
International-news







မောင်ယဿ

REF: UPI

Unicode

ကွန်ဂိုမှာ ဖြစ်နေတဲ့ အီဘိုလာ ရောဂါကတော့ တစ်စခန်း ငြိမ်းသွားပြီလို့ဆို

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကွန်ဂိုနိုင်ငံရဲ့ အရှေ့ဖက် ပိုင်းမှာဖြစ်ခဲ့ တဲ့ အီဘိုလာ ဗိုင်းရက် ရောဂါပြန့်နှံ့မှုကြောင့် လူ ၂၈၅၆ ဦး သေဆုံးပြီးနောက်မှာတော့ တစ်စခန်းရပ်လို့ ဇာတ်သိမ်း သွားပြီလို့ ဆိုတယ် ။

ကွန်ဂိုနိုင်ငံ အရှေ့ဖက် ကီဗူးပြည်နယ်မြောက်ပိုင်း မှာ၂၀၁၈ သြဂုတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ အီဗိုလာ ဗိုင်းရက် ပြန့်ပွားမှုက ၉ ကြိမ် တိုင်တိုင် ရှိခဲ့ပါတယ် ။ ကွန်ဂို အရှေ့ဖက်မှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရက် က နောက်ဆုံး အနောက်မြောက်ဖက်မှာ အဆုံးသတ် သွားပါပြီ ။ နောက်ဆုံး ဖြစ်ခဲ့တဲ့ ပြည်နယ် ကတော့ ရောဂါ စဖြစ်တဲ့ နေရာနဲ့ မိုင် ၁၅၀၀ ကွာဝေးတဲ့ အီကွေတာ ပြည်နယ် ဖြစ်ပြီး လူ ၅၀ ကူးစက်ခံရပြီး ၃၃ ယောက် သေဆုံးခဲ့ပါတယ် ။

အီဘိုလာ ဗိုင်းရက် ကို ၁၉၇၆ ခုနှစ်က စတင် ရှာဖွေ တွေ့ရှိခဲ့ပြီး အာဖရိက တိုက်မှာ ဒုတိယ လူ အသေအပျောက် အများဆုံး ရောဂါပိုး ဖြစ်ခဲ့ပါတယ် ။ ၂၀၁၄ မှာ နောက်တစ်ခါ ပြန်ပေါ်လာပြီး ၂ နှစ် ရောဂါ ကူးစက်မှု ဖြစ်နေခဲ့ပါတယ် ။ လူ ၄၀၀၀ နီးပါးလောက် ကူးစက် ခံရပြီး ၃၀၀ နီးပါးလောက် သေဆုံး ခဲ့ရပါတယ် ။ အများစုက ကလေးတွေ ဖြစ်ပါတယ် ။ တောရိုင်း တိရိစ္ဆာန်တွေ ကနေ ကူးစက် ခံရတဲ့ ဗိုင်းရက်က လူ လူချင်း ကူးစက်တဲ့ အဆင့်ထိ ဗိုင်းရက်က တိုးတက် လာခဲ့ပါတယ် ။

ကွန်ဂိုမှာ ဖြစ်တဲ့ အီဘိုလာဗိုင်းရက် ရောဂါကို ကူးစက်ရောဂါ အဆင့်အဖြစ် သက်မှတ်ပြီး ကျနော်တို့ မစ်ရှင်တွေ လွှတ်ပြီး တိုက်ဖျက်ခဲ့ပါတယ် ။ အချိန်မီ မအုပ်နိုင်ရင်တော့ အလွန် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက် အားစိုက် လုပ်ခဲ့ ရပါတယ် ။ အခုတော့ အီဘိုလာဗိုင်းရက် တစ်စခန်း သိမ်းသွားပြီဆိုတော့ အာဖရိကရော ကမ္ဘာအတွက်ပါ မျှော်လင့်ချက် ရှိလာပါပြီ ။ သိပ္ပံပညာရပ် နယ်ပယ်က စည်းလုံးညီညွှတ်မှုနဲ့ သတ္တိတွေက ကျနော်တို့ကို အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ် ။ အခုတော့ ကျနော်တို့ အီဘိုလာကို ထိန်းချုပ် နိုင်ခဲ့ပါပြီ”လို့ WHO အကြီးအကဲက ဆိုပါတယ် ။

အခုတော့ ကွန်ဂိုမှာ တိုက်စရာ ကိုဗစ်-၁၉ ကိုတိုက်ခိုက်ဖို့ပဲ ကျန်ပါတော့တယ် ။ ကွန်ဂိုမှာက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၆၅၀၀ ကျော် ကူးစက်ခံနေရပြီး သေဆုံးသူ ၁၀၀ ကျော် ရှိနေပါတယ် ။

မောင်ယဿ

REF: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …