
International-news





မောင်ယဿ REF: vuuzlrtv

Unicode

ခင်ပွန်းသည်ကို အသံလေးကြားလိုက်တာနဲ့ စွဲလန်းသွားတာ လို့ ဝန်ခံတဲ့ ပရီယန်ကာချော်ပရာ

ဘောလီးဝုဒ်က ဆယ်လီ ပရီယန်ကာချော်ပရာ က လက်ရှိ ခင်ပွန်းသည် ဖြစ်သူ နစ်ဂျိုးနတ်ကို အသံလေး ကြားလိုက် ကတည်းက စွဲလမ်းခဲ့ တာပါလို့ ဝန်ခံခဲ့ပါတယ် ။ “close” မြူးဇစ်အယ်လ်ဘမ် ကို နားထောင်လိုက် ချိန်မှာ သူမက အသံ ပိုင်ရှင်ကို စွဲလမ်းသွား ခဲ့ရတယ် ။ ပြီးတော့ အဆိုတော်ကို ချိန်းတွေ့ဖို့ အတွက် သူမ အရမ်း ကြိုးစားခဲ့ရ တယ်လို့ မစ္စအင်တာနေရှင်နယ် ဘောလီဝုဒ် ဆယ်လီ ဖြစ်သူ ပရီယန်ကာချော်ပရာက ဆိုပါတယ် ။ “ ကျမဘဝမှာ အရမ်းကောင်းတဲ့ သီချင်းတွေ အများကြီး နားထောင်ဖူး ပါတယ် ။

ဒါပေမဲ့ နစ် ဆိုတဲ့ သီချင်းတွေလောက် ကောင်းတာကို နားမထောင်ဖူး ပါဘူး ။ ဒါကို အချစ်လို့ ပြောတယ် ဆိုရင် ကျမက သူ့အသံကို ကြားလိုက်စဉ် ကတည်းက စွဲလမ်းခဲ့ တာပါ ” လို့ ဆိုတယ် ။ ဟာပါဘဇား သတင်းဌာနနဲ့ အင်တာဗျူးမှာ သူမက သူမရဲ့ အိမ်ထောင်ရေး အစက အကြောင်းကို ဖွင့်ဟ ဝန်ခံ ခဲ့တယ် ။ “ကျမ သူ့ရဲ့ close သီချင်း အယ်လ်ဘမ်ကို စနားထောင် ဖြစ်တဲ့ အချိန်မှာပဲ သူ့ကို စွဲလမ်းသွားလို့ ဘယ်လို ချိန်းတွေ့ရင် ကောင်းမလဲလို့ စဉ်းစားခဲ့ တာပါ ။

ကျမ အရမ်းကြိုက်ခဲ့တယ်လေ”လို့ဆိုတယ်။ ဂျိုးနတ် က ၂၀၁၆ တုန်းက မော်ဒယ် အိုလီဗီယာ ကယ်လ်ပိုနဲ့ ကွဲသွားခဲ့တယ် ။ သူက အဆွေးသမားဘဝနဲ့ close ကို ဆင်ဂဲလ်အယ်လ်ဘမ်း ထုတ်ဖို့ကြိုးစားခဲ့ တယ် ။ အဲ့ဒိအချိန်တုန်းက သူ့ဘဝမှာ အများကြီးရှုတ်ထွေးမှုတွေနဲ့ ကြုံနေခဲ့ ရပါတယ် ။ သူ့သီချင်းထွက်လာတော့ ယူကျူ့မှာ ကြည့်ရှုသူ သန်း ၂၅၀ ကျော်သွားတယ် ။ သူ့ရဲ့ သီချင်း ဗီဒီယိုထဲမှာ အပေါ်ချွတ်ချပြီးတော့ ကွဲသွာတဲ့ ချစ်သူအပေါ်စွဲလမ်းမှုကို ပြတဲ့ အစွန်းရောက် သရုပ်ဆောင်ချက်တွေ ပြခဲ့ပါတယ် ။ သူမက ဗီဒီယိုကြည့်ပြီးတာနဲ့ ဂျိုးနတ်ကို အွန်လိုင်းပေါ် ကနေ ဆက်သွယ်ဖို့ နည်းမျိုးစုံ နဲ့ကြိုးပမ်းခဲ့ပါတယ် ။ တကယ်တမ်း လူချင်းတွေ့တော့ ၂၀၁၇ ဗန်နတီဖဲယား အော်စကာပါတီမှာ ဆုံခဲ့ကြတာပါ ။ လတော်တော်များများ ကြာပြီးမှ ၂၀၁၈ မက်ဂါလာပွဲကို စုံတွဲ ပွဲတက်ခဲ့တာပါ ။ ၂၀၁၈ မေလမှာ ဂျိုးနတ်က ပရီယန်ကာကို ဖိတ်ခေါ်ပြီး သူ့ရဲ့ လုပ်ငန်းခွင်ကို ပြသခဲ့ပါတယ် ။ ၂၀၁၈ ဇူလိုင်လမှာ သူတို့၂ ဦး စေ့စပ်ခဲ့ပြီး ဒီဇင်ဘာလမှာ မင်္ဂလာပွဲကို ကျင်းပခဲ့တာပါ ။

မောင်ယဿ REF: vuuzlrtv

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …