ကျနော် ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ပြောပြီ

ကျနော် ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ပြောပြီ
International-news

ကျနော် ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ပြောပြီ

မောင်ယဿ ( စက်တင်ဘာ ၃ )

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပတဲ့ ဒုတယကမ္ဘာစစ်အတွင်း မှာ ကျဆ့ုးသွားတဲ့ ဂျပန်ပြည်သူများအတွက် အောက်မေ့ဖွယ်ရာ အခမ်းအနား မှာ ဝန်ကြီးချုပ်ရာထူးကနေ အနားယူတော့မယ်လို့ အရိပ်အမြွက်ပြောခဲ့တဲ့ ဝန်ကြီးချုပ် ယိုရှီဟီဒ ဆူဂါ က ဒီကနေ့ပဲ ဝန်ကြီးချုပ်ရုံးကနေစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သူက ဒီလအကုန်မှာ ပါတီခေါင်းဆောင်အဖြစ်ကရော ဝန်ကြီးချုပ်ရာထူးကပါ အနာယူတော့မယ်လို့ ဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ရာထူးကို နာမည်မပျက်ခင်မှာ နားလိုက်တာလို့ ဆိုရမှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဆူကာ ကို လူကြိုက်မများတော့တဲ့အပြင် အိုလံပစ်ပြိုင်ပွဲကြောင့် ကိုဗစ်ကူးစက်မှု မြင့်မာလာခြင်း အပေါ်မကျေနပ်တဲ့ သူတွေ တိုးပွားလာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဆူဂါရာထူးက ထွက်ခွာတဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ပြီးနောက် မှာတော့ ဂျပန်ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲ အတွက် ယှဉ်ပြိုင်မှု စတင်တော့မှာပါ။

နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါကတော့ ဝန်ကြီးချုပ်ရာထူးအတွက် ဆူဂါရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပထမဆုံး ဝန်ခံထားပါတယ်။

အဲ့ဒိပါတီက ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဂျပန်မှာ သြဇာ အာဏါအရှိဆုံး ပါတီဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းကတော့ ဝရုန်းသုန်းကားအဖြစ်ဆုံးပါတီ ဖြစ်ခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဆာနေတာကိုင်ချီ နဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တာရိုကိုနို တို့ကလည်း အဲ့ဒိရာထူးအတွက် စိတ်ဝင်စားတယ်လို့ လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တော်ရှည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်မှာ ကဲဘိနက် အတွင်းရေးမှူချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဘေးက ကျန်းမာရေးကြောင့် အနာယူချိန်မှာ ဆူဂါ က ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ချိန် ၁နှစ် မပြည့်တပြည့်မှာ ပဲ ဂျပန်ဝန်ကြီးချုပ် တစ်ဦးရဲ့ ဘဝကို နားလည်သွားပြီး ကိုယ့်ဆန္ဒနဲ့ ကိုယ် ရာထူးကနေ နားလိုက်တာပါ။

REF: UPI,,Photo :Credit  UPI

Zawgyi

က်ေနာ္ ထြက္ေတာ့မယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆူဂါ ေျပာၿပီ

ကျနော် ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ပြောပြီ
ကျနော် ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ပြောပြီ

ေမာင္ယႆ ( စက္တင္ဘာ ၃ )

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕မွာက်င္းပတဲ့ ဒုတယကမာၻစစ္အတြင္း မွာ က်ဆ့ုးသြားတဲ့ ဂ်ပန္ျပည္သူမ်ားအတြက္ ေအာက္ေမ့ဖြယ္ရာ အခမ္းအနား မွာ ဝန္ႀကီးခ်ဳပ္ရာထူးကေန အနားယူေတာ့မယ္လို႔ အရိပ္အႁမြက္ေျပာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ယိုရွီဟီဒ ဆူဂါ က ဒီကေန႔ပဲ ဝန္ႀကီးခ်ဳပ္႐ုံးကေနစာတစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။

သူက ဒီလအကုန္မွာ ပါတီေခါင္းေဆာင္အျဖစ္ကေရာ ဝန္ႀကီးခ်ဳပ္ရာထူးကပါ အနာယူေတာ့မယ္လို႔ ဆိုလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္ရာထူးကို နာမည္မပ်က္ခင္မွာ နားလိုက္တာလို႔ ဆိုရမွာျဖစ္ပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ဆူကာ ကို လူႀကိဳက္မမ်ားေတာ့တဲ့အျပင္ အိုလံပစ္ၿပိဳင္ပြဲေၾကာင့္ ကိုဗစ္ကူးစက္မႈ ျမင့္မာလာျခင္း အေပၚမေက်နပ္တဲ့ သူေတြ တိုးပြားလာတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။

ဆူဂါရာထူးက ထြက္ခြာတဲ့ စက္တင္ဘာ ၃၀ ရက္ေန႔ ၿပီးေနာက္ မွာေတာ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္ ေ႐ြးခ်ယ္ပြဲ အတြက္ ယွဥ္ၿပိဳင္မႈ စတင္ေတာ့မွာပါ။

ႏိုင္ငံျခားေရးဝန္ႀကီး ဖူမီယို ကီရွီဒါကေတာ့ ဝန္ႀကီးခ်ဳပ္ရာထူးအတြက္ ဆူဂါရဲ႕ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ပထမဆုံး ဝန္ခံထားပါတယ္။

အဲ့ဒိပါတီက ဒုတိယကမာၻစစ္ၿပီးကတည္းက ဂ်ပန္မွာ ၾသဇာ အာဏါအရွိဆုံး ပါတီျဖစ္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ၁၀ စုႏွစ္အတြင္းကေတာ့ ဝ႐ုန္းသုန္းကားအျဖစ္ဆုံးပါတီ ျဖစ္ခဲ့ပါတယ္။

ဆက္သြယ္ေရးဝန္ႀကီးေဟာင္း ဆာေနတာကိုင္ခ်ီ နဲ႔ ကာကြယ္ေရးနဲ႔ ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း တာ႐ိုကိုႏို တို႔ကလည္း အဲ့ဒိရာထူးအတြက္ စိတ္ဝင္စားတယ္လို႔ လည္း ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ သက္ေတာ္ရွည္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး လက္ထက္မွာ ကဲဘိနက္ အတြင္းေရးမႉခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ အာေဘးက က်န္းမာေရးေၾကာင့္ အနာယူခ်ိန္မွာ ဆူဂါ က ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့ပါတယ္။

တာဝန္ထမ္းေဆာင္ခ်ိန္ ၁ႏွစ္ မျပည့္တျပည့္မွာ ပဲ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တစ္ဦးရဲ႕ ဘဝကို နားလည္သြားၿပီး ကိုယ့္ဆႏၵနဲ႔ ကိုယ္ ရာထူးကေန နားလိုက္တာပါ။

REF: UPI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …