလို႔ သြားဖုံးလိုင္းတစ္ေလွ်ာက္က အညစ္အေၾကး ဖတ္ေတြကို ထိထိေရာက္ေရာက္ မဖယ္ရွားပစ္ႏိုင္ခဲ့ဘူးဆိုရင္ သြားၾကားထိုးႀကိဳးကို တြဲၿပီးသုံးေပးပါ။အခ်ိဳ႕သြားမ်ားဟာ သြားပိုးေပါက္ ရွိေနတဲ့အခါနဲ႔ သြားျပႆနာမ်ား ရွိေနတာမို႔ အနံဆိုးျခင္း သြားကို မည္မွ်ပင္သန႔္စင္ေသာ္လည္း မည္းညစ္ၿမဲ မည္းညစ္ေနျခင္း စသည္တို႔မ်ား ျဖစ္ခဲ့မယ္ဆိုရင္ သြားနဲ႔ခံတြင္းကို ဓာတ္မွန္႐ိုက္ဖို႔ လိုအပ္ေနၿပီဆိုတာ သိလိုက္ပါ။

သင့္သြားမ်ားနဲ႔ သင့္ ခံတြင္း သန႔္ရွင္းေနေစဖို႔ နည္လမ္းတို႔ကို ေဖာ္ျပေပးလိုက္ၿပီး ၿပီမို႔သင့္စိတ္မွာ ခ်မ္းေျမ့သာယာႏိုင္ဖို႔ သင္ကိုယ္တိုင္ ဂ႐ုစိုက္လိုက္ပါစို႔….။

စႏၵီျမင့္မိုရ္#

Unicode

ခံတွင်း သန့်ရှင်း ချမ်းသာခြင်း””

သင့် အာခံတွင်းဟာ အနံ့အသက်တွေ ကောင်းမွန်ပြီး သန့်ရှင်းနေပါမှ အပြုံးတွေ လှပလို့ စိတ်ပျော်ရွှင်ရမှာ ဖြစ် ပါ တယ်။ သင့်သွားများ ဖြူစင်သန့်ရှင်းပြီး ခံတွင်းနံ့လည်း ကောင်းမွန်ဖို့အတွက် သွားနဲ့ ခံတွင်းကို ဘယ်လို ထိန်းသိမ်းသင့်သလည်း။ ဘယ်လို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စောင့်ရှောက်မူှ ပြုမလည်းဆိုတာ သိစေချင်လို့ ပြော ပြ လိုက် ပါ တယ်။ ။

သွားကြား ထိုးကြိုး””’

သင့်အနေနဲ့ နေ့စဉ် သွားကြား ထိုးကြိုးကို အသုံးပြုပြီး သန့်စင်ပါ။ သွားကြား ထိုးကြိုးသုံးတဲ့အခါ သွားကြားထဲနဲ့ သွားဖုံးလိုင်း တစ်လျှောက် စားကြွင်းစားကျန်များကို သန့်စင်စေတဲ့အတွက် သွားဖုံးရောဂါနဲ့ တစ်ခြားသော သွားရောဂါများကို မဖြစ်စေရန် ကာကွယ်နိုင်ပါတယ်။ သွားနဲ့ သွားဖုံးကနေ တစ်ဆင့်ဖြစ်လာမဲ့ ရောဂါများကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ သွားကြား ထိုးကြိုး သုံးပြီး သန့်ရှင်းစေခြင်းက ခန္ဓာကိုယ်အတွင်းက နာတာရှည်ရောင်ရမ်းခြင်းရောဂါ အဆုတ်ရောဂါနဲ့ ကလေးလမစေ့ မွှေးဖွားခြင်းနဲ့ စက်ဆပ်နေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ကင်း ဝေး စေ ပါ တယ်။ ။

သွားများ ဖြူအောင် လုပ်ခြင်း””

သွားများကို ဖြူအောင် လုပ်ခြင်းဟာလည်း ယေဘုယျအားဖြင့် အန္တရာယ် ကင်းစေပါတယ်။ သွားဆေးခန်းများနဲ့ အိမ်မှာ သွားဖြူ အောင်လုပ်တဲ့ ချွတ်ဆေးဟာ ကာဘမိုက်ပါ အောက်ဆိုဒ် ဖြစ်လေ့ရှိပြီး ပါးစပ်ထဲမှာ ဟိုက်ဒြိုဂျင်ပါ အောက်ဆိုဒ်အဖြစ် ပြိုကွဲပီး ပြောင်းလဲသွားပါတယ်။ အဲ့ဒီ ဓာတုပစ္စည်းဟာ ခံတွင်း ကင်ဆာအန္တရာယ်ကို မြင့်မတက်စေဘူးလို့ ဆိုပါတယ်။သို့သော် ပုလဲများလို သွားဖြူဖွေးနေသူ လူ၇၀ ရာခိုင်နူှန်း ကတော့ သွားများကျဉ်လာတတ်တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ဟာ သွားကြွေလွှာရဲ့အပြင်ဘက် အကာကိုသာမက သွားနှစ်လွှာရဲ့ ပျော့ပျောင်းတဲ့ အလွှာကိုလည်း ထိတွေ့နိုင်တာမို့ ဖြစ်ပါတယ်။ သွားဖြူအောင် ပြုလုပ်သူများအနေနဲ့ ပထမမှာ ယာယီသွားဖုံး မသက်မသာဖြစ်စေပြီး ရက်အနည်းငယ်အကြာမှာမှ သက်သာသွားတတ်ကြပါတယ်။သွားဖြူအောင် ပြုလုပ်တာကိုတော့ သတ်မှတ်ထားတဲ့ အကြိမ်ထက် ပိုမလုပ်သင့်ပါလို့ ဆိုထားပါတယ်။ ။

လျှာကို တိုက်ပါ””’

ခံတွင်း အနံ့ ကင်းဝေးစေအောင်ဆိုရင် သင့်ရဲ့ လျှာကိုလည်း တိုက်ပေးရမှာ ဖြစ်ပါတယ်။ သွားတိုက်ခြင်း သွားကြား ထိုးကြိုးသုံးခြင်း အာလုပ်ကျင်းခြင်းအပြင် လျှာကိုပါ သွားပွတ်တံနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ရှိနေတဲ့ စားကြွင်း စားကျန်တွေကနေ တစ်ဆင့် ဘက်တီးရီးယားပိုး ပေါက်ပွားပျံနှံရာက ခံတွင်းအနံဆိုးများ ထွက်တတ်ပါတယ်။ လျှာကို သန့်စင်စေခြင်းအားဖြင့် စားကြွင်းစားကျန် အသေးအမွှားများ ပါကင်းဝေးပြီး အနံဆိုး မထွက်တော့တာပဲ ဖြစ်ပါတယ်။ ။

နယူယောက်မှ လေ့လာတွေ့ရှိမူှအရ သွားတိုက်တိုင်းလျှာကို စက္ကန့်ခြောက်ဆယ်ကြာ တစ်နေ့ နှစ်ကြိမ်တိုက်လေ့ ရှိသူတွေဟာ နှစ်ပတ်ကြာတဲ့အခါ အနံ့ဆိုးထွက်စေတဲ့ ဆာလဖာဒြပ်ပေါင်း ၅၃ ရာခိုင်နူှန်း လျော့နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပိုးမွှားကင်းစင်စေတဲ့ အာနိသင်ရှိ ပလုပ်ကျင်းဆေးရည် အသုံးပြုတာကလည်း ထိရောက်မူှ ရှိပါတယ်။ အဲ့သည့်နည်းတွေနဲ့ မပျောက်ပဲ ခံတွင်းနံမြဲနံနေသေးတယ် ဆိုရင်တော့ သွားဖုံးရောဂါကြောင့်သော်လည်းကောင်း အာခေါင်ခြောက်တာ နှာခေါင်းတွင်း ပိုးဝင်တာ အစာအိမ်အူ လမ်းကြောင်းနဲ့ အသက်ရူှ လမ်းကြောင်းကြား ကူးစက်ပိုး ဝင်ခြင်းများကြောင့် ဖြစ်တတ်တာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင် စစ်ဆေးသင့်ပါတယ်။ ။

သွားတိုက်တဲ့အခါ””

သင့်မှာ သွားတိုက်တဲ့ အခါတိုင်း သွားဖုံးသွေးထွက်တတ်တယ်ဆိုရင် သတိထားပြီး ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခပ်ကြမ်းကြမ်း တိုက်မိတာမျိုး သွားပွတ်တံ ဖွာလန်နေတာမျိုး သွားပွတ်တံ ကြမ်းနေတာမျိုးတွေ ကြေညင့်လားဆိုတာကို အရင်ဆုံး သတိချပ်ပါ။ သွေးကျဲဆေးတွေကို မှီဝဲသူတွေမှာလည်း သွားဖုံး သွေးယိုနိုင်ပါတယ်။ သွားဖုံးသွေးထွက်မှာစိုးလို့ သွားဖုံးလိုင်းတစ်လျှောက်က အညစ်အကြေး ဖတ်တွေကို ထိထိရောက်ရောက် မဖယ်ရှားပစ်နိုင်ခဲ့ဘူးဆိုရင် သွားကြားထိုးကြိုးကို တွဲပြီးသုံးပေးပါ။အချို့သွားများဟာ သွားပိုးပေါက် ရှိနေတဲ့အခါနဲ့ သွားပြဿနာများ ရှိနေတာမို့ အနံဆိုးခြင်း သွားကို မည်မျှပင်သန့်စင်သော်လည်း မည်းညစ်မြဲ မည်းညစ်နေခြင်း စသည်တို့များ ဖြစ်ခဲ့မယ်ဆိုရင် သွားနဲ့ခံတွင်းကို ဓာတ်မှန်ရိုက်ဖို့ လိုအပ်နေပြီဆိုတာ သိလိုက်ပါ။

သင့်သွားများနဲ့ သင့် ခံတွင်း သန့်ရှင်းနေစေဖို့ နည်လမ်းတို့ကို ဖော်ပြပေးလိုက်ပြီး ပြီမို့သင့်စိတ်မှာ ချမ်းမြေ့သာယာနိုင်ဖို့ သင်ကိုယ်တိုင် ဂရုစိုက်လိုက်ပါစို့….။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …