International-news
မောင်ယဿ REF:Asia one
Photo;bong
Unicode
ခိုးခံရတဲ့ ဖိနပ်ကို ပြန်ဝယ်ခဲ့ရတဲ့ ဟယ်ရီပေါ်တာ မင်းသား
လူဆိုတာ တစ်ခုခုကို စွဲလမ်း တတ်ကြတယ် ။ အချို့က အဝတ်အစား ။ အချို့ကအစားအသောက် ။ အချို့ ရှေးဟောင်း ပစ္စည်း ဆိုပြီး အမျိုးမျိုး ရှိတတ်ကြ ပါတယ် ။ ဟယ်ရီပေါ်တာ မင်းသားဟောင်း ရောဘတ်ပတ်တင်ဆန်ကတော့ ဖိနပ်နဲ့ ပတ်သက် လာရင် တော်တော်ရှုးတာပါ ။ သူက ဖိနပ်ကိုအမျိုးမျိုး စီးတတ်သူပါ ။
သူ့မှာ ဖိနပ်ဘရန်း မျိုးစုံ ရှိပါတယ် ။ သူကြိုက်တဲ့ ဖိနပ်မျိုးဆိုရင် ဈေးကို မကြည့်ဘဲ ဝယ်တတ်တဲ့သူပါ ။ သူ အစွဲလမ်းဆုံး ဖိနပ်တံဆိပ် ကတော့ အဲဒီဒက် တံဆိပ်တွေပါပဲ ။
တစ်ခါက သူ့အကြိုက်ဆုံး စကိတ်ဘုတ် အဲဒီဒက် အိတ်စ် ဖိနပ် အခိုးခံလိုက်ရလို့ မအိပ်နိုင် မစားနိုင်တောင်ဖြစ်ခဲ့ ရပါတယ် ။
မနေ့ကတော့ အွန်လိုင်းပေါ်က အီး-ဘေးမှာ သူ့ ဖိနပ်ကို အရောင်းတင်ထားတာကို တွေ့လို့ သူက မရမက ဈေးမြင့်ပေးပြီး ဝယ်ခဲ့လိုက် ရပါတယ်လို့ သူကဆိုတယ် ။
“ကျနော်ဗျာ အဲ့ဒိဖိနပ်လေးကို လွန်ခဲ့တဲ့ ၈ လ လောက်က ဝယ်ခဲ့တာဗျ ။ ဖိနပ်က အခိုးခံလိုက်ရတုန်းက အသစ်စက်စက်ပဲ ရှိပါသေးတယ် ။ အီး-ဘေး မှာ အရောင်း တင်ထားတာ တွေ့ လို့ သူခိုး လက်ကနေ ပြန်ဝယ်ဖြစ် လိုက်တယ်ဗျာ ။
ခိုးခံရတုန်းက အတိုင်းဘဲ ဘာမှ မဖြစ်သေးလို့ပါ ။ ဒီဖိနပ်ကို အီး-ဘေးမှာ တင်ထားတာတွေ့ကတည်းက ကျနော်စိတ်ဝင်တစား စောင့်ကြည့်နေတာ ။ သေချာပါတယ် ။ ကျနော့်ဖိနပ်သိလို့ ပြန်ဝယ်ဖြစ်သွားတာပါ”လို့ဆိုတယ် ။
အဲ့ဒိနောက်မှာတော့ သူက သူ့ရဲ့အသားအရေကို ဂရုစိုက်နေရတယ်လို့လည်းပြောပါတယ် ။ “ကျနော် အသက်ကြီးလာလို့လားမသိဘူး ။ အသားအရေ ကပြောင်းလဲလာတယ် ။
မျက်နှာမှာပိုသိသာတယ် ။ ခရီးတွေ သွားနေလို့လည်းပဲ ဖြစ်မယ်ထင်တယ် ။ ကျနော်တို့ က အမေရိ ကန်တွေရဲ့ စိတ်ရောဂါဝင်နေတယ် လို့ပဲ ပြောရမလားမသိ ။
ကျနော်တို့ အလုပ်လုပ်ပြီး ရင် ရတဲ့ကိုယ်ပိုင်အချိန်ကလေးကို နည်းနည်း လေးဖြစ် ပါစေ တန်ဖိုးထားတတ်ကြပါတယ် ။ အဲ့လို အချိန်ပိုကလေးတွေဆိုရင် ကျနော်က ဖိနပ်နဲ့ အသားအရေ ကိစ္စကိုပဲ ဦးစားပေး လုပ်ဖြစ်ပါတယ် ” လို့ ဗြိတိန် ဂျီကျူမဂ္ဂဇင်း အင်တာဗျူးမှာ ဖြေခဲ့ပါတယ် ။
မောင်ယဿ REF:Asia one
Photo;bong
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …