International-news
မောင်ယဿ
Unicode
ကွာရင်တိုင်း မဝင်ရင် လေယာဉ်ကွင်း ကနေ ပဲ ပြန်ဒိုးတော့ တိုင်းပြည်ထဲ အဝင်မခံဘူး
၁၄ရက် သီးခြား ခွဲနေရေး အစီအစဉ် ( ကွာရင်တိုင်း ) မဝင်ဘူးလို့ ငြင်းဆိုလို့ တောင်ကိုရီးယားက နိုင်ငံခြား ဧည့်သည် ၈ ဦးကို လေယာဉ်ကွင်း ကနေ နေရပ်ပြန်ဖို့ ဆိုလိုက်တယ် ။ တောင်ကိုရီးယား လေဆိပ် အာဏာပိုင် တွေက နိုင်ငံခြား ဧည့်သည်တွေကို တည်းခိုအိမ် သို့မဟုတ် အစိုးရစီစဉ် ပေးတဲ့ ကွာရင်တိုင်း စင်တာတွေမှာ ၁၄ ရက် နေရမယ်လို့ ဆိုတာကို ၆ နိုင်ငံက လာတဲ့ ဧည့်သည် ၈ ဦးက ငြင်းဆန်လို့ လေဆိပ် ကနေပဲ အိမ်ပြန်ခိုင်းလိုက် ပါတယ် ။
တောင်ကိုရီးယား မီဒီယာတွေကတော့ တောင်ကိုရီးယားကို လာတဲ့ နိုင်ငံသား နိုင်ငံခြားသားတိုင်းကို လေယာဉ်ကွင်းကနေ ဆင်းတာနဲ့ ၁၄ ရက် ကွာရင်တိုင်း ဝင်ရမယ်လို့ လမ်းညွှန်ချက်ကို ပြောပြထားပြီးသားလို့ ဆိုတယ် ။ နိုင်ငံခြားကနေ တောင်ကိုရီးယားက ဘယ်လေဆိပ်ကို ဆင်းဆင်း ကွာရင်တိုင်း ဝင်ရမယ်ဆိုတဲ့ အမိန့် ရှိပြီးသားလို့ ဆိုတယ် ။
နိုင်ငံခြားသား ဧည့်သည် ၈ ဦးက အဲ့ဒိ အမိန့်ကိုနားမလည်ဘူးလို့ ဆိုတယ် ။ လက်ရှိက တောင်ကိုရီးယားကို ရက်တိုအလည်လာတဲ့သူတွေကတော့ အစိုးရကွာရင်တိုင်း အဆောက်အအုံတွေမှာ နေရမှာပါ။ ။ ဒါ့အပြင် ကွာရင်တိုင်းကာလအတွင်းမှာ အပြင်ထွက်ရင် တစ်ရက်ကို ဝမ်တစ်သိန်း ဒဏ်ရိုက်ခံနေရမှာဖြစ်ပြီး စမတ်ဖုန်းတွေမှာ အာဏါပိုင်တွေရဲ့ အာရုံခံ အပလီကေးရှင်းအသွင်းခံရပြီး လှုတ်ရှားမှုတွေကို စောင့်ကြည့်ခံရမှာပါ။
ကျန်းမာရေးဝန်ကြီးဌာ အဆိုအရ တောင်ကိုရီယားကို ဝင်လာသူ နိုင်ငံသား နိုင်ငံခြားသား တွေမှာ ၃ယောက်မှာ ၁ယောက် က ရောဂါပိုးတွေ့ရှိတယ်လို့ ဆိုတယ်။ သမ္မတ မွန်ဂျေအင်းက ကွာရင်တိုင်းမဝင်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့အတွက် အမိန့်ထုတ်ထားပါတယ်။
ကွာရင်တိုင်းမဝင်တဲ့ နိုင်ငံသားတွေကို ထောင်၃နှစ်နဲ့ ဒဏ်ငွေ ဝမ်၁၀ သန်းရိုက်ဖို့ နဲ့ နိုင်ငံခြားသားဆိုရင် လေယာဉ်ကွင်း သဘာၤဆိပ် ကာဂိတ်တွေကနေ ချက်ခြင်း ပြန်လွှတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ လက်ရှိမှာ တောင်ကို ရီးယားကို လာလည်တဲ့ နိုင်ငံခြားသားအချို့မှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာရှိနေတာကို စုံစမ်းသိရှိရတဲ့အတွက် အဲ့လို့အမိန့်ကို ထုတ်ပြန်ခဲ့ရတာလို့ မီဒီယာတွေက ဆိုတယ်။
မောင်ယဿ
ကိုးကား – the guardian / ဓာတ်ပုံ- panay news
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …