က်န္းမာလွပခ်င္သလား””’
- By : Phoe Linn
- Category : Health, Uncategorized

က်န္းမာလွပခ်င္သလား””’
ပ်ိဳေမတို႔ အတြက္ က်န္းမာၿပီး လွပမႈကို ေပးစြမ္းမဲ့ အစားအစာထဲမွာ ပဲပင္ေပါက္လည္း ပါတယ္ဆို တာ သိေစခ်င္ပါတယ္ ။ ပဲပင္ေပါက္ဟာ မီးဖိုေဆာင္ထဲက ရတနာ တစ္ပါးပါ ။ ပဲပင္ေပါက္မွာဗီတာမင္ေတြ သတၳဳဓာတ္ေတြ အေျမာက္အမ်ား ပါဝင္တဲ့ အျပင္ ခႏၶာကိုယ္ကို အက်ိဳးျပဳမဲ့ဓာတ္ေတြလည္း မ်ားစြာ ပါဝင္ပါတယ္။
ေသြးအားနည္းေရာဂါ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႔ အသည္းေရာင္ေရာဂါ တို႔ကို ကာကြယ္ႏိုင္ပါတယ္ ။ ပဲအမ်ိဳးမ်ိဳးဟာ ခႏၶာကိုယ္ အတြက္ လိုအပ္ေနတဲ့ ဓာတ္ေတြကို မ်ားစြာ ေပးႏိုင္တာကိုေတာ့ သိၿပီးျဖစ္ပါ လိမ့္မယ္ ။ ဒါေၾကာင့္ ပဲကေန အေညႇာင့္ ေပါက္သြားတဲ့ အခါ အဲ့သည့္ အက်ိဳးျပဳဓာတ္မ်ားဟာ ပိုမိုျမင့္မားသြားတာပဲျဖစ္ပါတယ္။
အေညႇာင့္ ေပါက္ၿပီးေနာက္ ရရွိလာတဲ့ ပဲပင္ေပါက္မွာ အင္ဇိုင္း ၊ ပ႐ိုတင္းဓာတ္ ၊ ဗီတာမင္ေအ ၊ ဘီ စီ ၊ ဒီ ၊ အီး နဲ႔ ဗီတာမင္ ေက သတၳဳဓာတ္ ၊ အမိုင္ႏိုအက္ဆစ္ ၊ အမွ်င္ဓာတ္ ေဖာလစ္အက္ဆစ္ ၊ပိုတက္စီယမ္ ၊ သံဓာတ္ ၊ ေဖာ့စ္ဖိုရပ္ ၊ ကယ္လ္ဆီယမ္နဲ႔ မဂၢနီဆီယမ္ ၊ စတာေတြ မ်ားစြာ ပါဝင္ပါတယ္။
အက်ိဳးျပဳ ဓာတ္ေတြမ်ားစြာ ပါဝင္တဲ့ပဲပင္ေပါက္ဟာ အျဖစ္အမ်ားဆုံးျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္ေပးပါတယ္။ပဲပင္ေပါက္မွာပါဝင္တဲ့ အမွ်င္ဓာတ္နဲ႔ လက္စီသင္တို႔ဟာေသြးတြင္းမေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့က်ေစႏိုင္ၿပီး ေသြးလည္ပတ္မုွေကာင္းေစကာ ႏွလုံးကို အထူးက်န္းမာေစပါတယ္။
ပဲပင္ေပါက္ဟာအသည္းထိခိုက္မုွကိုကာကြယ္ေပးၿပီး အူလမ္းေၾကာင္းလုွပ္ရွားမုွ ကိုေကာင္းေစပါတယ္။ အသည္းမွာအဆီမဖုံးေအအာင္ကာကြယ္ေပးႏိုင္ၿပီး အူရဲ႕လုပ္ေဆာင္မုွကိုအားေကာင္းေစကာ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးပါတယ္။
မိန္းမသားမ်ားအတြက္ လိုအပ္တဲ့ သံဓာန္ကို ပဲပင္ေပါက္စားျခင္းျဖင့္လုံေလာက္ေစပါတယ္။ေသြး အားနည္းျခင္း ကိုကာကြယ္ပါတယ္ ။ အမ်ိဳးသမီးမ်ား ေသြးဆုံးခ်ိန္မွာ ခံစားရတတ္တဲ့ ရင္တုန္ျခင္းညဘက္ပူေလာင္ၿပီး ေခြၽးထြက္ကာ စိတ္ကဆင့္ကလ်ားျဖစ္ျခင္း စတာေတြကိုကာကြယ္ေပးၿပီးေသြးဆုံးခ်ိန္ေနာက္ပိုင္း အ႐ိုးပါးေရာဂါ ျဖစ္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။
ပ်ိဳေမတို႔အတြက္ အလွအပဆိုင္ရာ ေပးစြမ္းႏိုင္မူုွကေတာ့ ပဲပင္ေပါက္ စားျခင္းဟာ အေရျပားအိုမင္းရင့္ေရာ္မူွကိုတားဆီးေပးႏိုင္သလို ဆံသားမ်ားေျခသည္း လက္သည္းမ်ား က်န္းမာေစဖို႔ကိုလည္းအေထာက္အကူေပးပါတယ္။
အေရျပား တည္ေဆာက္မူွမွာ အေရးပါတဲ့ ေကာ္လာဂ်င္ အီလက္စတင္နဲ႔ ဟိုင္ရာလူ႐ိုးနစ္အက္ဆစ္ တို႔တည္ေဆာက္မုွပိုင္းကို အေထာက္အကူေပးတဲ့ ဖိုတိုအီစထ႐ိုဂ်င္ကိုပဲပင္ ေပါက္မွာမ်ားစြာေတြ႕ရတာမို႔ အိုမင္းရင့္ေရာ္မူွေႏွးေကြးေစပါတယ္။အေရျပားတင္းရင္းမူွကိုျဖစ္ေပၚေစၿပီးအစို ဓာတ္ကိုထိန္းသိမ္းေပးပါတယ္။
ပဲပင္ေပါက္စားသုံးျခင္းေၾကာင့္ စိတ္ဖိစီးမူွမ်ား ေလ်ာ့က်ကာဝက္ၿခံထြက္ျခင္း ေမာပန္းႏြမ္းနယ္ျခင္းမ်ားမျဖစ္ေစႏိုင္ပါ။ ပဲပင္ေပါက္နဲ႔ မိန္မသားတို႔ဘဝအစိပ္အပိုင္းဆက္စပ္ေနတာမို႔ အခုပဲေျပးဝယ္ၿပီးစားသုံးလိုက္ ၾကပါစို႔……
စႏၵီျမင့္မိုရ္။
Unicode
ကျန်းမာလှပချင်သလား””’
ပျိုမေတို့ အတွက် ကျန်းမာပြီး လှပမှုကို ပေးစွမ်းမဲ့ အစားအစာထဲမှာ ပဲပင်ပေါက်လည်း ပါတယ်ဆို တာ သိစေချင်ပါတယ် ။ ပဲပင်ပေါက်ဟာ မီးဖိုဆောင်ထဲက ရတနာ တစ်ပါးပါ ။ ပဲပင်ပေါက်မှာဗီတာမင်တွေ သတ္ထုဓာတ်တွေ အမြောက်အများ ပါဝင်တဲ့ အပြင် ခန္ဓာကိုယ်ကို အကျိုးပြုမဲ့ဓာတ်တွေလည်း များစွာ ပါဝင်ပါတယ်။
သွေးအားနည်းရောဂါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အသည်းရောင်ရောဂါ တို့ကို ကာကွယ်နိုင်ပါတယ် ။ ပဲအမျိုးမျိုးဟာ ခန္ဓာကိုယ် အတွက် လိုအပ်နေတဲ့ ဓာတ်တွေကို များစွာ ပေးနိုင်တာကိုတော့ သိပြီးဖြစ်ပါ လိမ့်မယ် ။ ဒါကြောင့် ပဲကနေ အညှောင့် ပေါက်သွားတဲ့ အခါ အဲ့သည့် အကျိုးပြုဓာတ်များဟာ ပိုမိုမြင့်မားသွားတာပဲဖြစ်ပါတယ်။
အညှောင့် ပေါက်ပြီးနောက် ရရှိလာတဲ့ ပဲပင်ပေါက်မှာ အင်ဇိုင်း ၊ ပရိုတင်းဓာတ် ၊ ဗီတာမင်အေ ၊ ဘီ စီ ၊ ဒီ ၊ အီး နဲ့ ဗီတာမင် ကေ သတ္ထုဓာတ် ၊ အမိုင်နိုအက်ဆစ် ၊ အမျှင်ဓာတ် ဖောလစ်အက်ဆစ် ၊ပိုတက်စီယမ် ၊ သံဓာတ် ၊ ဖော့စ်ဖိုရပ် ၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ၊ စတာတွေ များစွာ ပါဝင်ပါတယ်။
အကျိုးပြု ဓာတ်တွေများစွာ ပါဝင်တဲ့ပဲပင်ပေါက်ဟာ အဖြစ်အများဆုံးဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ပဲပင်ပေါက်မှာပါဝင်တဲ့ အမျှင်ဓာတ်နဲ့ လက်စီသင်တို့ဟာသွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေနိုင်ပြီး သွေးလည်ပတ်မုှကောင်းစေကာ နှလုံးကို အထူးကျန်းမာစေပါတယ်။
ပဲပင်ပေါက်ဟာအသည်းထိခိုက်မုှကိုကာကွယ်ပေးပြီး အူလမ်းကြောင်းလုှပ်ရှားမုှ ကိုကောင်းစေပါတယ်။ အသည်းမှာအဆီမဖုံးအေအာင်ကာကွယ်ပေးနိုင်ပြီး အူရဲ့လုပ်ဆောင်မုှကိုအားကောင်းစေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
မိန်းမသားများအတွက် လိုအပ်တဲ့ သံဓာန်ကို ပဲပင်ပေါက်စားခြင်းဖြင့်လုံလောက်စေပါတယ်။သွေး အားနည်းခြင်း ကိုကာကွယ်ပါတယ် ။ အမျိုးသမီးများ သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ရင်တုန်ခြင်းညဘက်ပူလောင်ပြီး ချွေးထွက်ကာ စိတ်ကဆင့်ကလျားဖြစ်ခြင်း စတာတွေကိုကာကွယ်ပေးပြီးသွေးဆုံးချိန်နောက်ပိုင်း အရိုးပါးရောဂါ ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ပျိုမေတို့အတွက် အလှအပဆိုင်ရာ ပေးစွမ်းနိုင်မူုှကတော့ ပဲပင်ပေါက် စားခြင်းဟာ အရေပြားအိုမင်းရင့်ရော်မူှကိုတားဆီးပေးနိုင်သလို ဆံသားများခြေသည်း လက်သည်းများ ကျန်းမာစေဖို့ကိုလည်းအထောက်အကူပေးပါတယ်။
အရေပြား တည်ဆောက်မူှမှာ အရေးပါတဲ့ ကော်လာဂျင် အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်ဆစ် တို့တည်ဆောက်မုှပိုင်းကို အထောက်အကူပေးတဲ့ ဖိုတိုအီစထရိုဂျင်ကိုပဲပင် ပေါက်မှာများစွာတွေ့ရတာမို့ အိုမင်းရင့်ရော်မူှနှေးကွေးစေပါတယ်။အရေပြားတင်းရင်းမူှကိုဖြစ်ပေါ်စေပြီးအစို ဓာတ်ကိုထိန်းသိမ်းပေးပါတယ်။
ပဲပင်ပေါက်စားသုံးခြင်းကြောင့် စိတ်ဖိစီးမူှများ လျော့ကျကာဝက်ခြံထွက်ခြင်း မောပန်းနွမ်းနယ်ခြင်းများမဖြစ်စေနိုင်ပါ။ ပဲပင်ပေါက်နဲ့ မိန်မသားတို့ဘဝအစိပ်အပိုင်းဆက်စပ်နေတာမို့ အခုပဲပြေးဝယ်ပြီးစားသုံးလိုက် ကြပါစို့……
စန္ဒီမြင့်မိုရ်။
No Comments