Health
ကြွက်သားတွေဆုံးရှူံးလာတာမို့ ပရိုတင်းဓာတ်ရရှိအောင် အဆီနည်းသည့်အသားများ၊ တူနာငါး၊ ပဲအမျိုးမျိုးတို့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ကွေကာ၊သစ်သီးဝလံ စတာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။
ကောက်နှံ””’
အစေ့အဆန်”””
စန္ဒီမြင့်မိုရ်#
Unicode
ကျန်းမာလန်းရွှင်ပြုံးပျော်စေချင်ရင်”””
လူ့လောကကြီးထဲမှာ လူသားတိုင်းဟာကန်းမာခြင်း၊ ပျော်ရွှင်ခြင်းစတဲ့သုခတွေကို လိုလားကြတာ အမှန်ပါပဲ။အမြဲလိုလို ကျန်းမာပျော်ရွှင်နေဖို့ဆိုတာတကယ်တော့လွယ်ကူတဲ့အရာမဟုတ်သလို ခက်ခဲတဲ့အရာလည်းမဟုတ်ပါ။လူသားအားလုံးကျန်းမာစွာပျော်ရွှင်နေကြဖို့အတွက် ကျန်းမာစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကိုသိရှိဖို့တော့လိုအပ်ပါတယ်။ဒါကလည်းတကယ်တော့မခက်ခဲလှပါ။မိမိတို့ရဲ့ နေ့စဉ် အမူှမှတ်မဲ့စွာ လုပ်နေကြတဲ့ အကျင့်ဟောင်းတွေကိုအနည်းငယ်လေးပြောင်းလဲ ပြုပြင်လိုက်ဖို့ပါပဲ။
ကိုယ်အလေးချိန်ထိန်းပါ””’
မိမိတို့ရဲ့ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားနိုင်တာကြောင့် အဆစ်တွေအပေါ်ကုဖိအားသက်ရောက်မူှနည်းပါးစေပါတယ်။နှလုံးအပေါ်မှာလည်းဖိအားလျော့နည်းစေပါတယ်။ကင်ဆာဖြစ်ပွားနိုင်ချေကိုလည်းသက်သာစေပါတယ်။သင်အသက်အရွယ်ကြီးလာပြီဆိုပါကသင့်ရဲ့ဇီဝရုပ်ဖြစ်ပျက်မူှလျော့ပါးလာပြီး
ကြွက်သားတွေဆုံးရူှံးလာတာမို့ ပရိုတင်းဓာတ်ရရှိအောင် အဆီနည်းသည့်အသားများ၊ တူနာငါး၊ ပဲအမျိုးမျိုးတို့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ကွေကာ၊သစ်သီးဝလံ စတာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။
ကိုယ်အလေးချိန်ပုံမှန်ဖြစ်ဖို့””’
သင့်အနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုရင် ကိုယ်အလေးချိန်တက်ဖို့ဆိုတာအလွန်ပင်ခဲယဉ်းလာပါတယ်။ကိုယ်အလေးချိန် လျော့နည်းခြင်းကြောင့် သင်သည် အအေးမိဖျားနာသည့်အခါ ပျောက်ကင်းရန် ခဲယဉ်းခြင်း ထိခိုက်ဒါဏ်ရာရသည့်အခါ အမြန်ပြန်ကောင်းဖို့ခက်ခဲခြင်းစတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် သင်အသက်အရွယ်ရလာပြီဆိုရင်တစ်နေ့ကို ကျန်းမာရေးနဲ့ညီညွတ်မဲ့ ထမင်း အနပ်ကြီးသုံးနပ်စားသင့်ပါတယ်။တစ်နပ်နဲ့တစ်နပ်အကြားမှာလည်းကျန်းမာရေးကိုအထောက်အကူပြုမဲ့အစာပြေစာကို စားသုံးသင့်ပါတယ်။ကိုလက်စထရောတက်စေမဲ့အစာများကိုတော့ အ တတ် နိုင် ဆုံး ရှောင် ပါ။ မ ဖြစ် မ နေ စား ချင် စိတ် ရှိ ခဲ့ ရင် အ ကန့် အ သတ် ထား ပြီး စား သုံး ပါ။
နို့နှင့်နို့ထွက်အစာ””
ဗီတာမင်ဒီဖြည့်စွက်ထားတဲ့ နွားနို့ကိုသောက်သုံးပါ။ အရိုးများသန်မာဖို့အတွက် ကယ်လ်စီယမ် စုပ်ယူမူှကို နွားနို့ကအားပေးပါတယ်။ ဗီတာမင်ဒီဟာအူမကြီးကင်ဆာ၊ရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေတွေကိုလျော့နည်းစေပါတယ်။ဒိန်ချဉ်ကိုသောက်ခြင်းအားဖြင့် အစာ ချေ ဖျက် မူှ ကို ကောင်း မွန် စေ မှာ ဖြစ် ပါ တယ်။
ကောက်နှံ””’
ကောက်နှံတစ်ခုလုံး ပါဝင်စာဟာ အမျိုးအစား၂ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေပါတယ်။ကောက်နှံတစ်ခုလုံးပါဝင်စာဖြစ်တဲ့ ပေါင်မုန့်ညို၊ဆန်လုံးညို၊ ဘာလီ ၊ ခေါက်ဆွဲ စတာတွေကိုရွေးချယ်စားသုံးပေးပါ။ကောက်နှံတစ်ခုလုံးပါဝင်စာတွေဟာအဆင်သင့်ပြုလုပ်ထုတ်ပိုးထားတဲ့အစားအစာတွေထက် အာဟာရတန်ဘိုးများစွာပါဝင်တာကြောင့်ဖြစ်ပါတယ်။ အမျှင်ဓာတ်ရရှိစေနိုင်တာမို့ ဝမ်း ချုပ် ခြင်း ကို လည်း ကာ ကွယ် ပါ တယ်။
ဂရိလူမျိုးများကဲ့သို့စား”’
မြေထဲပင်လယ်ဒေသမှာ နေထိုင်ကြသူတွေရဲ့ စားသောက်မူှပုံစံကတော့ကျန်းမာရေးအတွက်အထောက်အကူရစေတဲ့ပုံစံပါပဲ။သံလွင်ဆီ ၊ ငါး၊ ဟင်းသီးဟင်းရွက်ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ကွေကာဝိုင်နီ စတာတွေကို သူတို့ရဲ့စားသုံးတဲ့အနပ်တိုင်းမှာထည့်သွင်းစားလေ့ရှိကြပါတယ်။မြေထဲပင်လယ်ဒေသ အစားအစာတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီးဦးနှောက်မှတ်ဉာဏ်ချို့ယွင်းနိုင်ချေကိုနည်းပါးစေပါတယ်။ကင် ဆာ ဖြစ် ပွား နိုင် ချေ ကို လည်း လျော့ နည်း စေ ပါ တယ်။
အစေ့အဆန်”””
သင့်အနေနဲ့နေ့စဉ်စားသုံးမူှဇယားမှာအစေ့အဆန်စားသုံးမူှကိုထည့်သွင်းထားသင့်ပါတယ်။အစေ့အဆန်တွေမှာ ကိုလက်စထရောမပါဝင်ပဲ ပရိုတင်းနဲ့ အာဟာရဓာတ်မျိုးစုံကိုရရှိစေနိုင်ပါတယ်။ ဗာဒံစေ့မှာဆိုရင် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်အီး ပါဝင်ပြီး ဆဲလ်တွေပျက်စီးမူှကို ကာကွယ်ပေးနိုင်ပြီးခန္ဓာကိုယ်ခုခံအားစနစ်ကို ပိုမိုကောင်းမွန်တိုးတက်စေပါတယ်။သစ်ချသီးမှာတော့ မပြည့်ဝဆီ ပါဝင်တာမို့ သွေးတွင်းမကောင်းတဲ့အဆီတွကိုလျော့ချပေးပြီးကောင်းတဲ့အဆီကိုမြင့်တက်စေပါတယ်။ အစေ့အဆန်များတာ့ အဆီလုံးဝမကင်းရှင်းပါ။သို့သော်ဗာဒံစေ့၂၄ စေ့ကနေ ၁၆၀ ကယ် လို ရီ ကို ဖြင့် ရ ရှိ နိုင် ပါ တယ်။
လူတိုင်းကျန်းမာဖို့အတွက် မထင်မှတ်တဲ့ လိုက်နာမူှတွေကနေလွယ်လင့်တကူရရှိနိုင်တယ်ဆိုတာ သင့်ကိုသိစေချင်လို့ပြန်လည်မျှဝေလိုက်တာပါ။ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ….
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …