Health
စာရင်းပြုစုပါ
ခြေဖဝါးကိုနှိပ်ပါ
သစ်သီးခြောက်
သစ်သီးခြောက်တွေမှာ သံဓာတ်ပါဝင် နေတာကြောင့် မောပန်းမှူစိတ်တို အလိုမကျမှူနဲ့ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ် ။
ခံစားချက် အပေါ်မှာ
စန္ဒီမြင့်မိုရ်#
Unicode
ကျန်းမာစေရန် နေ့စဉ် လိုက်နာဖို့
အခုလို အချိန်ကာလမှာ သင့်အတွက် ကျန်းမာရေးဟာ အဓိကကျတဲ့ အချက်ပဲ မဟုတ်ပါလား…..
သင့်ကျန်းမာရေး အတွက် အဓိကကျပြန်တဲ့ အချက်သုံးချက်ကတော့ ကိုယ်ခံ စွမ်းအားစနစ်ကောင်းမွန် စေဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကိုယ် အလေးချိန် လျှော့ကျနေဖို့ စတာတွေပဲ ဖစ်ပါတယ် ။ ဒီလို အချက်သုံးချက်ကို တစ်ပြိုင်ထဲ ရယူနိုင်ဖို့ နေ့စဉ် သင်လိုက်နာရမဲ့ အချက်တွေရှိပါတယ် ။
အဆင်ပြေ လွယ်ကူသော လေ့ကျင့်ခန်း
သင့်ရဲ့ နေ့တစ်နေ့တာမှာ သင့်အတွက် ခက်ခဲ ပင်ပန်းခြင်း မရှိတဲ့ လေ့ကျင့်ခန်းမျိုး… ဥပမာ
အိပ်ထ မတင် ထိုင်ထ စတဲ့ ကရိယာလွတ် လေ့ကျင့်ခန်း မျိုးကို တစ်နေ့လျှင် ဆယ့်ငါးမိနစ်ခန့်ပြုလုပ်ပါ ။
အစားကို နည်းနည်းချင်းစား
တစ်ကြိမ်ထဲမှာတင် အစားကိုများစွာ စားတတ်တဲ့ အကျင့်ကို ရှောင်ပြီး နည်းနည်းချင်းမကြာခဏ စားပေးပါ ။ အစာချေ စနစ်ကို ပိုမို ကျန်းမာ စေပါလိမ့်မယ် ။
ဆယ်ကြိမ် အသက်ပြင်းပြင်းရှုသွင်းရှုထုတ် လုပ်ပါ
တစ်နေ့လျှင် ဆယ်ကြိမ်ခန့် အသက်ကို ပြင်းစွာ ရှုသွင်းရှုထုတ် ပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်ကအဆိပ်အတောက် တွေကို ပိုမို ကင်းစင်စေပြီး ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိမှုမှာ၂၀ ရာခိုင်နှုန်း ပိုလာစေတယ်လို့ ဆိုပါတယ် ။
ဇွန်းခက်ရင်းကို ချထား
ထမင်းစားတဲ့ အခါမှာ အစားတစ်လုပ်နဲ့ တစ်လုပ်ကြား ဇွန်းခက်ရင်းကို ချချထားပြီး အစာကိုကြေညက်အောင် ဝါးစားနေစေခြင်းဟာ အစာချေဖျက် စနစ်ကို အားကောင်းစေပြီး အစာများများ စားချင်စိတ်ကို တွန်းလှန်ပေးပါတယ် ။
စာရင်းပြုစုပါ
စိတ်ဖိစီးမှု ကင်းဝေစေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုချင်ပါတယ် ။ သင့်မှာ လုပ်စရာ အလုပ်တွေများနေရင် စာရင်းပြုစုထားပြီးမှ ပြုလုပ်ပါ ။ ဒီနည်းဟာ ဦးနှောက်ကို တင်းအားလို ဖြစ်ပြီးဖိစီးမူှဖြစ်စေမဲ့ အရာအားလုံးကို ရှင်းထုတ် လိုက်သလို ဖြစ်သွားပါတယ်။ ခေါင်းကိုက်တာ စိတ်ကျတာ သွေးတိုးတာတွေကို သက်သာစေပါတယ် ။
ခြေဖဝါးကိုနှိပ်ပါ
သွေးလှည့်ပတ်မှု မကောင်းခြင်းဟာ လိုအပ်သလောက် အိပ်ချိန်ကို မရရှိနိုင်ပဲ အိပ်ရေးမဝအိပ်ရေးပျက်ခြင်းကို ဖြစ်စေ ပါတယ် ။ ခန္ဓာကို ညောင်းညာခြင်း စိတ်ရောကိုယ်ပါ နွမ်းနယ်ခြင်းကိုလည်း ဖြစ်စေပါတယ် ။ ဒါ့ကြောင့် မအိပ်ခင်မှာ သင့်ရဲ့ခြေဖဝါးတွေနဲ့ လက်ဖဝါးတို့ကို နှိပ်နယ်ပေးပြီးသွေးလည်ပတ်မှု အားကို ကောင်းမွန်အောင် ပြုလုပ်သင့်ပါတယ် ။
တစ်နေ့ ပန်းသီးတစ်လုံး စားပါ
ပန်းသီးတစ်လုံးကို မဖြစ်မနေ စားသုံးပေးပါ သြဂဲနစ် သီးဆို ပိုကောင်းမွန် သော်လည်း မရနိုင်ပါက ဆားရည်နဲ့ သေချာ ဆေးကျောပြီး စားသုံးပါ ။
သစ်သီးခြောက်
သစ်သီးခြောက်တွေမှာ သံဓာတ်ပါဝင် နေတာကြောင့် မောပန်းမူှစိတ်တို အလိုမကျမူှနဲ့ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ် ။
အစိမ်ရောင် ဟင်းသီးဟင်းရွက်
သခွားသီး ရှောက်ရွက် တရုပ်နံနံ သရက်သီးစိမ်း စတဲ့ အစိမ်း သက်သက်စားနိုင်တဲ့ ဟင်းသီးဟင်းရွက်တို့ကို စားပေးပါ ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတာကြောင့် သင့်ကျန်းမာရေးကို အထူး အကျိုးပြု ပါတယ် ။
ခံစားချက် အပေါ်မှာ
တစ်နေ့လျှင် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရင်း မိမိရဲ့စိတ်ခံစားချက်ကို အာရုံစိုက် ပေးပါ ။ စိတ်ရောကိုယ်ပါ ပင်ပန်းနေမှုရှိနေပြီလို့သိတာနဲ့ အိပ်စက်အနားယူပေးပါ။ စိတ်ထဲမှာတစ်ခုခုကြောင့်မွန်းကြပ်နေတယ်လို့ခံစားနေရရင် မိမိအတွက် စိတ်ချယုံကြည်ရမည့်သူတစ်ယောက်ယောက်ထံ ရင်ဖွင့် ပြောပြလိုက်ပါ ။
မိမိအတွက် သီးသန့်အချိန်လေး တစ်ခုကို ရရှိစေရန် အချိန်ပေးဖို့ မေ့မထားပါနဲ့ ။
ကဲ ဒါဆိုရင်တော့ သင့်အတွက် လိုအပ်နေတဲ့ စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ရရှိပြီပေါ့……..
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …