International-news
မောင်ယဿ
Unicode
ခါးကွင်း လှည့်တတ်အောင်ကြိုးစားနေတဲ့ ဆာရာအလီခန်
ကော်ရီုနာ ဗိုင်းရက်က အိန္ဒိယမှာ တစ်နေ့ထက်တစ်နေ့ တိုးပြီးဖြစ်နေပါတယ် ။ အခုဆိုရင် ရောဂါကူးစက် ခံရသူ ၃၀၀၀ကျော်သွားပါပြီ ။ ပြည်နယ်အစိုးရ တွေကလည်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းအမျိုးမျိုးကို သုံးနေပါတယ် ။ အဓိက နည်းလမ်းဖြစ်တဲ့ အသွားအလာ ကန့်သတ် ထိန်းချုပ်မှုတွေကို လုပ်နေရင်းက လူဦးရေ ထူထပ်တဲ့နေရာတွေမှာ ရောဂါက လက်ဆင့်ကမ်းကူးစက်နေပါတယ် ။
လူတွေကို အသွားအလာ ထိန်းချုပ်ဖို့အတွက် ကာဖြူး နေဝင်မီးငြိမ်း အမိန့်တောင် ထုတ်ထားရပါတယ် ။ အဲ့ဒိလိုအနေအထားမှာ ဘောလီးဝုဒ်က ဆယ်လီ တွေလည်း အိမ်တွင်းအောင်းပြီး နေနေကြရတယ် ။ ဆယ်လီတွေရဲ့ ထုံးစံအတိုင်း သူတို့တွေ အိမ်တွင်းအောင်း နေချိန်မှာ ဘာတွေလုပ်တယ် ဆိုတာကို သူတို့ရဲ့ ပရိသက်တွေ သိအောင် လူမှုကွန်ယက် ကနေတစ်ဆင့် တစ်ခုမဟုတ် တစ်ခုလုပ်ပြ နေကြတယ် ။
အချို့ကလည်း ချက်ပြုတ်ပြတယ် ။ အချို့ကလည်း မြူးဇစ် တစ်ခုခုကို သင်ယူကြတယ် ။ အဲ့ဒိထဲမှာ ထူးခြားတာက ဆာရာ အလီခန်ပါပဲ ။ သူမက ဒီလို အိမ်တွင်းအောင်း နေရချိန်မှာ သူမအလုပ်ချင်ဆုံး ဖြစ်တဲ့ ခါးကွင်းလှည့်တာကို တတ်အောင် ကျင့်မယ်လို့ ဆိုတာပါပဲ ။
လုပ်တတ်တဲ့သူတွေအတွက် ခါးကွင်း လှည့်တာက အသာလေးပါပဲ ။ မလုပ် တတ်တဲ့သူတွေ အတွက်က ခါးကွင်း လှည့်တာက တော်တော် လက်ပေါက်ကပ်တဲ့ လုပ်ငန်းပါ ။ သူမကတော့ နေ့တိုင်းနီးပါး ကြိုးစားလှည့် နေပါတယ်လို့ သူမရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ် ။ သူမက ကောင်းကင်နဲ့ နေလုံးကြီးကို သိမ်းလွမ်းတယ် လို့လည်း ပုံစာမှာ ရေးတင် ထားပါတယ် ။
ယောဂကျင့်တဲ့ဝတ်စုံနဲ့ ယောဂကျင့်ပြီး တိုင်း ခါးလှည့်ကွင်းကို ကျင့်ပါတယ် ။ သူမက ကိုဗစ်ရောဂါပိုးက ကျမတို့ကို တစ်ယောက်နဲ့ တစ်ယောက် တစိမ်းတွေ ဆန်စေတယ် ။ သူ့ကို ကိုယ် မသကာၤ၊ ကိုယ့်ကို သူမသကာင်္ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်အလှမ်းဝေး စေပါတယ် ။ ဒီလို အထီးကျန် ဆန်နေတာတွေက ရှင်သန်နေရတဲ့ဘဝကို အဓိပ္ပါယ်မဲ့ စေပါတယ်လို့ ဆိုတယ် ။
သူက ရောဂါ တိုက်ဖျက်ဖို့အတွက် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ရန်ပုံငွေထဲကို ထည့်ဝင်လှူ ဒါန်းမယ်လို့ ကတိကဝတ် ပြုထားပါတယ် ။ ပြည်နယ်အစိုးရက ဘယ်နေရာမှာ ဘာလိုနေတယ်လို့ ဆိုတဲ့ အခါကြရင် အဲ့ဒိအတွက် သူမရဲ့ ပိုက်ဆံ တွေကို အသုံးပြုမယ်လို့ ဆိုပါတယ် ။
မောင်ယဿ
ကိုးကား-bollywood life / ဓာတ်ပုံ- instargram
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …