ကျနော်တို့ကို ခုခံတဲ့ လက်နက်ကိုင်ဖိုက်တာအဖွဲ့တွေကို ထိန်းချုပ်နိုင်လိုက်ပြီလို့ တာလီဘန်ဆို

ကျနော်တို့ကို ခုခံတဲ့ လက်နက်ကိုင်ဖိုက်တာအဖွဲ့တွေကို ထိန်းချုပ်နိုင်လိုက်ပြီလို့ တာလီဘန်ဆို
International-news

ကျနော်တို့ကို ခုခံတဲ့ လက်နက်ကိုင်ဖိုက်တာအဖွဲ့တွေကို ထိန်းချုပ်နိုင်လိုက်ပြီလို့ တာလီဘန်ဆို

မောင်ယဿ ( စက်တင်ဘာ ၆ )

ကဘူးကို တာလီဘန်တွေသိမ်းပြီး နောက်ပိုင်း မှာ အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ အခြားလက်နက်ကိုင် ဖိုက်တာ တွေနဲ့ တာလီဘန်တွေ စစ်ပွဲတွေ ဆက်ဖြစ်နေခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ တာလီဘန်တွေကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့ တွေအများဆုံးရှိတဲ့ ပန်ဂျရှာပြည်နယ်ကို ထိန်းချုပ်နိုင်လိုက်ပြီလို့ တာလီဘန်တွေဘက်က ကြေညာလိုက်ပါတယ်။

တာလီဘန်ပြောခွင့်ရှိသူ မူဂျာဟစ်က မနက်ကပဲ ရုပ်သံ အစီအစဉ်ကနေ သူတို့ ( တာလီဘန်) အာဖဂန် တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

“ ဘုရားသခင်ရဲ့ ကျေးဇူးတော် နဲ့ နိုင်ငံအနှံ့က နိုင်ငံသားတွေရဲ့ ထောက်ခံမှုကြောင့် အာဖဂန်ရဲ့လုံခြုံရေးကို ကျနော်တို့ ထိန်းချုပ်လိုက်နိုင်ခဲ့ပါပြီ။

မနေ့ညက ပန်ဂျရှာပြည်နယ်ကို ထိုးစစ်ဝင်ထားတဲ့အဖွဲ့ က ကျနော်တို့ ဆီကို အကြောင်း ကြားပါတယ်။ ရှိသမျှ လက်နက်ကိုင် စခန်းတွေ အားလုံး နီးပါး ထိန်ချုပ်ထားနိုင်ပြီ”လို့ သူက ဆိုပါတယ်။

“ မနေ့က ရလိုက်တဲ့ အောင်ပွဲကြောင့် ကျနော်တို့ က အာဖဂန်ကို စစ်ပွဲရဲ့ လှိုင်းတံပိုးကြားကနေ ဆွဲထုတ်လိုက် နိုင်ခဲ့ပါပြီး။

ကျနော်တို့ ရဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်းမှုနဲ့ စိတ်အေးချမ်းသာမှု ကို ခံစားရတော့မှာပါ။ သူတို့တွေ လွတ်လပ်မှု ၊ အမှီအခိုကင်းမှုနဲ့ ကြွယ်ဝမှု ရှိတဲ့ နိုင်ငံသစ်မှာ နေထိုင်ခွင့် ရတော့မှာပါ” လို့ ဆိုလိုက်ပါတယ်။

ဒါပေမဲ့ အာဖဂန် အမျိုးသား တော်လှန်ရေး တပ်ဦးအဖွဲ့( NRF ) ကတော့ ဒီနေ့နေ့လည်ပိုင်းမှာ သူတို့ရဲ့ တွစ်တာအကောင့်မှာ တာလီဘန်တွေ က မုသားသုံးပြီး ပြည်သူတွေကို စည်းရုံးရေးဆင်း နေတာပါလို့ ရေးတင်ခဲ့ပါတယ်။

“ တာလီဘန်တွေ ပန်ဂျရှာကို သိမ်းလိုက်နိုင်ပြီး ဆိုတာ သတင်းမှားတွေပါ။ ကျနော်တို့ရဲ့ NRF အဖွဲ့ဝင်တွေက တောင်ကြားတွေတစ်လျှောက်မှာ သူတို့ အလာကို စောင့်နေပါတယ်။

ကျနော်တို့ ရဲ့ ဗျူဟာထဲကို ဝင်လာပြီဆိုရင်တော့ ကိုယ့်သမိုင်း နဲ့ ကိုယ်ပါပဲ။ ကျနော်တို့ အာဖဂန်ပြည်သူတွေကို အခိုင်အမာပြော နိုင်တာက ကျနော်တို့ဟာ တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက် သွားမှာပါ
တရားမျှတမှု နဲ့ လွတ်လပ်မှု မရမချင်း ကျနော်တို့ရဲ့ လက်တွဲဖော်တွေက ကျနော်တို့နဲ့အတူ ရှိနေဦးမှာပါ” လို့ ရေးတင်ခဲ့ပါတယ်။

ဒါပေမဲ့ NRF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အလီနာဇာရီကတော့ ပန်ဂျရှာ ပြည်နယ်တစ်ဝက်လောက်က တာလီဘန်တွေရဲ့ လက်ထဲကို ကျသွားတာအမှန်ပါ၊ ကျန်တဲ့နေရာတွေမှာ တော်လှန်ရေး ဆက်လုပ်နေတယ်လို့ စီအန်အန် သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

REF: UPI,Photo:Credit delta news 24

Zawgyi

က်ေနာ္တို႔ကို ခုခံတဲ့ လက္နက္ကိုင္ဖိုက္တာအဖြဲ႕ေတြကို ထိန္းခ်ဳပ္ႏိုင္လိုက္ၿပီလို႔ တာလီဘန္ဆို

ေမာင္ယႆ ( စက္တင္ဘာ ၆ )

ကဘူးကို တာလီဘန္ေတြသိမ္းၿပီး ေနာက္ပိုင္း မွာ အနယ္နယ္ အရပ္ရပ္မွာ ရွိတဲ့ အျခားလက္နက္ကိုင္ ဖိုက္တာ ေတြနဲ႔ တာလီဘန္ေတြ စစ္ပြဲေတြ ဆက္ျဖစ္ေနခဲ့ပါတယ္။

ဒီေန႔မနက္ပိုင္းမွာေတာ့ တာလီဘန္ေတြကို ဆန႔္က်င္တဲ့ လက္နက္ကိုင္အဖြဲ႕ ေတြအမ်ားဆုံးရွိတဲ့ ပန္ဂ်ရွာျပည္နယ္ကို ထိန္းခ်ဳပ္ႏိုင္လိုက္ၿပီလို႔ တာလီဘန္ေတြဘက္က ေၾကညာလိုက္ပါတယ္။

တာလီဘန္ေျပာခြင့္ရွိသူ မူဂ်ာဟစ္က မနက္ကပဲ ႐ုပ္သံ အစီအစဥ္ကေန သူတို႔ ( တာလီဘန္) အာဖဂန္ တစ္ႏိုင္ငံလုံးကို ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီလို႔ ေၾကညာခဲ့ပါတယ္။

“ ဘုရားသခင္ရဲ႕ ေက်းဇူးေတာ္ နဲ႔ ႏိုင္ငံအႏွံ႔က ႏိုင္ငံသားေတြရဲ႕ ေထာက္ခံမႈေၾကာင့္ အာဖဂန္ရဲ႕လုံၿခဳံေရးကို က်ေနာ္တို႔ ထိန္းခ်ဳပ္လိုက္ႏိုင္ခဲ့ပါၿပီ။

မေန႔ညက ပန္ဂ်ရွာျပည္နယ္ကို ထိုးစစ္ဝင္ထားတဲ့အဖြဲ႕ က က်ေနာ္တို႔ ဆီကို အေၾကာင္း ၾကားပါတယ္။ ရွိသမွ် လက္နက္ကိုင္ စခန္းေတြ အားလုံး နီးပါး ထိန္ခ်ဳပ္ထားႏိုင္ၿပီ”လို႔ သူက ဆိုပါတယ္။

“ မေန႔က ရလိုက္တဲ့ ေအာင္ပြဲေၾကာင့္ က်ေနာ္တို႔ က အာဖဂန္ကို စစ္ပြဲရဲ႕ လႈိင္းတံပိုးၾကားကေန ဆြဲထုတ္လိုက္ ႏိုင္ခဲ့ပါၿပီး။

က်ေနာ္တို႔ ရဲ႕ ျပည္သူေတြကလည္း ၿငိမ္းခ်မ္းမႈနဲ႔ စိတ္ေအးခ်မ္းသာမႈ ကို ခံစားရေတာ့မွာပါ။ သူတို႔ေတြ လြတ္လပ္မႈ ၊ အမွီအခိုကင္းမႈနဲ႔ ႂကြယ္ဝမႈ ရွိတဲ့ ႏိုင္ငံသစ္မွာ ေနထိုင္ခြင့္ ရေတာ့မွာပါ” လို႔ ဆိုလိုက္ပါတယ္။

ဒါေပမဲ့ အာဖဂန္ အမ်ိဳးသား ေတာ္လွန္ေရး တပ္ဦးအဖြဲ႕( NRF ) ကေတာ့ ဒီေန႔ေန႔လည္ပိုင္းမွာ သူတို႔ရဲ႕ တြစ္တာအေကာင့္မွာ တာလီဘန္ေတြ က မုသားသုံးၿပီး ျပည္သူေတြကို စည္း႐ုံးေရးဆင္း ေနတာပါလို႔ ေရးတင္ခဲ့ပါတယ္။

“ တာလီဘန္ေတြ ပန္ဂ်ရွာကို သိမ္းလိုက္ႏိုင္ၿပီး ဆိုတာ သတင္းမွားေတြပါ။ က်ေနာ္တို႔ရဲ႕ NRF အဖြဲ႕ဝင္ေတြက ေတာင္ၾကားေတြတစ္ေလွ်ာက္မွာ သူတို႔ အလာကို ေစာင့္ေနပါတယ္။

က်ေနာ္တို႔ ရဲ႕ ဗ်ဴဟာထဲကို ဝင္လာၿပီဆိုရင္ေတာ့ ကိုယ့္သမိုင္း နဲ႔ ကိုယ္ပါပဲ။ က်ေနာ္တို႔ အာဖဂန္ျပည္သူေတြကို အခိုင္အမာေျပာ ႏိုင္တာက က်ေနာ္တို႔ဟာ တာလီဘန္ေတြကို ဆန႔္က်င္တိုက္ခိုက္ သြားမွာပါ
တရားမွ်တမႈ နဲ႔ လြတ္လပ္မႈ မရမခ်င္း က်ေနာ္တို႔ရဲ႕ လက္တြဲေဖာ္ေတြက က်ေနာ္တို႔နဲ႔အတူ ရွိေနဦးမွာပါ” လို႔ ေရးတင္ခဲ့ပါတယ္။

ဒါေပမဲ့ NRF ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ အလီနာဇာရီကေတာ့ ပန္ဂ်ရွာ ျပည္နယ္တစ္ဝက္ေလာက္က တာလီဘန္ေတြရဲ႕ လက္ထဲကို က်သြားတာအမွန္ပါ၊ က်န္တဲ့ေနရာေတြမွာ ေတာ္လွန္ေရး ဆက္လုပ္ေနတယ္လို႔ စီအန္အန္ သတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။

REF: UPI
Photo: delta news 24

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …