ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို
International-news

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတာရေးစ် က ဒီကနေ့ မှာ အိန္ဒိယနိုင်ငံမှာ စွမ်းအင် အရင်းအမြစ်အဖြစ် ကျောက်မီးသွေးလို ရုပ်ကြွင်း လောင်စာတွေကို သုံးစွဲမှု ရပ်တန့်ပေးဖို့ကို တောင်းဆို လိုက်ပါတယ်။ အိန္ဒိယ နီုင်ငံအနေနဲ့ ကမ္ဘာ့ စူပါပါဝါ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂက အိန္ဒိယကို ၂၀၂၀ နောက်ပိုင်းမှာ နောက်ထပ် ကျောင်မီးသွေး လောင်စာသုံး စက်ရုံ တွေကို မတည်ဆောက်ဖို့အတွက် ကတိကဝတ် တောင်းခံထားတာ ရှိပါတယ်။ လက်ရှိမှာ အိန္ဒိယက စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လျက် ရှိနေတဲ့ အတွက်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ပြန်လှည့် ကြည့်စေချင်တယ်လို့ ဂုတာရေ့စ်က ဆိုပါတယ်။

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို1

“ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံ မှု တွေကို ပြုစေချင်တယ်။ ပြီးတော့ သန့်စင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုမယ့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်စေချင်တယ်။

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို2

ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေစဉ်မှာပဲ တစ်ခါတည်းတွဲပြီး လျှပ်စစ်မီး မရတဲ့ လူဦးရေ သန်း၂၇၀ အတွက် အစီအစဉ်တွေကို လုပ်စေချင်တယ်။ အဲ့ဒိလို လုပ်ခြင်းက လူဦးရေ ၉သန်းကျော် ကို အလုပ်ပေးထားရာ ကျနေပါတယ်။ လာမယ့် ၃နှစ်အတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး တိုးတက် လာဖွယ်ရာ ရှိနေပါတယ်။

သဘာဝ ပတ်ဝန်းကျင်တွေကို ထိခိုက်စေတဲ့ ရုပ်ကြွင်း လောင်စာသုံးပြီး လုပ်ငန်းတွေကို လုပ်ဆောင် နေတာထက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး လုပ်ငန်းတွေက အလုပ်အကိုင် အခွင့် အလမ်း ၃ဆ ပိုပါတယ်” လို့ သူက နှစ်စဉ်ပြု လုပ်မြဲဖြစ်တဲ့ အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့် လုပ်ပြီး ပြောခဲ့ပါတယ်။

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို3

ဒါ့အပြင် ဂုတာရေးစ်က လက်ရှိမှာ ပြင်သစ် ဂျာမဏီ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဦးစားပေးနေပြီ ဖြစ်တဲ့အတွက် စီးပွားရေးအတွက် ကာဗွန် ထုတ်လွှတ်မှု ကိစ္စရပ်တွေကို ရပ်တန့်နိုင်အောင် နည်းပညာ တိုးတက်မှုရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်း နေတာပါ။

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို4

နိုက်ဂျီးရီးယားလို နိုင်ငံမျိုးကတောင် ရုပ်ကြွင်း လောင်စာတွေကို အသုံးပြုခြင်းကို ရပ်တန့်နိုင်အောင် ကြိုးစားနေပြီ ဖြစ်လို့ စူပါပါဝါ နိုင်ငံတွေအနေနဲ့ စီးပွားအရ အောင်မြင်ရင် ပြီးရော ဆိုပြီး ကာဗွန်ထုတ်လွှတ်မှု လုပ်ငန်းတွေကို ဆက်မလုပ်ကြဖို့ အတွက်လည်း တိုက်တွန်း ထားပါတယ်။

ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ဖို့ အတွက် အိန္ဒိယကို ကုလအတွင်းရေးမှူးချုပ် တောင်းဆို5

မောင်ယဿ, REF: UPI, Photo : UPI

Zawgyi










No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …