
International-news








Unicode

ကျိုင်းကောင်တွေကို ဒရုန်းနဲ့ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီလို့ စိုက်ပျိုးရေး ဝန်ကြီးဆို

၂၀၁၉ ဒီဇင်ဘာလလောက်က အာဖရိက ဖက်မှာ ပေါ်လာတဲ့ ကျိုင်းကောင် အုပ်ကြီး ရုတ်တရက် ပျောက်သွားပြီး နောက် ဇွန်လထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်မှာ ပြန်ပေါ်လာခဲ့ ပါတယ် ။ အဲ့ဒိနောက်မှာ ကျိုင်းကောင် အုပ်ကြီးက အိန္ဒိယ နိုင်ငံထဲကို တဖြည်းဖြည်းချင်း ဝင်ရောက်လာပြီး ကောက်ပဲ သီးနှံနဲ့စိုက်ခင်းတွေကို ဝင်ရောက်စားသောက်နေပါတယ် ။ အဲ့ဒိ ကျိုင်းကောင်အုပ်ကြီး ကို အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ဒရုန်းတွေသုံးပြီး မောင်ထုတ်တာ အောင်မြင်ခဲ့တယ်လို့ ဆိုတယ် ။ အိန္ဒိယနိုင်ငံက ကျိုင်းကောင်တွေကို ပထမဆုံး အဖြစ် ကျိုင်းကောင်တွေကို မောင်းထုတ်နိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ ဝန်ကြီးက စနေနေ့က ဆိုခဲ့ပါတယ် ။

“အိန္ဒိယက ကျိုင်းကောင်တွေကို ဒရုန်းသုံးပြီး မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒိအကောင်တွေကို အစီအစဉ်ချပြီး မောင်းထုတ်လိုက်တာပါ ။ အဓိကကတော့ လောလောဆယ်စိုက်ခင်းတွေ ဖြစ်နေတဲ့ ရာဂျာစသန် ပြည်နယ်ထဲကို ကျိုင်းကောင်တွေ ဝင်မလာအောင် မောင်ထုတ်နိုင်တာကိုပါ” လို့ ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ် ။

ကျိုင်းကောင် သတိပေးရေး ဗဟိုအဖွဲ့ က ရာဂျာစသန်ပြည်နယ်ထဲကို ဦးတည်လာတဲ့ကျိုင်းကောင်အုပ်ကြီးကို ဟာယနာပြည်နယ်နဲ့ အက်တာပရာဒက်ရှ်ပြည်နယ်တွေဖက်ကို မောင်းထုတ်နိုင်လိုက်တာပါ ။ အဲ့ဒိပြည်နယ် တွေရဲ့ ထိန်းချုပ်ရေး အဖွဲ့တွေကလည်း ကျိုင်းကောင်အုပ်တွေကို ထိန်းချုပ်ဖို့ လုပ်နေပါတယ် ။ မြေပြင်ပေါ်က ထိန်းချုပ်ရေး အဖွဲ့တွေကလည်း ဒရုန်းတွေကို လေပေါ်တင်ပြီး စီတန်းကာ မောင်းထုတ်တာပါ ။

ကျိုင်းကောင်တွေ ရောက်ကာစက လူတွေက အိုးခွက်တွေ ဗုံတွေတီးပြီး မောင်းထုတ်ပေမဲ့ သက်ရောက်မှု သိပ်မရှိလှပါဘူး ။ အချို့ ကလည်း အမှိုက်တွေ မီးရှို့ပြီး မောင်ထုတ်ကြပါတယ် ။ သိပ်ပြီး အကြောင်းမထူးပါဘူး ။ ဒေလီ လေဆိပ်ဆိုရင် လေယာဉ်တက်ဖို့တောင် အခက်အခဲဖြစ်ရတဲ့အထိ ကျိုင်းကောင်အုပ်ကြီးက မဲပြီးဆင်းလာတာပါ ။ ကျိုင်းကောင်အုပ်တွေက အနောက်ကနေ အရှေ့အရပ်ဖက်ဆီကို ဦးတည်ပြီး သွားနေတာပါ ။

လက်ရှိ အက်တာပရာဒက်ရှ် ပြည်နယ်ထဲမှာ ကြံစိုက်ခင်းတွေက ရိပ်သိမ်းချိန်ရောက်နေပါပြီ ကျိုင်းကောင်တစ်အုပ်တစ်အုပ်က လည်း မိုင်နဲ့ချီပြီး ရှိနေပါတယ် ။ အနည်းဆုံး ၆အုပ် လောက်က အက်တာပရာဒက်ရှ်ပြည်နယ်ထဲကိုဝင်လာနေပါတယ် ။ လက်ရှိအကောင်းဆုံး နည်းက ဒရုန်းနဲ့ ပိုးသက်ဆေးဖြန်းတာပါပဲ ။ မီးပန်းတွေနဲ့ ရှို့ပေမဲ့ ထိရောက်မှု အားနည်းလို့ ဒရုန်းက အကောင်းဆုံး စနစ်ဖြစ်ခဲ့ပါတယ် ။

မောင်ယဿ REF: Bloomberg Photo;free blog

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …