ကြာရွင္းခြင့္ ေတာင္းတဲ့ အေၾကာင္းျပခ်က္ က ႀကံႀကံဖန္ဖန္
- By : Phoe Linn
- Category : International-news

ကြာရွင္းခြင့္ ေတာင္းတဲ့ အေၾကာင္းျပခ်က္ က ႀကံႀကံဖန္ဖန္
ေယာက်္ားက နံလို႔ ကြာရွင္းခြင့္ ေပးပါတဲ့
ျမန္မာ ဆို႐ိုးရွိတယ္ ။ ခ်စ္ရင္အက်ိဳး ျမတ္ႏိုးေတာ့ သဒၵါတဲ့ ။ ခ်စ္တဲ့သူ အတြက္ ကေတာ့ ဘာေလးလုပ္လုပ္ ဘယ္လို ေနေန ၾကည့္ေနရင္း နဲ႔ပဲ ခ်စ္စရာ ေကာင္းေနတာပဲ ။ ခ်စ္တဲ့ မ်က္ေစ့က အျပစ္ေတြကို ျမင္ႏိုင္စြမ္း မရွိပါဘူး ။ လူ႔သဘာဝက တစ္မ်ိဳးပါ ။ မခ်စ္ေတာ့ဘူး ဆိုရင္လည္း ဘယ္ေလာက္ေကာင္းေအာင္ ေနေန အျပစ္ခ်ည္းပဲ ။ ဆီလို အေပါက္ ရွာၿပီး အျပစ္ကို တင္ေနေတာ့ တာပါပဲ ။ အခုလည္းၾကည့္ေလ အိႏၵိယ ႏိုင္ငံ ဘီယာ ျပည္နယ္က မိန္းကေလ းတစ္ေယာက္က သူ႔ ေယာက္်ားကို နံလို႔ ဆိုၿပီး တရား႐ုံးမွာ ကြာရွင္းခြင့္ ေတာင္းတယ္တဲ့ ။
ေဗရွလီ ခ႐ိုင္က အသက္ ၂၀ အ႐ြယ္ အမ်ိဳးသမီး တစ္ေယာက္က တရား႐ုံးကို ေယာက်္ားနဲ႔ ကြာရွင္းေပးဖို႔ ဦးတိုက္ ေလွ်ာက္လာ ပါတယ္ ။ သူမရဲ႕ အေၾကာင္း ျပခ်က္က သူမရဲ႕ ခင္ပြန္းက မုတ္ဆိတ္ ပုံမွန္ မရိတ္ဘူး ေရမွန္မွန္ မခ်ိဳးဘူး သြားကို ေန႔တိုင္း မတိုက္လို႔ ဆိုတဲ့အေၾကာင္း ျပခ်က္နဲ႔ပါ ။ ေန႔စဥ္လူသားေတြ လုပ္ေဆာင္ ရမယ့္ အျပဳအမူေတြ ယဥ္ေက်းမႈ မရွိတဲ့အတြက္ ကြာရွင္းခြင့္ ေပးပါဆိုၿပီး ေတာင္းဆိုတာ ပါ ။ တရား႐ုံးမွာ ျပည္နယ္ အမ်ိဳးသမီးမ်ား ကာကြယ္ ေစာင့္ေရွာက္ေရး ေကာ္မရွင္က သူမရဲ႕ တိုင္တန္းမႈကို ၾကားနာခဲ့ ပါတယ္ ။
ေကာ္မရွင္က တိုင္တန္းသူ ဆိုနီေဒဗီကို ခင္ပြန္းျဖစ္သူ မန္နစ္ရွ္ ရမ္က အဲ့ဒိ အျပဳအမႈေတြက လတ္တေလာ ၂ လ အတြင္းမွာ ျဖစ္ပြားတာလား ။ အရင္ကတည္းက ျဖစ္ေနတာလား ဆိုၿပီး သူမကိုေမးခဲ့ပါတယ္ ။ သူမက “က်မရဲ႕ခင္ပြန္းက ေရခ်ိဳးတာ သြားတိုက္တာ မုတ္ဆိပ္ရိပ္တာ ေတြကို ၁၀ ရက္မွ တစ္ခါေလာက္ပဲ လုပ္ေလ့ ရွိပါတယ္ ။ က်မတို႔ ၂၀၁၇ မွာ အိမ္ေထာင္က်တယ္ ။ သူ႔ရဲ႕ အျပဳအမူ ေတြက က်မကို ေစာ္ကားေနသလို ျဖစ္ေနတယ္ ။ သူ႔ကိုယ္က ပုတ္ေဟာင္ ေနတာပါပဲ ။ က်မက အႀကိမ္ႀကိမ္ ေျပာပါတယ္ ။ တစ္ကိုယ္ေရ သန႔္ရွင္းမႈကို ေန႔စဥ္ လုပ္ပါလို႔ ။
ဒါေပမဲ့သူ နားမေထာင္ ခဲ့ဘူး ။ ဘယ္လိုမွ မေအာင့္အီး ႏိုင္ေတာ့လို႔ ကြာရွင္းခြင့္ ေတာင္းတာပါ ” လို႔ ေကာ္မရွင္ကို ရွင္းျပ ပါတယ္ ။ ေကာ္မရွင္ကေတာ့ ကြာရွင္းခြင့္ ေတာင္းတာက ခိုင္လုံတဲ့အေၾကာင္းျပခ်က္ မဟုတ္ဘူးလို႔ ယူဆ ေပမဲ့ တရားသူႀကီး ကေတာ့ လူသား တစ္ေယာက္ရဲ႕ ရပိုင္ခြင့္ေပၚ အေျချပဳ စဥ္းစားေစခ်င္တယ္ လို႔ ေကာ္မရွင္ အဖြဲ႕ကို သတိေပး ေျပာဆိုမႈ လုပ္ခဲ့ပါတယ္ ။ အိႏၵိယ လူလတ္တန္းစား ပညာတတ္ အမ်ိဳးသမီးနဲ႔ အေျခခံ လူတန္းစားေတြ ၾကားမွာ ျဖစ္ေနတဲ့ ကိစၥက ေလးေလးနက္နက္ သုံးသပ္ဖို႔ လိုေၾကာင္း ေျပာလာ ပါတယ္ ။
အဲဒိ ေနာက္မွာေတာ့ တရား႐ုံးက ေနာက္ ၂ လၾကာ ေစာင့္ၾကည့္ဖို႔ နဲ႔ ခင္ပြန္းသည္က သူ႔ရဲ႕ အက်င့္ကို မျပင္ရင္ကြာရွင္းဖို႔ကိ စၥတရား႐ုံးက လက္ခံ စဥ္စားေပးမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္ ။
ေမာင္ယႆ REF: husdustani times
Unicode
ကွာရှင်းခွင့် တောင်းတဲ့ အကြောင်းပြချက် က ကြံကြံဖန်ဖန်
ယောကျ်ားက နံလို့ ကွာရှင်းခွင့် ပေးပါတဲ့
မြန်မာ ဆိုရိုးရှိတယ် ။ ချစ်ရင်အကျိုး မြတ်နိုးတော့ သဒ္ဒါတဲ့ ။ ချစ်တဲ့သူ အတွက် ကတော့ ဘာလေးလုပ်လုပ် ဘယ်လို နေနေ ကြည့်နေရင်း နဲ့ပဲ ချစ်စရာ ကောင်းနေတာပဲ ။ ချစ်တဲ့ မျက်စေ့က အပြစ်တွေကို မြင်နိုင်စွမ်း မရှိပါဘူး ။ လူ့သဘာဝက တစ်မျိုးပါ ။ မချစ်တော့ဘူး ဆိုရင်လည်း ဘယ်လောက်ကောင်းအောင် နေနေ အပြစ်ချည်းပဲ ။ ဆီလို အပေါက် ရှာပြီး အပြစ်ကို တင်နေတော့ တာပါပဲ ။ အခုလည်းကြည့်လေ အိန္ဒိယ နိုင်ငံ ဘီယာ ပြည်နယ်က မိန်းကလေ းတစ်ယောက်က သူ့ ယောက်ျားကို နံလို့ ဆိုပြီး တရားရုံးမှာ ကွာရှင်းခွင့် တောင်းတယ်တဲ့ ။
ဗေရှလီ ခရိုင်က အသက် ၂၀ အရွယ် အမျိုးသမီး တစ်ယောက်က တရားရုံးကို ယောကျ်ားနဲ့ ကွာရှင်းပေးဖို့ ဦးတိုက် လျှောက်လာ ပါတယ် ။ သူမရဲ့ အကြောင်း ပြချက်က သူမရဲ့ ခင်ပွန်းက မုတ်ဆိတ် ပုံမှန် မရိတ်ဘူး ရေမှန်မှန် မချိုးဘူး သွားကို နေ့တိုင်း မတိုက်လို့ ဆိုတဲ့အကြောင်း ပြချက်နဲ့ပါ ။ နေ့စဉ်လူသားတွေ လုပ်ဆောင် ရမယ့် အပြုအမူတွေ ယဉ်ကျေးမှု မရှိတဲ့အတွက် ကွာရှင်းခွင့် ပေးပါဆိုပြီး တောင်းဆိုတာ ပါ ။ တရားရုံးမှာ ပြည်နယ် အမျိုးသမီးများ ကာကွယ် စောင့်ရှောက်ရေး ကော်မရှင်က သူမရဲ့ တိုင်တန်းမှုကို ကြားနာခဲ့ ပါတယ် ။
ကော်မရှင်က တိုင်တန်းသူ ဆိုနီဒေဗီကို ခင်ပွန်းဖြစ်သူ မန်နစ်ရှ် ရမ်က အဲ့ဒိ အပြုအမှုတွေက လတ်တလော ၂ လ အတွင်းမှာ ဖြစ်ပွားတာလား ။ အရင်ကတည်းက ဖြစ်နေတာလား ဆိုပြီး သူမကိုမေးခဲ့ပါတယ် ။ သူမက “ကျမရဲ့ခင်ပွန်းက ရေချိုးတာ သွားတိုက်တာ မုတ်ဆိပ်ရိပ်တာ တွေကို ၁၀ ရက်မှ တစ်ခါလောက်ပဲ လုပ်လေ့ ရှိပါတယ် ။ ကျမတို့ ၂၀၁၇ မှာ အိမ်ထောင်ကျတယ် ။ သူ့ရဲ့ အပြုအမူ တွေက ကျမကို စော်ကားနေသလို ဖြစ်နေတယ် ။ သူ့ကိုယ်က ပုတ်ဟောင် နေတာပါပဲ ။ ကျမက အကြိမ်ကြိမ် ပြောပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို နေ့စဉ် လုပ်ပါလို့ ။
ဒါပေမဲ့သူ နားမထောင် ခဲ့ဘူး ။ ဘယ်လိုမှ မအောင့်အီး နိုင်တော့လို့ ကွာရှင်းခွင့် တောင်းတာပါ ” လို့ ကော်မရှင်ကို ရှင်းပြ ပါတယ် ။ ကော်မရှင်ကတော့ ကွာရှင်းခွင့် တောင်းတာက ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘူးလို့ ယူဆ ပေမဲ့ တရားသူကြီး ကတော့ လူသား တစ်ယောက်ရဲ့ ရပိုင်ခွင့်ပေါ် အခြေပြု စဉ်းစားစေချင်တယ် လို့ ကော်မရှင် အဖွဲ့ကို သတိပေး ပြောဆိုမှု လုပ်ခဲ့ပါတယ် ။ အိန္ဒိယ လူလတ်တန်းစား ပညာတတ် အမျိုးသမီးနဲ့ အခြေခံ လူတန်းစားတွေ ကြားမှာ ဖြစ်နေတဲ့ ကိစ္စက လေးလေးနက်နက် သုံးသပ်ဖို့ လိုကြောင်း ပြောလာ ပါတယ် ။
အဲဒိ နောက်မှာတော့ တရားရုံးက နောက် ၂ လကြာ စောင့်ကြည့်ဖို့ နဲ့ ခင်ပွန်းသည်က သူ့ရဲ့ အကျင့်ကို မပြင်ရင်ကွာရှင်းဖို့ကိ စ္စတရားရုံးက လက်ခံ စဉ်စားပေးမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။
မောင်ယဿ REF: husdustani times
No Comments