ကျနော် ဒေါ်လာတွေကို “မ” ပြီး ဒိုးသွားတာ မဟုတ်ဘူးလို့ အာဖဂန်သမ္မတဟောင်းဆို

ကျနော် ဒေါ်လာတွေကို “မ” ပြီး ဒိုးသွားတာ မဟုတ်ဘူးလို့ အာဖဂန်သမ္မတဟောင်းဆို
International-news

ကျနော် ဒေါ်လာတွေကို “မ” ပြီး ဒိုးသွားတာ မဟုတ်ဘူးလို့ အာဖဂန်သမ္မတဟောင်းဆို

မောင်ယဿ ( စက်တင်ဘာ ၉ )

တာလီဘန်တွေ ကဘူးမြို့ကိုသိမ်းဖို့ ကြိုးစားတဲ့အချိန်မှာ အာဖဂန်နိုင်ငံ ကနေ ပြင်ပကို ထွက်ပြေးသွားတဲ့ အာဖဂန်သမ္မတဟောင်းကို တိုင်းပြည်ပိုင် ပိုက်ဆံ ဒေါ်လာသန်းပေါင်းများစွာ ခိုးသွားတယ်လို့ စွတ်စွဲချက်တွေ ထွက်ပေါ်လာရာ သမ္မတဟောင်း က သူမယူခဲ့ပါဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

သမ္မတ ဟောင်း အာရှက်ဖ် ဂါနီ ( ၇၂ နှစ် ) က သူရဲ့တွစ်တာမှာ အင်္ဂလိပ်စာနဲ့ အဲ့ဒိအကြောင်း ကို မနေ့က ရေးတင်ခဲ့ပါတယ်။

သူက ခင်ဗျားတို့ အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေနဲ့ လုံး၀ ယုံကြည်စရာ မရှိတဲ့ သတင်းတွေ အပေါ်အခြေခံပြီး ကျနော့်ကို စွတ်စွဲနေတာပါလို့ ရေးတင်ခဲ့ပါတယ်။

“ ကျနော်ပြောပြမယ် ၊ အကျင့်ပျက်ခြစားတယ်ဆိုတာ ပလိပ် ရောဂါလိုပဲ ဆိုးဝါးပြီး ရှင်းလင်းဖို့ ခက်တဲ့ အရာတစ်ခုပါ။ ကျနော် သမ္မတဖြစ်တဲ့ အချိန်ကစပြီး အကျင့်ပျက်ခြစားမှုကို တောက်လျှောက် တိုက်ဖျက်လာတာပါ။

ကျနော်က အကျင့်ပျက်ခြစာတဲ့သူတွေအတွက် ကြောက်စရာကောင်းတဲ့ မွန်းစတားကြီးတစ်ကောင်ကို အာဖဂန်မှာ ၁၀ စုနှစ်တော်တော်ကြာအောင်မွေးမြူပြီး အမွေထားခဲ့တာပါ” လို့ ရေးပါတယ်။

ဂါနီက တာလီဘန်တွေ ကဘူးကို ချဉ်းကပ်လာတဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ယူအေအီးနိုင်ငံကို ထွက်ပြေး သွားခဲ့တာပါ။ သူနဲ့ အတူ အစိုးရပိုင် ဒေါ်လာတွေ သန်းပေါင်းများစွာ အတူပါသွားတယ်လို့ စွတ်စွဲတဲ့ သူတွေက စွတ်စွဲနေကြပါပြီ။

သူကတော့ ကုလသမဂ္ဂ ဒါမှမဟုတ် အခြားလွတ်လပ်တဲ့ အဖွဲ့ အစည်း တွေရဲ့ စာရင်းစစ်တွေနဲ့ အစစ်ခံနိုင်ပါတယ်လို့လည်းမနေ့ က တွစ်တာမှာတင်ခဲ့ပါတယ်။

“ ကျနော်က ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေ ကို သမ္မတ ရာထူးလက်ခံတုန်းက ကြေညာခဲ့ပြီးသားပါ။ ကျနော်ဇနီး လစ်ဘနွန်သူ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေ နဲ့ အမွေအနှစ်တွေကိုလည်းချပြထားပြီးသားပါ၊ ကျနော့်ကို ခင်မင်လို့ ထောက်ပံ့ပေးနေတဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေရဲ့ ထေက်ပံ့ မှုကိုလည်း ပြည်သူ့စာရင်းစစ်တွေ စစ်ထားပြီးသားပါ။

ကျနော်က အာဖဂန်က အရာရှိဟောင်းတွေ နိုင်ငံရေးသမားတွေကိုလည်း အဲ့ဒိအကြောင်းပြောပြထားပြီးသား ။ သူတို့ကိုလည်းလာဘ်မစားဖို့အတွက် တိုက်တွန်းပြောဆို ပြီးသားပါ။ ဒါကို ဘယ်ကနေဘယ်လို ဒီအသံထွက်လာလဲ မသိဘူးဗျာ” လို့ ဆိုပါတယ်။

“ ကျနော်ကို နန်းတော်စောင့် တပ်တွေက ပြောပါတယ်။ တာလီဘန် တွေကို ခံချပေးပါမယ်လို့ အာမခံခဲ့ပါတယ်။ မြိုကတွင်းတိုက်ပွဲ မှာ တာလီဘန်တွေ မနိုင်စေရဘူးလို့ အာမခံတဲ့ စစ်တပ်အကြီးအကဲတွေ အများ ကြီးရှိပါတယ်။

ကျနော် ကဘူးက ပြည်သူ ၆သန်းရဲ့ အသက်တွေကို ကျနော့်ရဲ့အာဏါအတွက် မရင်းနိုင်ပါဘူး။ ၁၉၉၀ ပြည်တွင်းစစ်ကို ကျနော်ကိုယ်တိုင် မြင်ခဲ့တာလေ။ ဘာဖြစ်လဲ ကျနော်ကဘူးက ထွက်သွားတော့ ပစ်သံခတ်သံတွေ သေကြကျေကြ တာတွေ တိတ်ဆိတ်သွားတယ်မဟုတ်လား ၊ ခက်ခက်ခဲခဲ ဆုံးဖြတ်ရ ပေမဲ့ ကျနော်ကျေနပ်ပါတယ်။

ကျနော် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်လာတာပါ။ ကျနော်က ကျနော့်ရဲ့ စာကြည့်တိုက်က စာအုပ်တွေ ကိုပဲ လွမ်းတယ် ” လို့ ဆိုပါတယ်။

REF: upI,Photo :Credit UPI

Zawgyi

က်ေနာ္ ေဒၚလာေတြကို “မ” ၿပီး ဒိုးသြားတာ မဟုတ္ဘူးလို႔ အာဖဂန္သမၼတေဟာင္းဆို

ေမာင္ယႆ ( စက္တင္ဘာ ၉ )

တာလီဘန္ေတြ ကဘူးၿမိဳ႕ကိုသိမ္းဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ အာဖဂန္ႏိုင္ငံ ကေန ျပင္ပကို ထြက္ေျပးသြားတဲ့ အာဖဂန္သမၼတေဟာင္းကို တိုင္းျပည္ပိုင္ ပိုက္ဆံ ေဒၚလာသန္းေပါင္းမ်ားစြာ ခိုးသြားတယ္လို႔ စြတ္စြဲခ်က္ေတြ ထြက္ေပၚလာရာ သမၼတေဟာင္း က သူမယူခဲ့ပါဘူးလို႔ ျငင္းဆိုလိုက္ပါတယ္။

သမၼတ ေဟာင္း အာရွက္ဖ္ ဂါနီ ( ၇၂ ႏွစ္ ) က သူရဲ႕တြစ္တာမွာ အဂၤလိပ္စာနဲ႔ အဲ့ဒိအေၾကာင္း ကို မေန႔က ေရးတင္ခဲ့ပါတယ္။

သူက ခင္ဗ်ားတို႔ အေျခအျမစ္မရွိတဲ့ စြတ္စြဲခ်က္ေတြနဲ႔ လုံး၀ ယုံၾကည္စရာ မရွိတဲ့ သတင္းေတြ အေပၚအေျခခံၿပီး က်ေနာ့္ကို စြတ္စြဲေနတာပါလို႔ ေရးတင္ခဲ့ပါတယ္။

“ က်ေနာ္ေျပာျပမယ္ ၊ အက်င့္ပ်က္ျခစားတယ္ဆိုတာ ပလိပ္ ေရာဂါလိုပဲ ဆိုးဝါးၿပီး ရွင္းလင္းဖို႔ ခက္တဲ့ အရာတစ္ခုပါ။ က်ေနာ္ သမၼတျဖစ္တဲ့ အခ်ိန္ကစၿပီး အက်င့္ပ်က္ျခစားမႈကို ေတာက္ေလွ်ာက္ တိုက္ဖ်က္လာတာပါ။

က်ေနာ္က အက်င့္ပ်က္ျခစာတဲ့သူေတြအတြက္ ေၾကာက္စရာေကာင္းတဲ့ မြန္းစတားႀကီးတစ္ေကာင္ကို အာဖဂန္မွာ ၁၀ စုႏွစ္ေတာ္ေတာ္ၾကာေအာင္ေမြးျမဴၿပီး အေမြထားခဲ့တာပါ” လို႔ ေရးပါတယ္။

ဂါနီက တာလီဘန္ေတြ ကဘူးကို ခ်ဥ္းကပ္လာတဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ယူေအအီးႏိုင္ငံကို ထြက္ေျပး သြားခဲ့တာပါ။ သူနဲ႔ အတူ အစိုးရပိုင္ ေဒၚလာေတြ သန္းေပါင္းမ်ားစြာ အတူပါသြားတယ္လို႔ စြတ္စြဲတဲ့ သူေတြက စြတ္စြဲေနၾကပါၿပီ။

သူကေတာ့ ကုလသမဂၢ ဒါမွမဟုတ္ အျခားလြတ္လပ္တဲ့ အဖြဲ႕ အစည္း ေတြရဲ႕ စာရင္းစစ္ေတြနဲ႔ အစစ္ခံႏိုင္ပါတယ္လို႔လည္းမေန႔ က တြစ္တာမွာတင္ခဲ့ပါတယ္။

“ က်ေနာ္က က်ေနာ့္ရဲ႕ ပိုင္ဆိုင္မႈေတြ ကို သမၼတ ရာထူးလက္ခံတုန္းက ေၾကညာခဲ့ၿပီးသားပါ။ က်ေနာ္ဇနီး လစ္ဘႏြန္သူ မိသားစုေတြရဲ႕ ပိုင္ဆိုင္မႈေတြ နဲ႔ အေမြအႏွစ္ေတြကိုလည္းခ်ျပထားၿပီးသားပါ၊ က်ေနာ့္ကို ခင္မင္လို႔ ေထာက္ပံ့ေပးေနတဲ့ အသိမိတ္ေဆြ သူငယ္ခ်င္းေတြရဲ႕ ေထက္ပံ့ မႈကိုလည္း ျပည္သူ႔စာရင္းစစ္ေတြ စစ္ထားၿပီးသားပါ။

က်ေနာ္က အာဖဂန္က အရာရွိေဟာင္းေတြ ႏိုင္ငံေရးသမားေတြကိုလည္း အဲ့ဒိအေၾကာင္းေျပာျပထားၿပီးသား ။ သူတို႔ကိုလည္းလာဘ္မစားဖို႔အတြက္ တိုက္တြန္းေျပာဆို ၿပီးသားပါ။ ဒါကို ဘယ္ကေနဘယ္လို ဒီအသံထြက္လာလဲ မသိဘူးဗ်ာ” လို႔ ဆိုပါတယ္။

“ က်ေနာ္ကို နန္းေတာ္ေစာင့္ တပ္ေတြက ေျပာပါတယ္။ တာလီဘန္ ေတြကို ခံခ်ေပးပါမယ္လို႔ အာမခံခဲ့ပါတယ္။ ၿမိဳကတြင္းတိုက္ပြဲ မွာ တာလီဘန္ေတြ မႏိုင္ေစရဘူးလို႔ အာမခံတဲ့ စစ္တပ္အႀကီးအကဲေတြ အမ်ား ႀကီးရွိပါတယ္။

က်ေနာ္ ကဘူးက ျပည္သူ ၆သန္းရဲ႕ အသက္ေတြကို က်ေနာ့္ရဲ႕အာဏါအတြက္ မရင္းႏိုင္ပါဘူး။ ၁၉၉၀ ျပည္တြင္းစစ္ကို က်ေနာ္ကိုယ္တိုင္ ျမင္ခဲ့တာေလ။ ဘာျဖစ္လဲ က်ေနာ္ကဘူးက ထြက္သြားေတာ့ ပစ္သံခတ္သံေတြ ေသၾကေက်ၾက တာေတြ တိတ္ဆိတ္သြားတယ္မဟုတ္လား ၊ ခက္ခက္ခဲခဲ ဆုံးျဖတ္ရ ေပမဲ့ က်ေနာ္ေက်နပ္ပါတယ္။

က်ေနာ္ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ထြက္လာတာပါ။ က်ေနာ္က က်ေနာ့္ရဲ႕ စာၾကည့္တိုက္က စာအုပ္ေတြ ကိုပဲ လြမ္းတယ္ ” လို႔ ဆိုပါတယ္။

REF: upI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …