ကျန်းမာအောင်စားမှ ဘဝအနှစ်သာရလို့ ဆိုလိုက်တဲ့ ကရီနာကပူး
ကျန်းမာအောင်စားမှ ဘဝအနှစ်သာရလို့ ဆိုလိုက်တဲ့ ကရီနာကပူး
မောင်ယဿ (ဇူလိုင် ၂၀ )
ဘောလီးဝုဒ်က အချမ်းသာဆုံး အမျိုးသမီးသရုပ်ဆောင် ဆယ်လီကြီး ကရီနာကပူးက သူမရဲ့ တနလာင်္နေ့ညစာကို အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ကျန်းမာတယ် ဆိုတာ ဘဝတစ်ခုရဲ့ ဆုလဒ်ပါ၊
ကျန်းမာအောင် စားသောက်နေထိုင်ခြင်းသည် သာလျှင် ဘဝရဲ့ အနှစ်သာရပါလို့ ဆိုလိုက်ပါတယ်။
ကရီနာက တနလာင်္နေ့ ညစာကိုဓာတ်ပုံရိုက်ပြီး တင်လိုက်တယ်။ ပုံစာအဖြစ်နဲ့ “ ကျမရဲ့ ညစာမှာ ဖောလစ်အက်ဆစ်လို ဗီတာမင်ဘီ အပါအဝင်ဗီတာမင် အေ၊ စီ ၊ အီး နဲ့ ကေ ပါတဲ့ ဘရိုကိုလီ ( ပန်းပွင့်စိမ်း) ပါတယ်။ အသားဓာတ်ကို ရအောင်လို့ မှို ပါတယ်။
အာဟာရအစုံပါတဲ့ ငရုပ်ပွ ပါတယ်။ အဲ့ဒါလောက်ပါပဲ။ သောက်စရာအနေနဲ့ ကော်ဖီ တစ်ခွက် သောက်လိုက်တယ်” ဆိုပြီး ရေးတင်လိုက်ပါတယ်။
အစားအသောက်အနေနဲ့ အသားတွေ ငါးတွေကို မစားဘူးလို့ ပြောတာမဟုတ်ပါဘူး။ တစ်ပတ်ကို တစ်ရက် ၂ရက်လောက် ညစာကို သတ်သတ်လွတ် စားတဲ့အပြင် တင်းတိမ်ရုံလေးပဲ စားတာပါ။
သူမက အဲ့ဒိ အလေ့အကျင့်ကို သားဖြစ်သူ တိုင်မာအလီခန်ကိုလည်း လေ့ကျင့် ပေးနေပါတယ်။ အဲ့ဒိလို စားတာက အူလမ်းကြောင်း ရှင်းတာပါလို့ လည်း ဆိုပါတယ်။
“ အလေ့အကျင့်လုပ်ပေးတော့ တိုင်မာလည်း အစိမ်းရောင် အစာတွေကို တဖြည်းဖြည်းကြိုက်လာပါပြီ။ နောက်ဆိုရင် ကျမလည်း ယောဂ လေ့ကျင့်ခန်းတွေကို လုပ်ဖို့အတွက် အချိန်ပေးတော့မှာပါ။
ကျမက ၂၀၀၆ လောက်ကတည်းက ယောဂလေ့ကျင်ဖို့ သင်တန်ကျောင်းမှာ စာရင်းပေးပြီး လေ့ကျင့်ဖူးပါတယ်။ အဲ့တုန်းက ပေါ့ပါးမှုမျိုး အခုမရတော့ဘူးဖြစ်နေတယ်”
“ ကလေး ၂ယောက် ရပြီးကတည်းက အလုပ်ရယ် ၊မိသားစုကိစ္စရယ်နဲ့ ကိုယ့်ကျန်းမာရေးဖက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်။
အဲ့တော့ ကိုယ်လက် နာကျင်ကိုက်ခဲမှုတွေ မောပန်းနွမ်းနေတာတွေ အလွယ်တကူဖြစ်နေတယ်။ အခုကျမ အစကနေ ပြန်ပြီး တဖြည်းဖြည်း ပြန်ကျင့်နေရပါတယ်။
ဘာပဲဖြစ်ဖြစ် အဲ့လိုမအားလပ်လို့ ကိုယ်လက်လှုတ်ရှားကို အချိန်ပေးပြီး မလုပ်နိုင်သေးရင် အစားအသောက်ကို ထိန်းပြီး ကျန်းမာရေး စောင့်ရှောက်စေချင်လို့ ဒီပို့စ်လေးကို တင်လိုက်တာပါ” လို့ ဆိုပါတယ်။
REF: Hindustani times, Photo credit : gulte
zawgyi
မောင်ယဿ (ဇူလိုင် ၂၀ )
ကျန်းမာအောင်စားမှ ဘဝအနှစ်သာရလို့ ဆိုလိုက်တဲ့ ကရီနာကပူး1
ကျန်းမာအောင်စားမှ ဘဝအနှစ်သာရလို့ ဆိုလိုက်တဲ့ ကရီနာကပူး2
ကျန်းမာအောင်စားမှ ဘဝအနှစ်သာရလို့ ဆိုလိုက်တဲ့ ကရီနာကပူး3
REF: Hindustani times
Photo : gulte
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့
Cele News
အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့
အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့ မောင်ယဿ ( နိုင်ဝင်ဘာ ၅ ) တရုတ်နိုင်ငံမှာ သခင်က စွန့်ပစ်ထားတဲ့ ခွေးတစ်ကောင်က အွန်လိုင်းပေါ်မှာ စိတ်ဝင်စားခံရမှုဖြစ်လာလို့ လေလံကုမ္ပဏီတစ်ခုက လေလံပစ်ရာ အလုအယက် လေလံဆွဲရင်းက တရုတ် ယွမ်ငွေ ၁၆၀၀၀၀ ( ကန်ဒေါ်လာ ၂၅၀၀၀ ) နဲ့ အရောင်းအဝယ်တည့် သွားပါတယ်။ ရှီဘာအီနူ မျိုးဖြစ်တဲ့ ၈နှစ်သားအရွယ် ဒိန်ဒိန် လို့ အမည်ရတဲ့ ခွေးကို သူ့ သခင်စွန့်ပစ်ထားတာ ၇နှစ်ရှိသွားပါပြီ ။ အဲ့ခွေးလေးအကြောင်းက အွန်းလိုင်ပေါ်မှာ နာမည်ကြီးပါတယ်။ အဲ့ဒါနဲ့ အဲ့ဒိခွေးလေးကို ကမ္ဘာကျော် တရုတ် အွန်လိုင်းစီပွားရေးလုပ်ငန်းဖြစ်တဲ့ …
အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ
Cele News
အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ
အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ မောင်ယဿ ( သြဂုတ် ၁၅ ) ဒီအပတ် အမေရိကားက အရောင်းရဆုံး ဓာတ်ပြား စာရင်း ( အမေရိကန် ဘီလ်ဘုတ် ) မှာ ဂရမ္မီဆုရှင် ဘီလီအီးလစ်ရှ် ရဲ့ Happier than Ever ဓာတ်ပြားက နံပါတ် ၁ နေရာကို ချိတ်လိုက်နိုင်ပါပြီ။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘီလီအီးလစ်ရှ်က အမေရိကန် တေးရေး တေးဆို တစ်ယောက်ပါ။ ၂၀၁၅ ခုနှစ်က သူမရဲ့ ဆင်ဂဲလ် အယ်လ်ဘမ်းဖြစ်တဲ့ Ocean eyes က အမေရိကားမှာ စပေါက်သွားပါတယ်။ …
ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်
Cele News
ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်
ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ် မောင်ယဿ ( သြဂုတ် ၈ ) ဆယ်လီနာဂိုမက်ဇ် ဆိုတာ ငယ်ငယ်နဲ့ ကျော်ကြားမှုတွေ ချမ်းသာမှုတွေ ကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီ တစ်ယောက်ပါ။ ဒစ္စနေ ရဲ့ တီဗီ စီရီး တစ်ခုဖြစ်တဲ့ “ wizards of waverly place” မှာ သရုပ်ဆောင်တော့ သူမက အသက် ၁၅ နှစ်ပဲရှိပါသေးတယ်။ အဲ့ဒိမှာ သူမကို အမေရိကား က ဟိုးလေးတကျော်ကျော် ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ “ ဒစ္စနေက ကျမကို ပြုစုပျိုးထောင်လိုက်ပေမဲ့ ကျမက ဒစ္စနေနဲ့ အဝေးမှာ အလုပ်လုပ်ဖို့ လက်မှတ်ထိုး ခဲ့တုန်းက …