” ကွာရင်တိုင်းဝင်နေတဲ့လူ ရာနဲ့ချီပြီး ထွက်ပြေးကြလို့ စစ္စလီကျွန်းကို စစ်တပ်ပို့ဖို့စီစဉ် ”

'' ကြာရင္တိုင္းဝင္ေနတဲ့လူ ရာနဲ႔ခ်ီၿပီး ထြက္ေျပးၾကလို႔ စစၥလီကြၽန္းကို စစ္တပ္ပို႔ဖို႔စီစဥ္ ''
International-news

” ကွာရင်တိုင်းဝင်နေတဲ့လူ ရာနဲ့ချီပြီး ထွက်ပြေးကြလို့ စစ္စလီကျွန်းကို စစ်တပ်ပို့ဖို့စီစဉ် ”

တနင်္လာနေ့က စစ္စလီကျွန်းကွာရင်တိုင်း စင်တာမှာ ထားထားတဲ့ ကိုဗစ်-၁၉ သံသယလူနာ ရာနဲ့ချီပြီးထွက်ပြေး ကြလို့ သူတို့ကို ပြန်လည်ဖမ်းဆီးဖို့ နဲ့ ထိန်းသိမ်းနိုင်ဖို့အတွက် စစ်တပ်တွေကိုလွှတ်ဖို့စီစဉ်နေတယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ် ။

'' ကြာရင္တိုင္းဝင္ေနတဲ့လူ ရာနဲ႔ခ်ီၿပီး ထြက္ေျပးၾကလို႔ စစၥလီကြၽန္းကို စစ္တပ္ပို႔ဖို႔စီစဥ္ ''2

အီတလီနိုင်ငံထဲကို တူနီးရှားနိုင်ငံကနေ ပင်လယ်ကို ဖြတ်ပြီး ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း တွေကို အီတလီအစိုးရက မြေထဲပင်လယ်ထဲက ၂နိုင်ငံအလယ်မှာရှိတဲ့ စစ္စလီကျွန်းမှာ ကိုဗစ်ရောဂါပိုး ပါ ၊ မပါ စစ်ဖို့အတွက် ကွာရင်တိုင်း စင်တာတွေ တည်ဆောက်ပြီး ၁၄ရက် ကွာရင်တိုင်းဝင်ခိုင်းထားရာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းတွေက စစ္စလီကျွန်းမှာ ကွာရင်တိုင်းဝင်နေရပါတယ် ။

စစ္စလီကျွန်းပေါ်မှာ ကွာရင်တိုင်း စင်တာ ၅ခုတည်ဆောက်ထားပြီး ရွှေ့ပြောင်းတွေကို ထားရာက စင်တာတစ်ခုမှာ ကွာရင်တိုင်းဝင်နေတဲ့ လူ ၁၂၅ က တနင်္ဂနွေည က ထွက်ပြေးသွားခဲ့ ကြပါတယ် ။

ပြည်ထဲရေးဝန်ကြီးက သူတို့တွေကိုဖမ်းဖို့ စစ်တပ်ကို လွှတ်မယ်လို့ ပြောပြီးနောက်မှာတော့ ထွက်ပြေးသွားတဲ့ သူတွေက ကိုဗစ်-၁၉ ပိုးရှိ ၊ မရှိစစ်ပြီးသား ပိုးမတွေ့ သူတွေပါလို့ ပြောကြားခဲ့ပါတယ် ။

'' ကွာရင်တိုင်းဝင်နေတဲ့လူ ရာနဲ့ချီပြီး ထွက်ပြေးကြလို့ စစ္စလီကျွန်းကို စစ်တပ်ပို့ဖို့စီစဉ် ''4

ဒါပေမဲ့ စစ္စလီကျွန်း အုပ်ချုပ်ရေးမှူး ကတော့ အဲ့ဒိလိုရွှေ့ပြောင်းတွေကို သူအုပ်ချုပ်တဲ့ နေရာမှာလာထားတာ ပြဿနာတွေကို ဖိတ်ခေါ်နေသလိုပဲ လို့ဆိုပါတယ် ။ စစ္စလီကျွန်းက အီတလီနိုင်ငံရဲ့ ကိုလိုနီတစ်ခုမဟုတ်ဘူး ဆိုတာကို အီတလီပြည်ထဲရေးဝန်ကြီး သိစေချင်တယ်လို့ ဆိုပါတယ် ။

စစ္စလီကျွန်း အနောက်ပိုင်းမှာ ထားထားတဲ့ ရွှေ့ပြောင်း ၅၀၀ကျော်ကနေ ၁၀၀ကျော်ထွက်ပြေးသွားတာပါလို့ မီဒီယာတွေက ဆိုပါတယ် ။ အဲဒိ ထွက်ပြေးသွားတဲ့ ရွှေ့ပြောင်း ၁၈၂ ယောက်က သူတို့ကို ထားထားတဲ့ တဲတွေကနေ ကျွန်း အရှေ့မြောက်ပိုင်းက အီတလီနိုင်ငံဝင်ပေါက် ဆီကိုသွားကြတာပါ ။

အဲ့ဒိလူတွေထဲက ၁၂၅ ယောက်ကို ပြန်တွေ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ် ။ နိုင်ငံခြားရေးဝန်ကြီးက “ ကျနော့်နိုင်ငံက ကိုဗစ်-၁၉ ရောဂါပိုး ဝင်မွှေသွားလို့ တော်တော်ထိသွားပါတယ် ။

ကျနော် အပါအဝင် ကျနော်တို့ နိုင်ငံသားတွေက ရောဂါပိုးကို တိုက်ဖျက်ဖို့အတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့် အပါအဝင် ဥပဒေတွေကို လိုက်နာနေ ကြရပါတယ် ။ အခုက ရွှေ့ပြောင်းတွေက နိုင်ငံတကာ အကူအညီ နဲ့ အခွင့်အရေးကို အသုံးချပြီးတော့ ဝင်ရောက်ကာ အီတလီနိုင်ငံရဲ့ အမိန့်တွေကို ချိုးဖောက်နေကြပါတယ် ” လို့ ဆိုတယ် ။

အခုတော့ အီတလီပြည်ထဲရေးဝန်ကြီးက တူနီးရှားသမ္မတ နဲ့ သွားရောက်တွေ့ ဆုံကာ ရွှေ့ပြောင်းတွေအရေးကို ဆွေးနွေးနေပါတယ် ။

မောင်ယဿ
REF: euronews, photo; AP

Zawgyi

” ကြာရင္တိုင္းဝင္ေနတဲ့လူ ရာနဲ႔ခ်ီၿပီး ထြက္ေျပးၾကလို႔ စစၥလီကြၽန္းကို စစ္တပ္ပို႔ဖို႔စီစဥ္ ”

တနလၤာေန႔က စစၥလီကြၽန္းကြာရင္တိုင္း စင္တာမွာ ထားထားတဲ့ ကိုဗစ္-၁၉ သံသယလူနာ ရာနဲ႔ခ်ီၿပီးထြက္ေျပး ၾကလို႔ သူတို႔ကို ျပန္လည္ဖမ္းဆီးဖို႔ နဲ႔ ထိန္းသိမ္းႏိုင္ဖို႔အတြက္ စစ္တပ္ေတြကိုလႊတ္ဖို႔စီစဥ္ေနတယ္လို႔ အီတလီ ျပည္ထဲေရးဝန္ႀကီးဌာနက ဆိုပါတယ္ ။

'' ကြာရင္တိုင္းဝင္ေနတဲ့လူ ရာနဲ႔ခ်ီၿပီး ထြက္ေျပးၾကလို႔ စစၥလီကြၽန္းကို စစ္တပ္ပို႔ဖို႔စီစဥ္ ''3

အီတလီႏိုင္ငံထဲကို တူနီးရွားႏိုင္ငံကေန ပင္လယ္ကို ျဖတ္ၿပီး ဝင္ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္း ေတြကို အီတလီအစိုးရက ေျမထဲပင္လယ္ထဲက ၂ႏိုင္ငံအလယ္မွာရွိတဲ့ စစၥလီကြၽန္းမွာ ကိုဗစ္ေရာဂါပိုး ပါ ၊ မပါ စစ္ဖို႔အတြက္ ကြာရင္တိုင္း စင္တာေတြ တည္ေဆာက္ၿပီး ၁၄ရက္ ကြာရင္တိုင္းဝင္ခိုင္းထားရာ ေသာင္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္းေတြက စစၥလီကြၽန္းမွာ ကြာရင္တိုင္းဝင္ေနရပါတယ္ ။

စစၥလီကြၽန္းေပၚမွာ ကြာရင္တိုင္း စင္တာ ၅ခုတည္ေဆာက္ထားၿပီး ေ႐ႊ႕ေျပာင္းေတြကို ထားရာက စင္တာတစ္ခုမွာ ကြာရင္တိုင္းဝင္ေနတဲ့ လူ ၁၂၅ က တနဂၤေႏြည က ထြက္ေျပးသြားခဲ့ ၾကပါတယ္ ။

ျပည္ထဲေရးဝန္ႀကီးက သူတို႔ေတြကိုဖမ္းဖို႔ စစ္တပ္ကို လႊတ္မယ္လို႔ ေျပာၿပီးေနာက္မွာေတာ့ ထြက္ေျပးသြားတဲ့ သူေတြက ကိုဗစ္-၁၉ ပိုးရွိ ၊ မရွိစစ္ၿပီးသား ပိုးမေတြ႕ သူေတြပါလို႔ ေျပာၾကားခဲ့ပါတယ္ ။

ဒါေပမဲ့ စစၥလီကြၽန္း အုပ္ခ်ဳပ္ေရးမႉး ကေတာ့ အဲ့ဒိလိုေ႐ႊ႕ေျပာင္းေတြကို သူအုပ္ခ်ဳပ္တဲ့ ေနရာမွာလာထားတာ ျပႆနာေတြကို ဖိတ္ေခၚေနသလိုပဲ လို႔ဆိုပါတယ္ ။ စစၥလီကြၽန္းက အီတလီႏိုင္ငံရဲ႕ ကိုလိုနီတစ္ခုမဟုတ္ဘူး ဆိုတာကို အီတလီျပည္ထဲေရးဝန္ႀကီး သိေစခ်င္တယ္လို႔ ဆိုပါတယ္ ။

စစၥလီကြၽန္း အေနာက္ပိုင္းမွာ ထားထားတဲ့ ေ႐ႊ႕ေျပာင္း ၅၀၀ေက်ာ္ကေန ၁၀၀ေက်ာ္ထြက္ေျပးသြားတာပါလို႔ မီဒီယာေတြက ဆိုပါတယ္ ။ အဲဒိ ထြက္ေျပးသြားတဲ့ ေ႐ႊ႕ေျပာင္း ၁၈၂ ေယာက္က သူတို႔ကို ထားထားတဲ့ တဲေတြကေန ကြၽန္း အေရွ႕ေျမာက္ပိုင္းက အီတလီႏိုင္ငံဝင္ေပါက္ ဆီကိုသြားၾကတာပါ ။

အဲ့ဒိလူေတြထဲက ၁၂၅ ေယာက္ကို ျပန္ေတြ႕တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္ ။ ႏိုင္ငံျခားေရးဝန္ႀကီးက “ က်ေနာ့္ႏိုင္ငံက ကိုဗစ္-၁၉ ေရာဂါပိုး ဝင္ေမႊသြားလို႔ ေတာ္ေတာ္ထိသြားပါတယ္ ။

က်ေနာ္ အပါအဝင္ က်ေနာ္တို႔ ႏိုင္ငံသားေတြက ေရာဂါပိုးကို တိုက္ဖ်က္ဖို႔အတြက္ အစိုးရက ထုတ္ျပန္ထားတဲ့ အမိန႔္ အပါအဝင္ ဥပေဒေတြကို လိုက္နာေန ၾကရပါတယ္ ။ အခုက ေ႐ႊ႕ေျပာင္းေတြက ႏိုင္ငံတကာ အကူအညီ နဲ႔ အခြင့္အေရးကို အသုံးခ်ၿပီးေတာ့ ဝင္ေရာက္ကာ အီတလီႏိုင္ငံရဲ႕ အမိန႔္ေတြကို ခ်ိဳးေဖာက္ေနၾကပါတယ္ ” လို႔ ဆိုတယ္ ။

အခုေတာ့ အီတလီျပည္ထဲေရးဝန္ႀကီးက တူနီးရွားသမၼတ နဲ႔ သြားေရာက္ေတြ႕ ဆုံကာ ေ႐ႊ႕ေျပာင္းေတြအေရးကို ေဆြးေႏြးေနပါတယ္ ။

ေမာင္ယႆ
REF: euronews, photo; AP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အြန္လိုင္းေပၚက ေစာ္ကားမႈေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ ေရွ႕ေနခ်ဳပ္က ေဖ့စ္ဘုတ္ကို ေတာင္းဆို
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …