ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်

ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်
International-news

ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်

မောင်ယဿ ( သြဂုတ် ၁၇ )

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တာလီဘန်တွေ မြို့တော် ကဘူးမြို့စွန်ကို ဝင်လာတော့ အနောက်နိုင်ငံတွေနဲ့ ဆက်စပ် နေတဲ့ အာဖဂန်သားတွေ တိုင်းပြည်က ထွက်ပြေးဖို့ ကြိုးစားကြသလို သမ္မတဖြစ်တဲ့ အာဆက် ဂါနီ ကိုယ်တိုင် နိုင်ငံခြားကို ထွက်ပြေးသွားပါတယ်။

ဒါပေမဲ့ အာဖဂန်နိုင်ငံမှာ ပထမဆုံး အမျိုးသမီး မြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ အမျိုးသမီးကတော့ သူမရဲ့ အိမ်ကနေ တစ်ဖဝါးမျမခွာဘူး ၊ တာလီဘန် တွေ လာသတ်ရင်လည်း အသေခံမယ်လို့ ဗြိတိန်သတင်းစာတစ်စောင်ကို ပြောလိုက်ပါတယ်။

“ သူတို့ လာတာကို ကျမ ဒီကနေ ထိုင်စောင့်နေပါတယ်။ ကျမ နဲ့ ကျမရဲ့ မိသားစုကို ဘယ်သူမှ လာပြီး အကူအညီမပေးကြပါဘူး။ ကျမနဲ့ ကျမရဲ့ခင်ပွန်းက ဒီမှာပဲထိုင်စောင့်နေပါတယ်။ သူတို့က ကျမလိုလူတွေကို လိုက်ပြီးသတ်နေပါတယ်။

ကျမက မိသားစုကို ထားခဲ့ ပြီး ဘယ်ကို ထွက်သွားရမှာလဲ ။ ဘာပဲဖြစ်ဖြစ် လေ၊ ဘယ်ကိုသွားရလဲ ” လို့ မေဒမ်ရှာမြို့တော်ဝန် ဇာရီဖာဂါဖာရီ က ဆိုလိုက်ပါတယ်။

ဂါဖာရီ ( ၂၇ နှစ်) အာဖဂန်မှာ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်ပြီး ဝါဒက်ပြည်နယ် မဒမ်ရှာမြို့ ရဲ့ ပထမဆုံး အမျိုးသမီး မြို့တော်ဝန် လည်းဖြစ်ပါတယ်။

အမေရိကန်တွေ ဆုတ်ခွာပြီး တာလီဘန်တွေ စလှုတ်ရှားခဲ့တဲ့ လွန်ခဲ့တဲ့ ၃ ပတ်က “ ကျမတို့ နိုင်ငံမှာ လူငယ်တွေရှိပါတယ်။ သူတို့က ကျမတို့ရဲ့ မျှော်လင့်ချက်ပါ ၊ ဒီမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သူတို့တွေ သိကြပါတယ်။

သူတို့မှာ ဆိုရှယ်မီဒီယာတွေရှိတယ် ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိတယ်။ ကျမတို့ ရဲ့အခွင့်အရေးနဲ့ တိုးတက်မှုကို သူတို့ ဆက်ပြီး တိုက်ပွဲ ဝင်သွားကြမှာပါ။ ကျမတို့ မှာ အနာဂတ်ရှိ ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဂါဖာရီကို သမ္မတ ဂါနီက ၂၀၁၈ တုန်းက မြို့တော်ဝင်အဖြစ် အမည် စာရင်း တင်သွင်း ခဲ့တာပါ။ သူမကို ဝါရှင်တန်အမျိုးသမီးရေးရာ အဖွဲ့က ၂၀၂၀ သတ္တိရှိတဲ့ အမျိုးသမီး ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အာဖဂန်မှာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ မြို့တော်ဝန်တွေ ရှိပေမဲ့ ဂါဖာရီက အလွန်ရှေးရိုးစွဲ (အစဉ်အလာကို ထိန်းသိမ်းတဲ့ ၊ ရိုးရာအပျက်မခံ ) ပါတယ်ဆိုတဲ့ မဒမ်ရှားမြို့မှာ တာဝန်ခံလုပ်ခဲ့တာပါ။

တာလီဘန်တွေ သူပုန်ပြန်ထတော့ ကဘူးမြို့ က ကာကွယ်ရေး ဝန်ကြီးဌာနမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်တာကို ခံလိုက်ရတဲ့ ပြည်သူတွေ စစ်သားတွေကို ဆေးဝါးကုသမှု နဲ့ ပြန်လည်နေရာ ချထား ရေး လုပ်ငန်းတွေ ကို လုပ်ကိုင်နေခဲ့ပါတယ် ။

တာလီဘန်ခေါင်းဆောင် ကိုယ်စားပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်ကတော့ အတိုက်အခံ တွေနဲ့ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးသွားမယ်လို့ မနေ့က ကတိကဝတ်ပြု ထား တာရှိပါတယ်။

REF: NBCnews,Photo :Credit  twitter

Zawgyi


ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်
ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်

မောင်ယဿ ( သြဂုတ် ၁၇ )






ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်1




ကျမ မှာပြေးစရာမရှိဘူး ၊ တာလီဘန်တွေ လာသတ်လည်း အသတ်ခံမယ်လို့ ဆိုတဲ့ အာဖဂန် အမျိုးသမီး မြို့တော်ဝန်2



REF: NBCnews
Photo : twitter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …