ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ

ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ
International-news

ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ

အိုလံပစ်ရွှေတံဆိပ် ၈ဆုရှင် ဂန္ထဝင် တာတို အပြေးသမားကြီး အူစိန်ဘို့တစ်ယောက် ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ရဲ့ အိမ်မှာ ၃၄နှစ်ပြည့် မွေးနေ့ပါတီ ကျင်းပအပြီးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံလိုက်ရပါတယ် လို့ ဂျမေကာ ကျန်မာရေး ဝန်ကြီးဌာနက ပါတီတက်တဲ့ သူတွေကို ဆေးစစ်ချက် ယူအပြီးမှာ တနင်္လာနေ့က အတည်ပြု ပြောကြား လိုက်ပါတယ်။

မီတာ ၁၀၀ နဲ့ မီတာ၂၀၀ တာတို ပြေးပွဲတွေမှာ ကမ္ဘာ့ စံချိန်ကို အကြိမ်ကြီမ် ချိုးခဲ့တဲ့ ကစားသမားကြီးက ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ကူးစက်မှုကိုတော့ မကာကွယ် နိုင်ခဲ့ပါဘူး။

ဂျမေကာ ကျန်းမာရေးဝန်ကြီး ခရစ္စတိုဖာတပ်ဖ်တန် က အူစိန်ဘို့ရဲ့ ဆေးစစ်ချက် အဖြေကို ရရချင်းမှာ အူစိန်ဘို့ ဆီကို လူကိုယ်တိုင်လာပြီး ဆေးရုံ တက်ဖို့အတွက် ပြင်ဆင်မှုတွေကို လုပ်ပေးခဲ့ပါတယ်။

ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ1

သူရဲ့မွေးနေ့ပွဲ ကျင်းပပြီး နောက်တစ်နေ့ မှာ ပွဲတက်သူ တစ်ဦးက ရုတ်တရက် အဖျားတက်လာပြီး ဆေးရုံတင်လိုက်ရလို့ ဆေးစစ်ရာမှ ကိုဗစ်-၁၉ ရောဂါပိုးကို တွေ့ခဲ့ပါတယ်။

အဲ့ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက မွေးနေ့ပွဲ တက်ခဲ့သူတွေ အားလုံးကို ဆက်လက် ဆေးစစ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ အူစိန်ဘို့ရဲ့ သလိပ် ဓာတ်ခွဲခန်း အဖြေမှာ ကိုဗစ်-၁၉ ရောဂါပိုးကို တွေ့ရှိခဲ့တာပါ။

“ ကျနော့်မှာ တာဝန်ရှိပါတယ်။ ဆေးစစ်ချက်အဖြေ မရခင်ကတည်းက ကျနော်က ကျနော့် မိသားစုတွေ သူငယ်ချင်းတွေနဲ့ ခပ်ဝေးဝေး မှာပဲ နေပါတယ်။ အဲ့ဒိအချိန်မှာ ရောဂါလက္ခဏါ မပြ သေးပေမဲ့ ကျနော်က ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ကွာရင်တိုင်း ဝင်ခဲ့တာပါ။

ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ2

အဲ့ဒိနောက် ကျနော့်သူငယ်ချင်း ကျန်းမာရေးဝန်ကြီးက ဆေးရုံ တက်ဖို့နဲ့ စိတ်မပူဖို့အတွက် ကျနော်ကို လာပြောပါတယ်။ ဒါကြောင့် ကျနော်ဆေးရုံ တက်ပြီး ကုသမှုတွေကို ခံယူနေပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ပြင်းထန်တဲ့ ရောဂါလက္ခဏါ မပြ သေးပါဘူး။

ဆေးကုသမှုနဲ့ ကွာရင်တိုင်းကာလ ကုန်လို့ ဆေးပြန်စစ်ပြီး ရောဂါပိုး မတွေ့တော့ဘူး ဆိုရင် ကျနော့်ကို ဆေးရုံက ပြန်ဆင်းခွင့် ပြုမယ်လို့တော့ သူတို့က ပြောပါတယ်” ဆိုပြီး သူက သူ့ရဲ့ တွစ်တာမှာ စာ ရေးတင်ခဲ့ပါတယ်။

ကျည်ဆံလူသား အူစိန်ဘို့ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရ3

အူစိန်ဘို့က ၂၀၁၇ခုနှစ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အပြီးမှာ ကစားသမား ဘဝကို အနားယူ ခဲ့တာပါ။ သူက ကမ္ဘာအပြေးချန်ပီယံဆုကို ၁၁ကြိမ် ရယူထားခဲ့ပြီး ၂၀၀၈ ၊၂၀၁၂ နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ၃ကြိမ်ဆက် မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြေးပွဲ တွေမှာ ရွှေတံဆိပ်တွေကို ရယူခဲ့တဲ့ သူပါ။

၂၀၁၂ နဲ့ ၂၀၁၆မှာ ရွှေတံဆိပ် ယူခဲ့တဲ့ ဂျမေကာ လက်ဆင့်ကမ်း အသင်းမှာလည်း ပြိုင်ပွဲဝင် တစ်ဦးအဖြစ် ပါဝင်ခဲ့ ပါသေးတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi

က်ည္ဆံလူသား အူစိန္ဘို႔ ကိုဗစ္-၁၉ ပိုး ကူးစက္ခံရ

အိုလံပစ္ေ႐ႊတံဆိပ္ ၈ဆုရွင္ ဂႏၴဝင္ တာတို အေျပးသမားႀကီး အူစိန္ဘို႔တစ္ေယာက္ ၿပီးခဲ့တဲ့ သီတင္းပတ္က သူ႔ရဲ႕ အိမ္မွာ ၃၄ႏွစ္ျပည့္ ေမြးေန႔ပါတီ က်င္းပအၿပီးမွာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ ခံလိုက္ရပါတယ္ လို႔ ဂ်ေမကာ က်န္မာေရး ဝန္ႀကီးဌာနက ပါတီတက္တဲ့ သူေတြကို ေဆးစစ္ခ်က္ ယူအၿပီးမွာ တနလၤာေန႔က အတည္ျပဳ ေျပာၾကား လိုက္ပါတယ္။

မီတာ ၁၀၀ နဲ႔ မီတာ၂၀၀ တာတို ေျပးပြဲေတြမွာ ကမာၻ႔ စံခ်ိန္ကို အႀကိမ္ႀကီမ္ ခ်ိဳးခဲ့တဲ့ ကစားသမားႀကီးက ကိုဗစ္-၁၉ ေရာဂါပိုးရဲ႕ ကူးစက္မႈကိုေတာ့ မကာကြယ္ ႏိုင္ခဲ့ပါဘူး။

ဂ်ေမကာ က်န္းမာေရးဝန္ႀကီး ခရစၥတိုဖာတပ္ဖ္တန္ က အူစိန္ဘို႔ရဲ႕ ေဆးစစ္ခ်က္ အေျဖကို ရရခ်င္းမွာ အူစိန္ဘို႔ ဆီကို လူကိုယ္တိုင္လာၿပီး ေဆး႐ုံ တက္ဖို႔အတြက္ ျပင္ဆင္မႈေတြကို လုပ္ေပးခဲ့ပါတယ္။

သူရဲ႕ေမြးေန႔ပြဲ က်င္းပၿပီး ေနာက္တစ္ေန႔ မွာ ပြဲတက္သူ တစ္ဦးက ႐ုတ္တရက္ အဖ်ားတက္လာၿပီး ေဆး႐ုံတင္လိုက္ရလို႔ ေဆးစစ္ရာမွ ကိုဗစ္-၁၉ ေရာဂါပိုးကို ေတြ႕ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာနက ေမြးေန႔ပြဲ တက္ခဲ့သူေတြ အားလုံးကို ဆက္လက္ ေဆးစစ္မႈေတြ လုပ္ခဲ့ပါတယ္။ အဲ့ဒီ ေနာက္မွာေတာ့ အူစိန္ဘို႔ရဲ႕ သလိပ္ ဓာတ္ခြဲခန္း အေျဖမွာ ကိုဗစ္-၁၉ ေရာဂါပိုးကို ေတြ႕ရွိခဲ့တာပါ။

“ က်ေနာ့္မွာ တာဝန္ရွိပါတယ္။ ေဆးစစ္ခ်က္အေျဖ မရခင္ကတည္းက က်ေနာ္က က်ေနာ့္ မိသားစုေတြ သူငယ္ခ်င္းေတြနဲ႔ ခပ္ေဝးေဝး မွာပဲ ေနပါတယ္။ အဲ့ဒိအခ်ိန္မွာ ေရာဂါလကၡဏါ မျပ ေသးေပမဲ့ က်ေနာ္က ကိုယ့္အသိစိတ္နဲ႔ ကိုယ္ပဲ ကြာရင္တိုင္း ဝင္ခဲ့တာပါ။

အဲ့ဒိေနာက္ က်ေနာ့္သူငယ္ခ်င္း က်န္းမာေရးဝန္ႀကီးက ေဆး႐ုံ တက္ဖို႔နဲ႔ စိတ္မပူဖို႔အတြက္ က်ေနာ္ကို လာေျပာပါတယ္။ ဒါေၾကာင့္ က်ေနာ္ေဆး႐ုံ တက္ၿပီး ကုသမႈေတြကို ခံယူေနပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ျပင္းထန္တဲ့ ေရာဂါလကၡဏါ မျပ ေသးပါဘူး။

ေဆးကုသမႈနဲ႔ ကြာရင္တိုင္းကာလ ကုန္လို႔ ေဆးျပန္စစ္ၿပီး ေရာဂါပိုး မေတြ႕ေတာ့ဘူး ဆိုရင္ က်ေနာ့္ကို ေဆး႐ုံက ျပန္ဆင္းခြင့္ ျပဳမယ္လို႔ေတာ့ သူတို႔က ေျပာပါတယ္” ဆိုၿပီး သူက သူ႔ရဲ႕ တြစ္တာမွာ စာ ေရးတင္ခဲ့ပါတယ္။

အူစိန္ဘို႔က ၂၀၁၇ခုႏွစ္ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲ အၿပီးမွာ ကစားသမား ဘဝကို အနားယူ ခဲ့တာပါ။ သူက ကမာၻအေျပးခ်န္ပီယံဆုကို ၁၁ႀကိမ္ ရယူထားခဲ့ၿပီး ၂၀၀၈ ၊၂၀၁၂ နဲ႔ ၂၀၁၆ အိုလံပစ္ၿပိဳင္ပြဲ ၃ႀကိမ္ဆက္ မီတာ ၁၀၀ နဲ႔ မီတာ ၂၀၀ ေျပးပြဲ ေတြမွာ ေ႐ႊတံဆိပ္ေတြကို ရယူခဲ့တဲ့ သူပါ။

၂၀၁၂ နဲ႔ ၂၀၁၆မွာ ေ႐ႊတံဆိပ္ ယူခဲ့တဲ့ ဂ်ေမကာ လက္ဆင့္ကမ္း အသင္းမွာလည္း ၿပိဳင္ပြဲဝင္ တစ္ဦးအျဖစ္ ပါဝင္ခဲ့ ပါေသးတယ္။

ေမာင္ယႆ, REF: UPI, Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …